.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Saturday, November 5, 2011

တစ်ပတ်စာ သင်၏ကံဇာတာ

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


မျှော်လင့်ထားသည့် ဆောက်လုပ်ရေးလုပ်ငန်းများမှ အကျိုးကျေးဇူးပေါ်ထွက်လာမည်။ ယာယီလုပ်ငန်းများအားလုံး အကျိုးမရှိ နိုင်သေး။ ထီ၊ တင်ဒါ၊ လေလံနှင့် ငွေကံစမ်းသည့် အလုပ်များ အောင်မြင်မှု ကျဆင်းနေမည်။ အကြံ အစည်သစ်များမူ အကောင် အထည်ဖော်ဆောင်ရွက်နိုင်တော့မည်။ ရာထူးဂုဏ်သိန် တိုးတက်ရန် အခွင့်အလမ်းများ ပေါ်ပေါက်တော့မည်။ ၄ ရက်၊ ၆ ရက် တို့သည် ငွေကြေးကိစ္စ အဆင်ပြေမှု ရရှိမည်။
ယတြာ - တနင်္လာထောင့် ကြာပန်း (သို့) နွားနို့ကပ်လှူပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


ကံကောင်းသော နေ့ရက်များ ဖြစ်သည်။ ၀င်ငွေပိုကောင်းမည့် လုပ်ငန်းများ ဆက်သွယ်လာမည်။ ယိုင်နဲ့သွားသော ဆောက်လုပ် ရေးလုပ်ငန်းများအတွက် အခြေအနေကောင်းများ စတင်ပေါ်ပေါက်လာတော့ မည်။ ရပ်ဝေးသတင်းကောင်းကြားရမည်။ လုပ်ငန်းဝင်ခွင့် စာမေးပွဲများ (သို့) လုပ်ငန်းခွင် သင်တန်းများ အောင်မြင်တက်ရောက်ရတတ်သည်။
ယတြာ - တနင်္လာနေ့ မွန်းလွဲပိုင်း၌ ကြွေပန်းအိုးနှင့် ရေမွှေးနှင်းဆီများ ကပ်လှူပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


ကံကောင်းသည့် နေ့ရက်များ ဖြစ် သည်။ နိုင်ငံရပ်ခြားလုပ် စက်ပစ္စည်းများ၊ နိုင်ငံခြားဆေးဝါးများ အပြိုင်အဆိုင် ကုန်သွယ်မှု အကျိုးရှိလိမ့်မည်။ ဘဏ်ကိစ္စ၊ ငွေကြေးကိစ္စ ညှိနှိုင်းဆွေးနွေးမှု အဆင်ပြေမည်။ အကျိုးရှိမည့် အလုပ်များနှင့်ပတ်သက်၍ သဘောတူညီမှု စာချုပ်စာတမ်းများ ချုပ်ဆိုရတတ်သည်။ လိုအင်ဆန္ဒများ ပြည့်ဝလာတော့မည်။ ပေါ်ပင်အရောင်းအ၀ယ်ကိစ္စများ အကျိုးမရှိဖြစ်နေ တတ်သည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်လှူရန် အလှူငွေထည့်ပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၎ ရက်နှင့် ၈ ရက်တို့ သည် လုပ်ငန်းအကြံအစည်များ အောင်မြင်နိုင်သည့် ရက်များဖြစ်သည်။ အထူးသဖြင့် ငွေကြေးကိစ္စ၊ အစုစပ်လုပ်ငန်း၊ ရေလမ်းကုန်သွယ်မှု၊ ဆေးရုံလုပ်ငန်းများနှင့် ပတ်သက်၍ အကျိုးရှိနိုင်၏။ ရာထူးရာခံ တိုးမြှင့်ခံရတတ်သည်။ အလုပ်အကိုင်ကောင်းများ တိုးချဲ့နိုင်မည်။ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်နှင့် ပြောရေးဆိုခွင့်များ ပိုမိုရရှိလိမ့်မည်။ ဘဏ်နှင့် ငွေကုန်သည် အလုပ်များမူ မရေ မရာဖြစ်နေမည်။
ယတြာ - ဆပ်ပြာအကောင်းစားများနှင့် မျက်နှာသုတ်ပ၀ါများ လှူပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


၎ ရက်နှင့် ၈ ရက်တို့၌ နစ်နာ ဆုံးရှုံးထားသည့် ငွေကြေးများ ပြန်လည်ရရှိနိုင်၏။ ရပ်ဆိုင်းထားသည့် အလုပ်များလည်း ဆက်လက်လည်ပတ်နိုင်လိမ့်မည်။ မိဘဆရာသမား၊ အကြီးအကဲတို့၏ မစမှုကြောင့် အလုပ် အကိုင်အထူး ပွင့်လန်းတိုးတက် တော့မည်။ မိမိ၏ ၀ါသနာအရင်းခံသော အလုပ်များမူ မစတင် သင့်သေး။ မိဘညီအစ်ကိုမောင်နှမတို့၏ အားပေးကူညီမှု၊ သဘောတူညီမှု ရရှိလိမ့်မည် မဟုတ်ပေ။
ယတြာ - ပဒေသာပင်၌ ရွှေထီးလှူပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


ကံတရားကောင်းမွန် သည့် ရက်များဖြစ်သည်။ ရွှေ၊ သစ် စသည်နှင့် ပတ်သက်သော ပစ္စည်းများှေူးသက်သာ စွာနှင့် ၀င်နိုင်သည်။ လိုအပ်နေသော ငွေကြေးအထောက်အပံ့များ ရလာနိုင်သည်။ အစုစပ် လုပ်ငန်းများမူ နှောင့်နှေးမှုများ ကြုံနေရတတ်သည်။ ဥပဒေရေးရာကိစ္စများ၌ တတ်ကျွမ်း နားလည်သည့် ပညာရှင်များနှင့်သာ တိုင်ပင်ဆောင်ရွက်သင့်၏။ ရေလမ်းခရီး ဤတစ်ပတ် အတွင်း မသွားသင့်။
ယတြာ - စတီးအိုးခွက်ပန်းကန်များ လှူဒါန်းပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


အရောင်းအ၀ယ် ကိစ္စများ၌ စိတ်တိုင်းကျမဖြစ်နိုင်သေးသော်လည်း အခွင့်အလမ်းကောင်းများ တိုးပွားလာမည်။ နည်းလမ်း အသွယ်သွယ်ဖြင့် ဆွေးနွေးညှိနှိုင်းခြင်းဖြင့် ငွေကြေးကိစ္စများ အဆင်ပြေ လိမ့်မည်။ လတ်တလော အိမ်ခြံမြေကိစ္စများ၌ ရင်းနှီး မြှုပ်နှံမှု အကြီးအကျယ် မပြုလုပ် သင့်သေး။ အစုစပ်လုပ်ငန်းများ၊ ဆေးဝါးလုပ်ငန်းများ၊ စက်ရုံလုပ်ငန်းများကြောင့် စီးပွား ဥစ္စာ တိုးတက်လာနိုင်ချိန်ဖြစ်သည်။
ယတြာ - လျှပ်စစ်မီးလုံး၊ မီးချောင်း၊ မီးစက် တစ်မျိုးမျိုး လှူပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


၎ ရက်နေ့ သည် ကုသိုလ်ကောင်းမှု ပြုလုပ်သူ မိဘဆရာသမားတို့၏ ကျေးဇူးကို စောင့်သိသူတို့အဖို့ ကံအကျိုးပေးအထူးကောင်း နိုင်သည့် ရက်များဖြစ်သည်။ အထူးသဖြင့် ငွေကြေးကိစ္စများ ပို၍ အဆင်ပြေလာနိုင်သည်။ ရန်နှင့် အခက်အခဲများ ပပျောက်အောင် ဆောင်ရွက်နိုင်မည်။ ၀င်ငွေ ဆက်လက်တည်တံ့နေမည်။ ပညာရေးကြိုးစားသလောက် အရာရောက် တိုးတက်နေမည်။
ယတြာ - သင်္ကန်းလှူပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


လက်လွန်နေသော ငွေများ ပြန်လည်တောင်းခံရရှိနိုင်သည့် အချိန်ဖြစ်သည်။ မိမိ၏ တတ်ကျွမ်း နားလည်မှုကြောင့် လုပ်ငန်း၌ ယာယီဝင်ငွေ တိုးအောင် ဆောင်ရွက်နိုင်မည်။ သိုလှောင် ရောင်းဝယ်သည့် လုပ်ငန်းများ အကျိုးရှိနိုင်သည်။ မခံချင်စိတ်ကြောင့် ကြိုးစားအားထုတ်မှုများ အရာရောက်နေမည်။ အသိဉာဏ်ပညာ ထက်မြက်ပွင့်လန်းပြီး လုပ်ငန်းအကြံအစည်များ ထူးခြားစွာ အောင်မြင်နိုင်၏။
ယတြာ - ပရိက္ခရာ ရှစ်ပါး လှူဒါန်းပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


၎ ရက်နှင့် ၈ ရက်နေ့တို့ စပ်တူလုပ်ငန်းများ စတင်လုပ်ဆောင်ပါက အကျိုးပေးနိုင်၏။ ဆက်ဆံရေး ကောင်းမွန်မှုကြောင့် လုပ်ငန်းများ ဆောင်ရွက်ရာ၌ ပိုမိုသွက်လက်အောင်မြင်လာမည်။ ၆ ရက်နေ့တွင်မူ စာချုပ်စာတမ်းများ ချုပ်ဆိုခြင်း၊ လက်လွတ် ငွေချေးငှားခြင်းများ မပြုသင့်ပေ။ ရပ်ဝေးသတင်းကောင်းများ ကြားရမည်။ တပည့်တပန်းကောင်းများကြောင့် ကျေနအပ်ပျော်ရွှင် ရလိမ့်မည်။
ယတြာ - ဆန်နှင့် ဆီ လှူဒါန်းပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


လုပ်ငန်းလက်ကျန် ငွေများ ပြန်လည်ရရှိလိမ့်မည်။ အဓိကလုပ်ငန်းများ၌ ပူးပေါင်းဆောင်ရွက်လိုသူများ ပေါ်ပေါက်လာမည်။ ငွေကြေးအကျပ်အတည်းအခက်အခဲများရှိပါက နည်းလမ်းရှာဖွေဖြေရှင်းနိုင် လိမ့်မည်။ လုပ်ငန်းခွင်၌ ပြဿနာနှင့် အခက်အခဲ များကို နိုင်နင်းစွာ ကိုင်တွယ်ဖြေရှင်းနိုင်မည်။ ထို့ကြောင့် လုပ်ငန်းအောင်မြင်မှု ရာခိုင်နှုန်း တိုးတက်မည်။ ၆ ရက်နှင့် ၈ ရက်တို့ ကံမကောင်း တတ်၍ နေထိုင်စားသောက်ပြောဆိုမှုများ ဆင်ခြင်သင့်၏။ ညီအစ်ကိုများထံမှ အကူအညီ ကောင်းများရမည်။
ယတြာ - ငွေပဒေသာပင်အတွက် လှူဒါန်းပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


လုပ်ငန်းတိုးချဲ့နိုင်မည်။ ရာထူးရာခံရရှိနိုင်ချိန်ဖြစ်သည်။ ဘာသာရေးအလေးထားသည့် သူတစ်ဦးဖြစ်လျှင် ဆိုးကျိုးများ ပပျောက်၍ ကောင်းကျိုးများရရှိမည်။ မိမိကြောင့် မိသားစု ဂုဏ်ယူဝမ်းမြောက်ရလိမ့်မည်။ ပြောသမျှဆိုသမျှ အောင်မြင်မှု ရနေမည်။ ၀င်ငွေအခြေအနေတည်တံ့ကောင်းမွန်နေမည်။ မိမိ၏ သတ္တိဗျတ္တိကြောင့် စားသောက်ကုန်နှင့် စက်မှုလုပ်ငန်းများ ပိုမိုအကျိုးပေးလာမည်။ ပစ္စည်းဥစ္စာ စုဆောင်းငွေ တိုးပွားမည်။
ယတြာ - အုန်းဆွမ်းကပ်လှူပါ။
Related Posts Plugin for WordPress, Blogger...