.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Saturday, December 10, 2011

ယဉ်ကျေးလိမ္မာ တရားစခန်း ဖွင့်မည်


ယဉ်ကျေးလိမ္မာ တရားစခန်း ဖွင့်မည်



ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ အောက်ဝါးနက်ချောင်းကျေးရွာ ဓမ္မဒူတ ဇေတ၀န်တောရ
ဆေကိန္ဒာရာမကျောင်းတိုက်၌ ကျောင်းသားကျောင်းသူများအတွက် ယဉ်ကျေးလိမ္မာ တရားစခန်းကို ဖွင့်လှစ်မည်ဖြစ်ရာ ဒီဇင်ဘာ ၁၀ရက် မှ ၁၈ ရက်အထိ စာရင်းပေးသွင်းနိုင်ပါသည်။

... - အသက် ၁၆နှစ်မှ ၂၅ နှစ် တက္ကသိုလ် ကောလိပ်တက်ရောက်နေသူများ ၊ဘွဲ့ရများအတွက် ဒီဇင်ဘာ ၂၄ရက်မှ ၂၆ ရက်အထိ၊

- Grade 8 , Grade 9, Grade 10 ကျောင်းသားများအတွက် ဒီဇင်ဘာ ၂၇ ရက်မှ ၂၉ ရက်အထိ

- Grade 6, Grade 7 ကျောင်းသား ကျောင်းသူများအတွက် ဒီဇင်ဘာ ၃၀ မှ ဇန်န၀ါရီ ၁ ရက်နေ့အထိ

- Grade 4, Grade 5 ကျောင်းသား ကျောင်းသူများအတွက် ဇန်န၀ါရီ ၂ရက်နေ့မှ ဇန်န၀ါရီ ၄ ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး တရားစခန်းသို့ မွန်းလွဲ ၂နာရီ အရောက် လာကြရမည် ဖြစ်သည်။

တရားစခန်း သို့ ၀င်ရောက်လိုသူများသည် ဖော်ပြပါ email လိပ်စာများသို့ မိမိအမည်၊ ပညာအရည်အချင်း၊ ကျောင်းအမည်၊ မိဘအမည်၊ နေရပ်လိပ်စာ နှင့် email လိပ်စာတို့ကို အင်္ဂလိပ်လိုရေးသားပြီး ကြိုတင်စာရင်းပေးသွင်းနိုင်ပါသည်

- တက္ကသိုလ် ၊ ကောလိပ် တတ်ရောက်နေသူများအတွက်

dmdtuni@gmail.com

- Grade 8 , Grade 9, Grade 10 ကျောင်းသား ကျောင်းသူများအတွက်

dmdtgrade8910@gmail.com


- Grade 6, Grade 7 ကျောင်းသား ကျောင်းသူများအတွက်

dmdtgrade67@gmail.com



- Grade 4, Grade 5 ကျောင်းသား ကျောင်းသူများအတွက်

dmdtgrade45@gmail.com


လက်ခံနိုင်သည့် အရေအတွက်ထက် ပိုမိုပါက ကွန်ပျူတာမဲစနစ်ဖြင့် ရွေးချယ်လက်ခံပါမည်။
ဝင်ခွင့်ရသူများ စာရင်းကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ တရားစခန်း ရက်မတိုင်ခင် အကြောင်းပြန်ကြားပါမည်။ ၀င်ခွင့်ရသူများသည် တစ်လက်မ ဓါတ်ပုံ နှစ်ပုံ နှင့် ကျောင်းသားကတ် သို့မဟုတ် မှတ်ပုံတင်မိတ္တူတစ်စောင်စီ ယူဆောင်လာကြရမည် ဖြစ်ပါသည်။

Related Posts Plugin for WordPress, Blogger...