.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Saturday, December 3, 2011

အရိုးပွခြင်းကိုကာကွယ်ရန် အစား ၁၀ မျိုး

၁။ ပန်းဂေါ်ဖီအစိမ်း (Broccoli) ပန်းဂေါ်ဖီ

အစိမ်သည် မဂ္ဂနီဆီယမ်၊ ကယ်လ်စီယမ်၊ ဗီတာမင်-ကေနှင့် ဗီတာ မင်-ဘီတိြုွ့ကယ်ဝသော ဟင်းရွက်ဖြစ် သည်။ ထို့အပြင် ဗီတာမင်စီပါဝင်မှုလည်း မြင့်မားတာကြောင့် အရိုးအတွင်း ကယ်လ်စီယမ်စုတ်ယူနိုင်မှုကိုတိုးမြှင့်ပေး သည်။

၂။ ဆလပ်ရွက် ဆလပ်ရွက်သည် အရည်ပါဝင်မှု မြင့်မားသောကြောင့် အခြားအဟာရပါဝင် မှုနည်းပါးသည်ဟု အသိများသော်လည်း ၄င်းတွင် အရိုးသန်မာစေသော ကယ်လ် စီယမ်နှင့် မီတာမင်-ကေတို့အပြင် အခြား ဒြပ်ပေါင်းများလည်း ပါဝင်သည်။

၃။ ပဲတောင့်ရှည် ၄င်းသည် ဗီတာမင်-ကေ အလွန်ြွကယ်ဝသော အစာဖြစ်သည်။ အရိုးတွင်း ကယ်လ်စီယမ်သိပ်သည်းမှုကို မြင့်မားစေ ၍ အရိုးကို သန်မာစေသည်။ ဗီတာမင်- ဘီအုပ်စုပါဝင်သောကြောင့် အရိုးပွခြင်း ကို ဟန့်တားနိုင်သည်။

၎။ ဂေါ်ဖီထုတ် ဂေါ်ဖီထုတ်သည်လည်း အရိုးကျန်း မာရေးအတွက် လိုအပ်သော ဗီတာမင် ကေ၊ ဖိုးလစ်အက်ဆစ် (Folic Acid)နှင့် ဗီတာမင် -ဘီတို့ြွကယ်ဝသည်။ ထို့ အပြင် ကယ်လ်စီယမ်နှင့် ဗီတာမင်စီ ပမာဏလည်း များစွာပါဝင်သည်။

၅။ ဟင်းနုနွယ် ဗီတာမင် ကေနှင်Folic Acid များစွာပါဝင်သော ဟင်းနုနွယ်သည် အရိုး ကျန်းမာရေးအတွက် စိတ်ပူသူများ၏ ထမင်းဝိုင်းတွင် မပါမဖြစ်ပါဝင်သင့်သော ဟင်းတစ်ခွက်ဖြစ်သည်။

၆။ လက်ဖက်ခြောက် လက်ဖက်ခြောက်တွင် အရိုးကိုသန် မာစေမည်သတ္တုဓာတ်များစွာပါဝင်သည်။ သို့သော် သကြားခတ်၍ သုံးဆောင်ပါက ကောင်းကျီုးထက် ဆိုးကျိုးပိုများနိုင် ကြောင်းသတိချပ်သင့်သည်။

၇။ ကညွတ် ကညွတ်သည် အဟာရလွန်စွာ မျှ တသော ဟင်းရွက်တစ်မျိုးဖြစ်သည်။ ၄င်း တွင် ဗီတာမင်နှင့်သတ္တုဓာတ်များစွာပါဝင် သောကြောင့် အရိုးများကို ကြံ့ခိုင်သန်မာ စေသည်။

၈။ တရုတ်နံနံ ၄င်းတွင် ပါဝင်သော ဗီတာမင် ကေ (ဝမ်း) သည် အရိုးကို ဖျော့မည် Osteoclasts ခေါ် ကိုယ်တွင်းဆဲလ်တစ်မျိုးကို ဟန့်တားနိုင်သည်။ ထို့အပြင် အရိုးတွင်း ကယ်လ်စီယမ်ပမာဏစုပ်ယူမှုအားကောင်း အောင်လည်း ကူညီပေးသည်။

၉။ သံပယိုသီး သံပယိုသီးသည် ချဉ်သော်ငြားလည်း ခန္ဓာကိုယ်အတွက် များစွာအထောက် အကူပြုနိုင်သော အစားအစာဖြစ်သည်။ အရိုးနှင့်သွားများကို သန်မာစေရုံသာမက ကိုယ်ခံအားကိုလည်း တိုးမြှင့်ပေးသည်။

၁၀။ နှံစားသီးနှံများ ၄င်းတို့သည်လည်း အရိုးကျန်းမာ ရေးအတွက် လိုအပ်သော သတ္တုဒြပ်များ စွာပါဝင်သောကြောင့် နေ့စဉ်သုံးဆောင် သင့်သည်။

သို့မဟုတ် ခံပြီး ရေးလိုက်ပါ

နယ်ဆေးရုံ တစ်ခုမှာ တာဝန်ကျတဲ့ အထူးကု ဆရာဝန် နှစ်ယောက်က မတဲ့ကြဘူးတဲ့။ တစ်ယောက်ကို ပြထား ရင် နောက်တစ်ယောက်က မကြည့် ပေးဘူးတဲ့။ ဆရာဝန်နှစ်ယောက်လုံး ရှိရင်တော့ ကိစ္စမရှိဘူး။ ဆရာဝန် တစ်ယောက်တည်းရှိတဲ့အခါမျိုးမှာ လူနာတွေက ဒုက္ခ ရောက်ကြ ရသတဲ့။စိုးရိမ်တတ်တဲ့ လူနာတစ်ဦးက ဆရာဝန်နှစ်ယောက် စလုံးမှာပြပြီးမှ ဆေးရုံလာတက်တယ်။ တာဝန်ကျ ဆရာဝန်က စိတ်ရှုပ်သွားပြီး ဘယ်လို ရေးရမှန်းမသိတော့ဘူးလို့ ပြောရာ လူနာက သို့မဟုတ်ခံပြီးရေးလိုက်ပါ တဲ့။

ယနေ့ကစ ဟင်းနုနွယ်ရွက်မစားရ

ပျော်ပျော်နေသော ဇနီးမောင်နှံအဖြစ် ကား-

“ဟင်းနုနွယ်ရွက် အစိမ်းရောင်ကို တစ်ပတ် ခြောက်ကြိမ်စားရင် အမြင်အာရုံ ကြည်တယ်တဲ့ရှင့်”

“ဟုတ်လား၊ ငါသိလို့ စားနေတာ သုံးလေးလရှိပြီ၊ ရုံးကဆိုင်မှာဝယ်စားတာ”

“ဒါဆို မျက်စိအခြေအနေက”

“ကြည်လင်ပြတ်သားနေတာပဲ”

“ဒါနဲ့များ ရှင်က အရင်ကတည်းက ဘာလို့မစားတာလဲ”

“အစကတည်းက သိလို့စားရင် မင်း ကိုတောင် ရွေးမိမှာမဟုတ်ဘူး”

“ဟိုက်”

လက်စွမ်းလေးရယ် ပြောင်မှ ပြောင်

သင်္ကြန်ကျခါနီး၌ ဒေါက်တာရမ်းကု နှစ်ဦး ပြောနေသည်ကား-

“ခင်ဗျား ဒီသင်္ကြန်ဆေးကုတာ နား မလား”

“အေးဗျာ နားနားနေနေ ကိုယ့်ဆီ လာကုဖူးတဲ့လူနာတွေ အိမ်လည်ပတ် မလားလို့ လူနာဆိုတာ ကျွန်တော်တို့ရဲ့ ကျေးဇူးရှင်တွေလေ”

“ကျွန်တော်လည်း ခင်ဗျားလိုပဲ လည်ချင်တယ် . . . ဒါပေမယ့် . . .”

“ဒါပေမယ့် ဘာဖြစ်လဲ”

“ကျွန်တော် ကုတဲ့ လူနာမှန်သမျှ ဆုံးသွားကြလို့”

“ဟိုက်”

ဘာတစ်ခုမှကြောက်ပါပြီလဲ

သွားဆေးခန်းသို့ လူငယ်တစ်ဦး အပြေး အလွှား ရောက်လာပြီး ခုံပေါ်ဝင်ထိုင် ရာ ဆရာဝန်က-
“ဟေ့ . . . လူသွား အရမ်းကိုက်နေလို့ မခံနိုင်တော့လို့လား”
“ဟုတ်ဖူး၊ နာနေတဲ့သွားကို နှုတ် ပေးမိုလိ့ ကျွန်တော်ယောက္ခမဆရာဝန် ကြီး လိုက်လို့ပြေးလာတာ”
“ဒါဆို . . . အိမ်မှာနှုတ်လည်း အဆင် ပြေသားပဲ”
“ဟုတ်ဖူးဆရာ . . . ကျွန်တော် မူး လာရင် သူ့ကို ရမ်းနေကျမို့ပါ”
“ဟိုက်”

စာကြည့်ရန် မဟုတ်ပါ

မျက်စိ စမ်းသပ်ခန်း တွင် ဆရာဝန် က-
“ကဲ . . .ဘယ်လို လဲ . .. . မှုန်ဝါးနေ တာတွေ ရှင်းသွား ပြီမို့လား”
“ဟုတ်တယ် ဆရာရေ၊ အစက် အပြောက်လေးကအစ မြင်ရပြီ”
“အစက်အပြောက်က အစကြည့်ရ တော့ ခင်ဗျားက ပန်းထိမ်ဆရာလား”
“ဟုတ်ဖူးဆရာ။ မနက်ပိုင်း လက် ဖက်ရည်ဆိုင်ထိုင်ချိန်မှာ ကြည့်ချင်တာ ရှင်းရှင်းလင်းလင်း မြင်ရပြီ ပြောတာပါ”
“ဟိုက်”

ကျန်းမာရေးအတွက်အပြေးလေ့ကျင့်

ကျန်းမာရေးအတွက်အပြေးလေ့ကျင့်

ကျန်းမာရေး အတွက် အပြေး လေ့ကျင့် နိုင်ရင် အကျိုး ကျေးဇူး အများကြီးရှိပါ တယ်။ အောက်ဖော် ပြပါအချက်များက သင်အပြေး လေ့ကျင့် မယ်ဆိုရင် လွယ်ကူ အောင် အထောက် အကူပြုပါလိမ့်မယ်။

Tip: 1
ဆရာဝန်ထံသွား၍တိုင်ပင်ပါ။

သင့်အပြေးလေ့ကျင့်ခန်းကိုမစမီ သင့်မိသားစုဆရာဝန်ထံသွားပြီး အရင် တိုင်ပင်ပါ။ အပြေးလေ့ကျင့်ခန်းမစမီ သင့်ကျန်းမာရေးဟာ အထူးကောင်းမွန်နေ ဖို့အရေးကြီးပါတယ်။ တကယ်လို့သင်ဟာ
(၁) ကိုယ်အလေးချိန်လိုသည်ထက် ပိုနေခြင်း
(၂) နှလုံးနှင့်ပတ်သက်သောပြဿ နာများရှိနေခြင်း
(၃) အသက်ရှူခြင်းဆိုရာပြဿနာ များရှိနေခြင်း
(၄) သင်ဟာအသက်(၄၀)နှင့်အ ထက်ဖြစ်ခြင်း သင့်ဆရာဝန်ကသင်နှင့်ကိုက်ညီမယ့် အပြေးပုံစံကို မှတ်ချက်ပေးပါလိမ့်မယ်။ တကယ်လို့သင့်ရဲ့အသက်က သင်အပြေး လေ့ကျင့်ဖို့အတွက် အတားအဆီးတစ်ခု ဖြစ်နေမယ်လို့ယူဆခဲ့ရင် အဲ့ဒါဟာမှား တာပါပဲ။ စပြီးအပြေးလေ့ကျင့်ဖို့ ဘယ်သူ မှနောက်မကျသေးပါဘူး။ နောက်ပြီးအ သက်(၃၅)နှစ်နဲ့အထက်ကျမှ အများအား ဖြင့် အပြေးလေ့ကျ့င့်တတ်ကြလို့ပါပဲ။

Tip: 2
ဖြေးဖြေးနှင့်မှန်မှန်သာပြေးရန်

ပြေးရာ၌တအားမြန်ရန်မလိုအပ်ပါ။ စပြီးပြေးမယ်ဆိုရင် ခပ်သာသာလေးစပြီး ပြေးရန်။ သိပ်မြန်မြန်ကြီးပြေးနေရင် မိမိ ခန္ဓာကိုယ်ကို သိပ်ပင်ပန်းစေပါတယ်။ စစ ချင်းသိပ်အမြန်ကြီးပြေးရင် ထိခိုက်ဒဏ် ရာရတတ်ပါတယ်။ စပြေးပြေးချင်းဖြေး ဖြေးသာပြေးရာက အဆုံးမှာ အရှိန်ကို မြင့်တက်သွားပြီးဖြစ်မှာပါ။ ဖြေးဖြေးမှန် မှန်စပြေးခဲ့ရင် နောက်ပိုင်းတဖြည်းဖြည်း သက်လုံကောင်းလာပြီး ကြာကြာလည်း ပြေးနိုင်လာပါမယ်။

Tip: 3
သင့်ခန္ဓာကိုယ်ရဲ့အသံကိုနားထောင်ပါ

ပြေးပြီးရင်ြွကက်သားတွေနာတတ် ပါတယ်။ ဒါကလည်းဖြစ်ရိုးဖြစ်စဉ်ပါ။ နောက်ကျအလိုလိုကောင်းသွားမှာပါ။ အ ပြေးလေ့ကျင့်ခန်းပြုလုပ်နေစဉ်အတော အတွင်း ခေါင်းထဲကငြီးစီစီဖြစ်သလား။ ရင်ဘတ်၊ ကျော၊ ခြေထောက်တွေမှာ နာကျင်မှုခံစားရသလား။ ဒီလိုခံစားရရင် အပြေးကိုချက်ချင်းရပ်၊ အနားယူရင်ယူ (ဒါမှမဟုတ်) လမ်းသာသာလေးလျှောက် နေလိုက်ပါ။ ကိုယ်နဲနဲနေသာထိုင်သာရှိတဲ့ အထိပေါ့လေ။ အဲဒီလိုဆက်ပြီးခံစားနေရ မယ်၊ ဘာမှမသေချာဘူးဆိုရင် ဆရာဝန် နှင့်တိုင်ပင်ကြည့်ပါ။ သင်ဟာသင့်ခန္ဓာ ကိုယ်ရဲ့နည်းပြပါပဲဆိုတာ မမေ့ပါနဲ့။ လေ့ ကျင့်ခန်းကိုဆက်လုပ်၊ ဒါမှမဟုတ် ရပ် ပစ်ဖို့ဆိုတာကို သူ(ခန္ဓာကိုယ်ကပဲ)ပြော မှာပါ။

Tip: 4
သွေးပူလုပ်၊

လေ့ကျင့်ခန်းလုပ်ပြီးရင် ကိုယ်အေးသွားအောင်လုပ် သွေးပူလေ့ကျင့်ခန်းစလုပ်တာက မကြာခင်မှာ ခန္ဓာကိုယ်ကိုအလုပ်ပေး တော့မယ်ဆိုတဲ့ သဘောပဲ။ သွေးပူလေ့ ကျင့်ခန်းလုပ်တာက မိမိရဲ့နှလုံးနဲ့ခြေသလုံးြွကက်သားတွေကိုမှန်ကန်စွာ ချိန်တွင်ညှိ တဲ့သဘောပါပဲ။ စပြီးလမ်းလျှောက်၊ နောက်သာသာလေးအပြေးစ၊ ပြီးရင်ကိုယ် လက်ဆန့်တန်းမှုပြုပါ။ ကိုယ်လက်ဆန့် တန်းမှုပြုပြီးရင် နဲနဲလေးသွေးအေးသွား အောင်ပြုလုပ်ပါ။ အဲဒီ့လုပ်တဲ့နည်းက လေ့ကျင့်ခန်းရဲ့အဆုံးပိုင်း နောက်ဆုံးမိနစ်ေ တွေမှာ ဖြေးဖြေးလေးအရှိန်လျှော့ပြေး၊ ဒါမှမဟုတ် လမ်းလျှောက်နေဖို့ပါပဲ။ ပြီး ရင်ြွကက်သားဆန့်တန်းမှုပြုလုပ်ပါ။ ဒီ လိုလုပ်ခြင်းဖြင့်ြွကက်သားနာတာတွေ နဂိုအတိုင်းပြန်ဖြစ်၍ ကောင်းမွန်လာပါ လိမ့်မယ်။

Tip: 5
မှန်မှန်ပြေးရန်

သင့်ရဲ့တိုးတက်ဖို့အတွက် လေ့ကျင့် ခန်းကိုမှန်မှန်ပြုလုပ်ဖို့လိုပါတယ်။ တစ် ပတ်ကို (၃)ကြိမ်၊ (၄)ကြိမ် မိနစ်(၃၀) ခန့် မှန်မှန်အပြေးလေ့ကျင့်ပါ။ တစ်ပတ် ကို (၂)နာရီလောက်ကြာအောင် လေ့ကျင့် ခန်းဆင်းတာထက်ပိုကောင်းတာတွေ့ရပါ တယ်။ အချိန်မှန်မှန်ပြုလုပ်ဖို့ခက်ရင် လည်း နေ့တိုင်းပြုလုပ်နေကျအချိန်မှာ လေ့ကျင့်ပါ။ ဇွဲနဲ့ကျင့်ရင်အလေ့အကျင့် ဖြစ်လာပါလိမ့်မယ်။ စလေ့ကျင့်တဲ့အချိန် မှာ ဖြေြးေ့ဖးနဲ့မှန်မှန်လေ့ကျင့်ဖို့က အရေး ကြီးပါတယ်။

စွဲလမ်းမှုပြဿနာ (Dependence)

စွဲလမ်းမှုပြဿနာ (Dependence)

စွဲလမ်းမှု (Dependence) တွင် ကောင်းသော စွဲလမ်းမှု၊ မကောင်း သော စွဲလမ်းမှုရှိသည်။ ဘာသာ တရားကို စွဲလမ်း စွာ လိုက်စား ခြင်းသည် ကောင်းသော စွဲလမ်းမှုဖြစ်သည်။ အရက်၊ ဆေးလိပ်၊ ကွမ်း၊ လောင်းကစား၊ မူးယစ်ဆေးဝါး စသည်တို့ဖြင့် စွဲလမ်းခြင်းသည် မကောင်း သော စွဲလမ်းမှုဟုဆိုရပေမည်။ သို့သော် လူ့သဘာဝသည် မကောင်းမှုဘက်သို့ ကောက်ကောက်ပါအောင် လိုက်သွား တတ်ကြသည်။ မကောင်းသော စွဲလမ်းမှု ကြောင့် မကောင်းသောဘဝအခြေအနေ သို့ ရောက်သွားကြသည်။ စွဲလမ်းခြင်းမှာ စိတ်ကြောင့်သာဖြစ်သည်။ ထို့ကြောင့် စွဲလမ်းမှုကို ကုသရန် စိတ်ရောဂါကု ဆေးရုံ၊ ဆေးခန်းများပေါ်ပေါက်လာခဲ့ရ သည်။

ဆေးဝါးကိုလည်း စွဲလမ်းသူများရှိ သည်။ အချို့ဆေးဝါးများ၊ ဥပမာ- Diazepam စသော အိပ်ဆေးများသည် တာရှည်သုံးစွဲသောအခါ မသောက်ရလျှင် အိပ်မပျော်သော စွဲလမ်းမှုဖြစ်လာတော့ သည်။ ထို့ကြောင့် စွဲလမ်းမှုကိုပြုပြင်ကုသ ရန်နည်းလမ်းများ ရှာဖွေကုသကြသည်။ မနက်မိုးလင်းသည်နှင့် ခေါင်းကိုက်သည်၊ ဇက်လေးသည်။ ခန္ဓာကိုယ်ကိုက်ခဲသည်ဟု ယူဆ၍၊ စိတ်မှစွဲလမ်းနေသဖြင့် သောက် နေကျ ဆေးတစ်ပြားသောက်လိုက်ရမှ နေသာထိုင်သာရှိသွားသည်ဟု ထင်နေ တတ်ပြီး ဆေးကို စွဲမြဲစွာ သောက်ကြ သည်။ မည်သည့်ဆေးဝါးမဆို Side efect ဆိုသော ဆိုးကျိုးအန္တရာယ်အနည်း အများနှင့် မလွတ်ကင်းပေ။ သို့သော် ငါ၊ ဒီနေ့ဆေးမသောက်ရသေးဟူသောစိတ်ဖြင့် ဆေးမသောက်ရလျှင် နေမကောင်းသလို ခံစားနေရတတ်သည်။

ဆေးကို စွဲမြဲစွာသောက်နေလျှင် အန္တရာယ်ရှိနိုင်သောကြောင့် ဆေးဝါးကုသ သူမှလည်းကောင်း၊ မိသားစုဝင်များမှ လည်းကောင်း ရောဂါမရှိဘဲ ဆေးကိုစွဲလမ်း စွာ သောက်နေသူအတွက် တားဆီးသတိ ပေး၍ မရသောအခါ အခြားနည်းလမ်းများ ရှာဖွေ၍ ကုသပေးကြသည်။ ထိုအခါ Placebo ခေါ်သော သောက်နေကျ ဆေးဝါးနှင့် အလားတူပုံသဏ္ဍာန်တူ ဆေးဝါးများ ပေါ်ပေါက်လာသည်။ Placebo ဆေးများသည် အခြားဆေးတစ်ခုနှင့် အလားတူပုံသÌာန်၊ အရသာတူအောင် ဖန်တီးထားသော်လည်း မည်သည့် အဆိပ် အတောက်မျှမပါရှိ၊ လူကို အကျိုးယုတ် စေသော ပစ္စည်းများ ထည့်သွင်းဖော်စပ် ထားခြင်းမရှိသော ဆေးအတုဖြစ်သည်။ နေ့စဉ်ဆေးဝါးစွဲလမ်းစွာသောက်သူအား ဆေးသောက်ချင်လာသည့်အခါ Placebo ဆေးကိုတိုက်သည်။ ဆေးသောက်သူက ငါတော့ ဒီနေ့သောက်နေကျ ဆေးသောက် ရပြီ၊ နေကောင်းသွားပြီဟု ယူဆ၍ သက် သောင့်သက်သာဖြစ်သွားစေသည်။

Placebo ဆေးဝါးများသည် သုံးစွဲသူ ကို အန္တရာယ်မရှိစေသော သုံးစွဲသူ၏ဆေး သောက်လိုစိတ်ကို လှည့်စားထားသော တုပဆေးဝါးများသာဖြစ်သည်။ မည်သည့် အာနိသင်မှ မရှိပေ။ Placebo= (A harm less substances given as medicine) ဖြစ်သည်။ မည်သည့်ဆေးဝါးစွဲလမ်းမှုမဆို ငွေ ကုန်ကျများစွာဖြင့် ကုသရခြင်းကြောင့် မလိုလားအပ်သောကိစ္စများကို လုပ်ဆောင် နေကြရသည်။ သို့ဖြစ်၍ စွဲလမးမှုများကို ဆေးဝါးမသုံးစွဲရဘဲ ပျောက်ကင်းအောင် အခြားနည်းလမ်းများဖြင့် ကျင့်ကြံနေထိုင် သွားသင့်ပါကြောင်း အကြံပေးရေးသား လိုက်ရပေသည်။

နေ့စဉ် မိနစ် (၃၀)ခန့် လမ်းလျှောက် ကင်ဆာဖြစ်ပွားနှုန်း လျော့ချနိုင်

နေ့စဉ် မိနစ် (၃၀)ခန့် လမ်းလျှောက်  ကင်ဆာဖြစ်ပွားနှုန်း လျော့ချနိုင်

ကင်ဆာ ရောဂါ ဖြစ်နိုင်ချေ ရှိသူများ နေ့စဉ်မိနစ် (၃၀)ခန့် လမ်းလျှောက် ပေးခြင်း ဖြင့် ကင်ဆာ ဖြစ်ပွားနှုန်း ကို(၃၀)ရာခိုင် နှုန်း အထိ လျော့ချ ပေးနိုင်ကြောင်း သုတေ သီများကပြောကြသည်။ လှုပ်ရှားမှုနည်းခြင်း၊ ကိုယ်လက် လှုပ်ရှားမှုမရှိခြင်းသည် ကင်ဆာရောဂါ တိုးပွားမှုအတွက် အထောက်အကူဖြစ် စေသဖြင့် နေ့စဉ်ကိုယ် လက်လှုပ် ရှားမှု တစ်ခု(သို့)နာရီဝက်ခန့်လမ်းလျှောက်ပေး ရန် သုတေသီများကအကြံပြုကြသည်။ ရင်သားနှင့်အူမကြီးကင်ဆာဖြစ်ပွား သူများအား လေ့လာရာတွင် ၄င်းတို့သည် ကိုယ်လက်လှုပ်ရှားမှုလုပ်လေ့လုပ်ထမရှိ သူများ ဖြစ်နေကြကြောင်းသိရသည်။ ထို့ ကြောင့်ထိုင်ပြီးအလုပ်လုပ်ရသူများသည် အနည်းဆုံး(၁)နာရီလျှင် (၂)မိနစ်ခန့် လှုပ်ရှားမှုပြုလုပ်သင့်ကြောင်း၊ ရုံးလုပ်ငန်း လုပ်သူအများစုသည် ထိုင်၍လုပ်သူများ ဖြစ်သဖြင့် နေ့စဉ်နာရီဝက်ခန့် လေ့ကျင့် ခန်းလုပ်သင့်ကြောင်းသိရသည်။

အစာမျိုပြွန်ကင်ဆာ အမျိုးသားများတွင် အဖြစ်များ

အစာမျိုပြွန်ကင်ဆာ အမျိုးသားများတွင် အဖြစ်များ

အစာ မျို ပြွန် ကင်ဆာသည် အမျိုး သားများ တွင် အဖြစ် များပြီး အသက် ၆၀ ကျော်တွင် ပို၍ အဖြစ် များကြောင်း သိရ သည်။ အစာ မျိုပြွန် ကင်ဆာသည် အစား အစာ၊ မျိုးရိုးဗီဇ၊ ဗီတာမင်နှင့် မရှိမဖြစ် လိုအပ်သော သတ္တုဓာတ်များ ချို့တဲ့ခြင်း ကြောင့် ဖြစ်ပွားကြောင်း သိရသည်။ နာတာရှည် အစာမျိုပြွန်ရောင်ရမ်းနာဖြစ် ပွားရာမှ အစာမျိုပြွန်ရှိ ဆဲလ်များ ကြီးထွားဖောက်ပြန်ကာ ကင်ဆာအဖြစ်သို့ ပြောင်းလဲနိုင်ကြောင်း အထူးကုဆရာဝန် ကြီးတစ်ဦးက ပြောသည်။ ယင်းကင်ဆာ၏ ရော၈ါလက္ခဏာ များမှာ အစာမျိုခက်ခြင်း (Dysphagia) ဖြစ်ပြီး အစပိုင်းတွင် အစာမာ၊ အဖတ်တို့ ကို မျိုမရဖြစ်ကာ နောက်ပိုင်းအချိန်ကြာ လာသည်နှင့်အမျှ အရည်ပင် မျိုချမရ တော့ကြောင်း သိရသည်။ ရောဂါရင့်လာပါ က နာကျင်ကာ ကိုယ်အလေးချိန်လျော့ ကျပြီး အားအင်ချိနဲ့သွားတတ်သည်ဟုဆို သည်။ အစာမျိုပြွန်ကင်ဆာမဖြစ်စေရန် မှိုစွဲ နေသော စားသောက်ကုန်များ၊ နိုက်ထရို စမင်းပါသော စားသောက်ကုန်များ၊ အရက်၊ ဆေးလိပ်၊ ဆေးရွက်ကြီး စသည် တို့ကို ရှောင်ကြဉ်ရန် လိုအပ်ပေသည်။ အသက် ၄၀ ကျော်လျှင် အစာမျိုပြွန် ကင်ဆာဖြစ်ပွားနိုင်သဖြင့် အစာမျိုခက် ခြင်း ဖြစ်ပေါ်ပါက ကင်ဆာရော၈ါကြောင့် ဟုတ်မဟုတ် စစ်ဆေးရန်လိုအပ်ကြောင်း ဆရာဝန်ကြီးများက အကြံပြုပြောကြားခဲ့ သည်။

လေ့ကျင့်ခန်းလုပ်ခြင်းက ဆယ်ကျော်သက် ဆေးလိပ်သောက်မှုကိုလျော့ချ

လေ့ကျင့်ခန်းလုပ်ခြင်းက ဆယ်ကျော်သက် ဆေးလိပ်သောက်မှုကိုလျော့ချ

Media ကောင်းမွန်တိုးတက်သော ဤ ခေတ်ကြီး ထဲတွင် အတုမြင်အတတ် သင်တတ်သော ဆယ်ကျော် သက်များအ တွက် ကောင်းကျိုးရော ဆိုးကျိုးရော ရ ရှိနိုင်နေလေသည်။ ဆိုးကျိုးပါ ရရှိနိုင်နေ လေသည်။ ဆိုးကျိုးများထဲမှတစ်ခုမှာ ဆယ်ကျော် သက် လူငယ် လူရွယ် များ ဆေး လိပ်သောက်တတ်လာခြင်းပင်ဖြစ်သည်။ အပေါင်းအသင်းဆွယ်၍ဖြစ်စေ၊ စတိုင်ကျ ချင်၍ဖြစ်စေ၊ စမ်းသောက်ရာမှစွဲသွားသည် ဖြစ်စေ၊ စိတ်ညစ်၍ အဖော် ပြုသည်ဖြစ်စေ ကျန်းမာရေးအတွက်ဆိုးကျိုးများလှသော ကြောင့် ဤ ဆေးလိပ် သောက်ခြင်းကိုမည် သို့ဖြတ်လျှင် အကောင်းဆုံးဖြစ်မည်နည်း။

ဗာဂျီးနီးယားတက္ကသိုလ်၏ နောက် ဆုံးစမ်းသပ်ချက်အရ ဆေးလိပ်ဖြတ်ရန် အားထုတ် နေသောလူငယ်များ(အထူးသ ဖြင့် ယောကျာ်းကလေးများ) သည် လေ့ ကျင့် ခန်းပြု လုပ်ပါက ဆေးလိပ်ဖြတ်နိုင် ရန် ပိုလွယ်ကူကြောင်း တွေ့ရှိရသည်။ ဆေးလိပ် သောက်သော ဆယ်ကျော် သက် အယောက်(၁၂၀) ကို (၃)ဖွဲ့ခွဲ၍ တစ်ဖွဲ့ကို ဆေးလိပ်ဖြတ်သည့် သင်တန်း ပုံမှန်နေစေသည်။

ဒုတိယအဖွဲ့ကိုတရား ထိုင်ခြင်း၊ ယောဂကျင့်ခြင်းနှင့် စိတ်ဖိစီး မှုကိုထိန်းချုပ်ရန်ပါ တွဲဖက် လေ့ကျင့်ပေး သည်။ တတိယအဖွဲ့ကိုမူ သင်တန်းနှင့် ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းပါ တွဲဖက်ပြုလုပ်စေသည်။ (၃)လအကြာတွင် ပထမအဖွဲ့၏ (၅)ရာခိုင်နှုန်းခန့်၊ ဒုတိယ အဖွဲ့၏ (၁၁)ရာခိုင်နှုန်းနှင့် တတိယအဖွဲ့ ၏ (၂၄)ရာခိုင်နှုန်း ဆေးလိပ်ပြတ်ကြောင်း တွေ့ရှိရသည်။ ပညာရှင်တစ်ဦးကမူဆေးလိပ်သောက် ခြင်းသည် ကိုယ်လက်လှုပ်ရှားမှုနည်းခြင်း နှင့် ဆက်စပ်နေ၍ အားကစားပြုလုပ်ခြင်း သည် စိတ်ဖိစီးမှုလျော့ကျစေရုံမျှမက သွက်လက်တက်ြွက၍ သွေးလေလည် ပတ်မှုကောင်းမွန်စေသောကြောင့် ဆေး လိပ်သောက်ချင်စိတ်ကို လျော့ချပေးနိုင် ခြင်းဖြစ်မည်ဟု ယူဆကြောင်းဖော်ပြ ထားသည်။

ထို့ပြင်ဆေးလိပ်သောက်သူ ယောကျာ်းကလေးများ အားကစားလုပ် လျှင် ဆေးလိပ်သောက်သောမိန်းကလေး များထက် ဆေးလိပ်ပြတ်နိုင်ချေ နှစ်ဆ မျှ ပိုများကြောင်းတွေ့ရှိရသည်။ အကြောင်း ရင်းမှာ ဆယ်ကျော်သက်ကာလတွင် ယောကျာ်းကလေးများသည် မိန်းကလေး များထက် အားကစားပိုစိတ်ဝင်စားရုံမက ခန္ဓာကိုယ်ဖွဲ့စည်းမှုအရလည်း ပို၍သန်စွမ်း တက်ြွကသောကြောင့်ဖြစ်သည်။ ယခုနောက်ပိုင်းတွင် ဆယ်ကျော် သက်များစိတ်လေလွင့်မှု၊ စိတ်ဖိစီးမှုနှင့် ကျန်းမာစေရန်သာမက ဆေးလိပ်မစွဲရန်၊ စွဲနေကဆေးလိပ်ပြတ်ရန် စာသင်ကျောင်း များတွင် ကိုယ်လက်လှုပ်ရှားအားကစား ပြုမှုကို ဘာသာရပ်တစ်ခုအနေနှင့်ပင် ပြ ဋ္ဌာန်းသင့်ကြောင်း အဆိုပြုထားကြလေ သည်။


တီဘီ ရောဂါ ကုသ ရေးတွင် စေတနာ့ ဝန်ထမ်း စောင့်ရှောက်သူများ အရေးပါ

မြန်မာ နိုင်ငံ ဆရာဝန် အသင်းတီဘီ ရောဂါ စီမံချက်နှင့် အမျိုးသား တီဘီရောဂါ တိုက်ဖျက် ရေး စီမံကိန်းတို့ ပူးပေါင်း ပြုလုပ် သော တီဘီ ရောဂါ တိုက်ဖျက် ရေးအတွက် စေတနာ့ ဝန်ထမ်း

ကျန်းမာရေးစောင့်ရှောက် သူများအား အသိပေးဆွေးနွေးပွဲနှင့် သင်တန်းကို ၁၇-၁၁-၂၀၁၁ နှင့် ၁၈-၁၁-၂၀၁၁ နေ့က မြောက်ဥက္ကလာပ မြို့နယ် ကျန်းမာရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းစိုး တက် ရောက် အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီစီမံချက်မန်နေ၈ျာ ဒေါက်တာသက် နိုင်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းဒေသကြီးတီဘီရောဂါ ဆရာဝန်ကြီး ဒေါက်တာတင်မိမိခိုင်၊ မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာဥမ္မာစိန်နှင့် ခရိုင်တီဘီ ရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစောနွဲ့နွဲ့မြင့်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာသင်းသင်း နှင့် ဒေါက်တာချိုချိုအောင်တို့က သိ ကောင်းစရာများကို ဆက်လက်ပြောကြား ဆွေးနွေးကြပါသည်။ အဆိုပါအသိပေးဆွေးနွေးပွဲနှင့် သင် တန်းတို့မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စေတနာ့ဝန်းထမ်းနှင့်လူမှုရေးအဖွဲ့အစည်း များမှ စိတ်ပါဝင်စားသူ စုစုပေါင်း ၃၀ခန့် တက်ရောက်ခဲ့ပါသည်။

သင်တန်းကို ၂ရက်ပြုလုပ်မှာဖြစ်ပြီး သင်တန်းတွင်တီဘီရောဂါအခြေအနေ၊ တီဘီရောဂါအကြောင်းနှင့်ရောဂါရှာဖွေကုသ မှုများအကြောင်း၊ ဆေးတိုက်ကျွေးသူများ နှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့် ရှောက်မှုပေးသူများ၏ အခန်းကဏ္ဍတီဘီ ရောဂါသည်များ၏ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း စသည့် ခေါင်းစဉ်များဖြင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းနှင့် မြန်မာနိုင်ငံတီဘီရောဂါတိုက် ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများက ပို့ချသွားပါသည်။ မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် တီဘီရောဂါနှင့် ပတ်သက်ကုသမှုခံယူလို ပါက တီဘီရောဂါတိုက်ဖျက်ရေးဌာန ဥဇ္ဖနာမှတ်တိုင်၊ ဋရပ်ကွက်၊ မြောက် ဥက္ကလာပမြို့နယ်တွင် ကုသမှုခံယူနိုင် သည့်ပြင် ပုဂ္ဂလိကဆေးခန်းများအနေနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း သို့မဟုတ် PSI တို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိ သော ဆေးခန်းများတွင်ကုသမှုခံယူနိုင် ကြောင်းသိရှိရသည်။ ထိုကဲ့သို့ တီဘီရောဂါကိုကုသမှု ပေးရာတွင် စေတနာ့ဝန်ထမ်းများက တီဘီရောဂါ သံသယရှိသူများအား ကျန်းမာရေးဌာန သို့မဟုတ် ပုဂ္ဂလိက ဆေးခန်းများသို့ စနစ်တကျညွှန်းပို့ခြင်း၊ ရောဂါရှာဖွေရာတွင်ကူညီမှုပေးခြင်း၊ ဆေး မှန်မှန်သောက်နိုင်အောင် ကူညီပံပိုးပေး ခြင်း၊ ဆေးသောက်ပျက်ကွက်ပါကလည်း သက်ဆိုင်ရာဆရာဝန်များနှင့် ချိတ်ဆက်၍ ဆေးပုံမှန်သောက်လာအောင် ညှိနှိုင်း ပံပိုး ဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးနိုင်သည် ဖြစ်ရာ၏ တီဘီရောဂါတိုက်ဖျက်ရေးတွင် အရေးပါကြောင်းသိရှိရပါသည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာများကို အချိန်ပြည့် အခမဲ့ ခွဲစိတ်ကုသပေးနေ


ခွဲစိတ်ကုသမှုခံယူမည့် ကလေးငယ်များကို နေပြည်တော်ရှိ ဥတ္တရသီရိဆေးရုံကြီးတွင် တွေ့ရစဉ်။
ဓာတ်ပုံ-စုလှိုင်ထွန်း

မြန်မာနိုင်ငံရုပ်သစ်၊ လူသစ် ဘ၀သစ် လူမှုထူထောင်ရေးအဖွဲ့မှ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲလူနာများကို ရန်ကုန်မြို့ရှိ ပင်လုံဆေးရုံကြီး၊ နေပြည်တော်ရှိ ဥတ္တရ သီရိဆေးရုံကြီးတို့တွင် အချိန်ပြည့် အခမဲ့ ခွဲစိတ်ကုသပေးနေကြောင်း အဆိုပါ ဆေးရုံကြီးက သိရသည်။

၂၀၀၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် အဆိုပါလူမှု ထူထောင် ရေးအဖွဲ့သည် ယနေ့အချိန်အထိ ၂၉၃ ဦး အခမဲ့ ခွဲစိတ်ကုသခဲ့ပြီး ဖြစ်သည်။

နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသလိုသူများနှင့် လှူဒါန်းလိုသူများ သည် ပင်လုံဆေးရုံကြီး ဖုန်း-၀၉-၇၃၀ ၃၈၁၅၆ နှင့် ၀၉-၅၀ ၁၄၅၄၇ တို့သို့ တိုက်ရိုက်ဆက်သွယ်နိုင်သည်ဟု သိရသည်။

"နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာလေးတွေအတွက် ဘယ်အချိန်လာလာ အခမဲ့ ကုသပေးမှာပါ။ လက်ရှိလည်း အိန္ဒိယ ခွဲစိတ်ဆရာဝန်ကြီးတွေနဲ့ပါ ကုသပေးနေတာပါ။ ကျန်တဲ့အချိန်တွေမှာလည်း ဆက်သွယ်ရင် ကုပေးနေပါတယ်။ သူတို့ လေးတွေ လူရာဝင်ပြီး လူတန်းစေ့နေနိုင် ဖို့အတွက် အချိန်ပြည့်ကုပေးသွားမှာပါ" ဟု မြန်မာနိုင်ငံ ရုပ်သစ်၊ လူသစ် ဘ၀သစ် လူမှုထူထောင်ရေးအဖွဲ့ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကိုကိုမောင်က နေပြည်တော် ဥတ္တရသီရိဆေးရုံကြီးတွင် ပြောသည်။

"ငယ်ရွယ်စဉ်မှာ ခွဲစိတ်ပေးလိုက်တာက ပိုကောင်းတာပေါ့။ အမာရွတ်လည်း နည်းမယ်၊ အနာလည်းမြန်မြန်ကျက်နိုင်ပါတယ်။ ကလေး လေးအရွယ်ကတည်းကနေ လူတန်းစေ့ နေနိုင်သွားမှာပါ"ဟု အဆိုပါဆေးရုံမှ အထက်တန်းသူနာပြု ဆရာမကြီးတစ်ဦးက ပြောသည်။

"ဒီလိုကုပေးနေတယ် ကြားတော့ အရမ်းဝမ်းသာသွားတယ်။ ကိုယ့်သား သမီးလေး မျက်နှာမငယ်ရတော့ဘူးပေါ့။ ရင်ထဲမှာလည်း အတိုင်းမသိဝမ်းသာမိပါတယ်။ ကုသပေးတဲ့ဆရာကြီးတွေကိုလည်း အရမ်းကျေးဇူးတင်ပါတယ်"ဟု မင်းဘူးမြို့မှ လာရောက် ကုသသည့် ခြောက်နှစ်အရွယ် ကလေးမိခင်တစ်ဦး ကပြောသည်။

နိုဝင်ဘာ ၁၈ ရက်နှင့် ၁၉ ရက်တွင် နေပြည်တော် ဥတ္တရသီရိဆေးရုံကြီး၌ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ လူနာ ၂၄ ဦးကို အခမဲ့ကုသ ပေးခဲ့သည်။

၎င်းလူနာများတွင် အသက် ခြောက်လမှ ၁၀ နှစ်အတွင်း ကလေးငယ်များမှာ အများဆုံးဖြစ်ပြီး အရွယ်ရောက်လူနာသုံးဦးတို့ကို အောင် မြင်စွာ ကုသပေးခဲ့သည်။

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၁ ဒီဇင်ဘာလ ၂ ရက်မှ ၈ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


၃ ရက်နေ့နှင့် ၈ ရက်တို့သည် အိမ်ခြံမြေကိစ္စများ၊ လုပ်ငန်းကိစ္စများ၊ မော်တော်ကားကိစ္စများနှင့်ပတ်သက်၍ ဦးစားပေးဆောင်ရွက် အောင်မြင်နိုင်သည်။ ယာယီပေါ်ပင်အရောင်းအ၀ယ်ကိစ္စများ အမြတ်အရှုံး ရောထွေးအကျိုးပေးမည်။ နှစ်ရှည်အစုစပ်လုပ်ငန်းများ စတင်လုပ်ဆောင်သင့်ချိန်ဖြစ်သည်။ နိုင်ငံရပ်ခြားကုန်သွယ်မှု ဆက်လက်အကျိုးပေးနေသည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေဖယောင်းတိုင်များ ပူဇော်ပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


ယှဉ်ပြိုင်ဆောင်ရွက်ရသည့် အရောင်းအ၀ယ်ကိစ္စများ ကံအကျိုးပေးကောင်းနေမည်။ အရောင်းထိုင်းပစ္စည်းများလည်း ဈေးကောင်း ရတတ်ချိန်ဖြစ်သည်။ ဆေးခန်း၊ ဆေးရုံ၊ ဆေးဆိုင်နှင့် ငွေချေးငှားလုပ်ငန်းများ ရလဒ်ကောင်းနေမည်။ ၃ ရက်၊ ၅ ရက်၊ ၆ ရက်တို့တွင် မျှော်လင့်စောင့်ဆိုင်းနေသော လုပ်ငန်းကောင်းများ ကမ်းလှမ်းခံရတတ်သည်။ ညီအစ်ကိုသားချင်းများထံမှ အကူအညီရရှိလိမ့်မည်။
ယတြာ - အင်္ဂါထောင့်၌ ရွှေသင်္ကန်းကပ်လှူပေးပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


ကံကောင်းသော ရက်များ ဖြစ်သည်။ ဟောပြောပို့ချညှိနှိုင်းဆွေးနွေးမှုများ အဆင်ပြေလိမ့်မည်။ ရလဒ်ကောင်းမွန်မည့် စာချုပ်သစ်များ ချုပ်ဆိုရတတ်သည်။ ခရီးသွားရာမှ အစုစပ်လုပ်ငန်းဆိုင်ရာ အခြေအနေကောင်းများ ပေါ်ပေါက် နိုင်သည်။ အတိတ်ဘ၀ ကုသိုလ်ကံ အထူးပွင့်လန်းလာပြီး မမျှော်လင့်လောက်အောင် ကောင်းမွန်သည့် ဘ၀အလှည့်အပြောင်းများ ကြုံတွေ့ရလိမ့်မည်။
ယတြာ - အုန်းဆွမ်းကပ်လှူလောင်းလှူပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၅ ရက်၊ ၆ ရက်၊ ၈ ရက်နေ့ များ၌ ငွေကြေးဆိုင်ရာ ကိစ္စများ၊ လုပ်ငန်းအကြံအစည်များ အောင်မြင်မှု ရရှိလိမ့်မည်။ ဩဇာအာဏာ၊ တန်ခိုးသိဒ္ဓိတိုးတက်ထက်မြက်ပြီး လိုအင်ဆန္ဒပြည့်ဝလိမ့်မည်။ ဆေးဝါးထုတ်လုပ်မှု၊ ရွှေ၊ သစ်တောထွက်ပစ္စည်းများ၊ လုပ်ငန်း စီမံအုပ်ချုပ်မှု၊ စာချုပ်စာတမ်းချုပ်ဆိုမှုတို့၌ အထူး အောင်မြင်မှုများ ရရှိလိမ့်မည်။ ရာထူးရာခံတိုးမြှင့်ခံရရန် အခြေအနေကောင်း များ ပေါ်ပေါက် နေမည်။
ယတြာ - ဆေးဝါးဓာတ်စာဒါနပြုပေးပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


၃ ရက်နှင့် ၈ ရက်တို့ ကံအသင့်သင့် ပွင့်လန်းနေမည်။ ၅ ရက်၊ ၆ ရက်တို့တွင်မူ ရုတ်တရက် ကံအကျိုးပေး ထက်သန်နိုင်၏။ အထူးသဖြင့် လက်လွတ်ဆုံးရှုံးထားသော ငွေကြေးများ ပြန်ဝင်လိမ့်မည်။ လုပ်ငန်းလက်ကျန်ငွေများ အလျှင် အမြန်ရရှိလာနိုင်၏။ ယတြာ - ကြာသပတေးထောင့်၌ အုန်းနို့ခေါက်ဆွဲကပ်လှူပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


လုပ်ငန်းအကျိုးအမြတ် ကောင်းစွာပေါ်ထွက်နိုင်၏။ အမွေအနှစ်၊ မြေယာ၊ ပစ္စည်းဟောင်းများ၊ လက်ဝတ်ရတနာ အဟောင်းများ နှင့်ပတ်သက်၍ အကျိုးဖြစ်ထွန်းလိမ့်မည်။ တည်တံ့သော ငွေကြေးများ ၀င်လာ နိုင်၏။ ၀င်ငွေရုတ်တရက် ကောင်းမွန်တတ်သလို ထွက်ငွေလည်း များပြားလိမ့်မည်။ အထူးသဖြင့် ကား၊ စက်ပစ္စည်းများ၊ မီးစက်များ၊ စက်ရုံများနှင့်ပတ်သက်၍ ငွေကုန်ကြေးကျ များရတတ် သည့်အတွက် ၎င်းလုပ်ငန်းများ မစတင်သင့်သေး။ ကျန်းမာရေး ဂရုစိုက်သင့်၏။
ယတြာ - တန်းဆွမ်းလောင်းလှူပေးပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


လုပ်ငန်းအကြံ အစည်များ ထမြောက်အောင်မြင်မည်။ ပြောဆိုထားသည့် ငွေကြေးကိစ္စ၊ ဘဏ်ကိစ္စများ အောင်မြင်မှုရမည်။ ဂုဏ် သိက္ခာနှင့် အဆင့်အတန်းတိုးတက်မည်။ ဆေးဝါးထုတ်လုပ်မှု၊ ပရိဘောဂ ထုတ်လုပ်မှုနှင့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ အကျိုးပေးမည်။ အိမ်ခြံ မြေရောင်းဝယ် ငှားတိုးတက်အဆင်ပြေတော့မည်။ အိမ်ထောင်ဖက်ကြောင့်လည်း မိသားစု စည်းစိမ် ချမ်းသာ တိုးနိုင်ချိန်ဖြစ်သည်။
ယတြာ - ဆန်၊ ဆီ၊ ဆား လောင်းလှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


ကုသိုလ်ကံ အတန် အသင့်ပွင့်လန်းနေမည်။ ၈ ရက်နေ့တွင် အရေးပါသည့် လုပ်ငန်းကိစ္စများ ဦးစားပေး ဆောင်ရွက် အောင်မြင် နိုင်၏။ မိဘဆရာတို့၏ ဂုဏ်ကျေးဇူးကြောင့် ဘ၀အခြေအနေ မြင့်မားတိုးတက်လာ မည်။ တန်ဖိုးရှိ ရတနာပစ္စည်းများ၊ ဇိမ်ခံ ပစ္စည်းများ၊ အ၀တ်အထည်ကောင်းများ လက်ဆောင် ရတတ်ချိန်ဖြစ်သည်။ ပိုမိုကောင်းမွန်သည့် နေရာဌာနသို့ ပြောင်းရွှေ့ ရတတ်၏။
ယတြာ - စနေထောင့်၌ အောင်သပြေနှင့် နှင်းဆီနီများ ကပ်လှူပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


၃ ရက်နေ့သည် ကံတရားပိုမိုပွင့်လန်းနေပြီး လေးနက်စွာ တွေးခေါ်စဉ်းစားလုပ်ဆောင်ရသည့် လုပ်ငန်း သဘာဝမျိုး၌ ပိုမို အောင်မြင်မှုရမည်။ ၈ ရက်နေ့၌ ရင်းနှီးမြှုပ်နှံမှု မပြုသင့်သလို စက်ပစ္စည်း ၀ယ်ယူခြင်းများလည်း မလုပ်ဆောင်သင့်။ အစုစပ် လုပ်ငန်းများ အဆင်မပြေမှုနှင့် အခက်အခဲတွေ့ရတတ်မှုတို့ လျင်မြန်စွာ ပေါ်ပေါက်တတ်သည့် အချိန်ဖြစ်သည်။
ယတြာ - တန်ခိုးကြီးဘုရား မွေးနံထောင့်၌ ရွှေသင်္ကန်းကပ်လှူပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


၅ ရက်၊ ၆ ရက်တို့ ကံကောင်းနေပြီး အစုစပ်လုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုအောင်မြင်မှုရမည်။ နေရေးထိုင်ရေး အဆင်ပြေ သော်လည်း ငွေကုန်ကြေးကျမူ များနေဦးမည်။ ယာယီလုပ်ငန်းများ ၌ လောဘတကြီး ရင်းနှီးမြှုပ်နှံမှု မပြုလုပ်သင့်။ အဓိက လုပ်ငန်းများ၌ နေရာဌာန အပြောင်း အရွှေ့ ကြုံနိုင်သည်။ ခရီးယာယီများရတတ်သည်။
ယတြာ - အင်္ဂါထောင့်၌ အောင်သပြေနှင့် နှင်းဆီနီများ ကပ်လှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


လုပ်ငန်းအဆက် အသွယ်ကောင်းများ ပေါ်ပေါက်လာမည်။ စပ်တူလုပ်ငန်းဆောင်ရွက်ရန် ရုတ်တရက် အခွင့်အလမ်းကောင်းများ ပေါ်ပေါက်နိုင်၏။ ၃ ရက်၊ ၈ ရက်တို့ ကံပွင့်လန်းနေပြီး အပြိုင်အဆိုင် လုပ်ငန်းဆောင်ရွက်မှုများ၌ အသာစီးရရှိလိမ့်မည်။ လုပ်ငန်း စီမံခန့်ခွဲမှု အထူးအောင်မြင်မှုရမည်။ ဩဇာတိက္ကမ ပိုမိုကြီးမားလာမည်။ ရုတ်တရက် ရာထူးတိုးနိုင်၏။
ယတြာ-မိခင်ဖြစ်သူအား မျက်နှာသစ်ဆပ်ပြာ၊ မျက်နှာသုတ်ပ၀ါတို့ဖြင့် ကန်တော့ပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


၅ ရက်၊ ၆ ရက်တို့၌ ယာယီပေါ်ပင် အလုပ်များ အကျိုးပေးကောင်းနေမည်။ ၀င်ငွေအမြတ်အစွန်း လတ်တလော တိုးပွားနိုင်၏။ ၃ ရက်နေ့တွင်မူ ငွေပေးငွေယူကိစ္စများ ဆောင်ရွက်ရာ၌ အထူးဂရုစိုက်သတိရှိသင့်၏။ နစ်နာ ဆုံးရှုံးထားသည့် ကျောက်မျက်ရတနာ၊ ဓာတ်သတ္တု၊ ရေနံရှာဖွေတူးဖော်ခြင်းနှင့် လေကြောင်း ပို့ဆောင်ရေးအလုပ်များ ပြန်လည်ဦးမော့လာတော့မည်။ အစုစပ် လုပ်ငန်း များမူ အခက်အခဲကြားမှ ထိုးထွက်အောင်မြင်မှုရနိုင်၏။ အိမ်ထောင်ဖက်၏ ကျန်းမာရေး ညံ့ဖျင်းတတ်သည်။
ယတြာ - ရောင်စုံနှင်းဆီပန်းများ ကပ်လှူပါ။
Related Posts Plugin for WordPress, Blogger...