မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -
အိမ်ခြံမြေကားကိစ္စများနှင့်ပတ်သက် ၍ အကြံဉာာဏ်ကောင်းများ ပေါ်ထွက်မည်။ မိခင်ထံမှ ပံ့ပိုးကူညီမှုများ ရလိမ့်မည်။ အစုစပ်လုပ်ငန်း များ အားကြိုးမာန်တက်ဆောင်ရွက်ရတတ်သလို အကျိုးလည်း ပေးမည်။ တပည့်တပန်းသားသမီး တို့ထံမှ ကောင်းကျိုးများ ပြန်လည်ရရှိတော့မည်။ နိုင်ငံရပ်ခြားကုန်သွယ်မှု ဆက်လက်အကျိုးပေး နေမည်။ အစုစပ်လုပ်ငန်း ဤတစ်ပတ်အတွင်း မစတင်သင့်။
ယတြာ - တနင်္လာထောင့်၌ ညပိုင်းတွင် ရောင်စုံဖယောင်းတိုင်များ ပူဇော်ပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -
၁၃ ရက်နေ့တွင် မိမိ၏ ကျွမ်းကျင်မှု ကြောင့် လုပ်ငန်းအကျိုးအမြတ်များ ရရှိမည်။ အစုစပ်လုပ်ငန်းများအတွက် ညှိနှိုင်း ဆွေးနွေးမှုများ ဆောင်ရွက်ရလိမ့်မည်။ အိမ်ခြံမြေကားကိစ္စများ၌ နှောင့်နှေးမှု ရှိနေတတ်သော်လည်း အဆင်ပြေ ရန် နီးစပ် လာပြီဖြစ်သည်။ သားသမီးများထံမှ အကူအညီကောင်းများ ရနိုင်သည်။ ဆေးဝါး၊ စက် ပစ္စည်း၊ အခြေခံစားသောက်ကုန်များ၊ ဆီနှင့် ဆီထွက်ပစ္စည်းအကျိုးပေးနေမည်။
ယတြာ - အင်္ဂါထောင့်၌ ညပိုင်းတွင် ရွှေဖယောင်းတိုင်များ ပူဇော်ပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -
၁၁ ရက်၊ ၁၅ ရက်၊ ၁၆ ရက်တို့ ကံပွင့်လန်းနေမည်ဖြစ်သည်။ ငွေပေးငွေယူကိစ္စများ၊ စာချုပ်စာတမ်းကိစ္စများ၊ ဘဏ်ကိစ္စများ အဆင်ပြေအောင် ဆောင်ရွက်နိုင်မည်။ ပြောဆိုသမျှ အရေးပါအရာရောက်နေမည်။ မိမိ၏ သတ္တိဗျတ္တိကို အပြည့်အ၀ အသုံးချနိုင်ရန် စောင့်ဆိုင်းရလိမ့်ဦးမည်။ အထူးသဖြင့် အပြိုင်အဆိုင် ဆေးဝါးထုတ်လုပ်မှုတို့၌ နှောင့်နှေးမှုများ ရှိနေဦးမည်။ ၀င်ငွေကောင်း၍ လိုအင်ဆန္ဒပြည့်ဝမည်။
ယတြာ - တနင်္ဂနွေထောင့်၌ ရွှေသင်္ကန်းကပ်ရန် အလှူငွေထည့်ပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -
ဩဇာတိက္ကမပိုမိုကြီးမားလာ မည်။ အဓိကအလုပ်အကိုင်တို့၌ ထိပ်တန်းအောင်မြင်မည်။ ကောင်းသော ကျော်စောတိက္ကမ ရှိလိမ့်မည်။ လူကြီးမိဘဆရာသမားတို့ထံမှ ဖေးမကူညီစောင့်ရှောက်မှုခံရမည်။ စက်ရုံလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်းတို့၌ ထပ်မံရင်းနှီးမြှုပ်နှံရလိမ့်မည်။ အိမ်ခြံမြေ ကားရောင်းဝယ်မှုများနှင့် ပတ်သက်၍ ဤတစ်ပတ်အတွင်း မဆောင်ရွက်သင့်သေး။ ယာယီလုပ်ငန်းများ လျှပ်တစ်ပြက် ၀င်ငွေတိုးမည်။
ယတြာ - သစ်သီးခြောက်မျိုး ကပ်လှူလောင်းလှူပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -
လူကြီးမိဘ ဆရာသမားတို့ထံမှ ပံ့ပိုး ကူညီမှုများရရှိမည်။ ရာထူးတိုးရန် လျာထားခံရလိမ့်မည်။ ၀င်ငွေနှင့် ပတ်သက်၍ ဆန္ဒ မပြည့်ဝ တတ်သော်လည်း မကြာမီပြန်လည်ကောင်းမွန်လာနိုင်သည်။ ရေရှည်အစုစပ်လုပ်ငန်းများမူ ပွပေါက်တိုးနိုင်ချိန်ဖြစ်သည်။ အရောင်းအ၀ယ်ကိစ္စများ ဆောင်ရွက်ရာ၌ ဥပဒေနှင့်အညီ ဖြစ်အောင် သတိပြုဆောင်ရွက်သင့်ချိန်ဖြစ်၏။ အိမ်တွင်း အလှဆင် လုပ်ငန်းများ၊ အိမ်သုံး ဆေးဝါးများ၊ စက်ပစ္စည်းများ အကျိုးပေးနေမည်။
ယတြာ - စတီးဖလားများ လှူပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -
၁၃ ရက်၊ ၁၆ ရက်တို့ ကံ အကျိုးပေး ကောင်းမွန်နေမည်။ တခြားလူများအတွက် အာမခံပေးသည့် ကိစ္စများ မပြုလုပ်သင့်။ ၀င်ငွေတိုးနိုင်သလို ငွေကုန်ကြေးကျလည်း ပုံမှန်ထက် ပိုမိုများပြားနေမည်။ ရပ်နားထား သော လုပ်ငန်းများ ပြန်လည် လည်ပတ် နိုင်လိမ့်မည်။ စက်ရုံဟောင်းများ လတ်တလော အကျိုး ပေးလာနိုင်၏။ ရောဂါဝေဒနာ သက်သာပျောက်ကင်းနိုင်သလို အမှုအခင်း ရှိပါကလည်း ပြီးပြတ်သွားမည်။
ယတြာ - ပရိတ်ကြီး ၁၁ သုတ်ကို နေ့စဉ်ရွတ်ဖတ်ပူဇော်ပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -
ကံညံ့ဖျင်းမှုများ တစ်စ ထက်တစ်စ လျော့နည်းသွားပြီဖြစ်သည်။ ၁၁ ရက်နှင့် ၁၆ ရက်တို့တွင် အဓိက အသက်မွေး ၀မ်းကျောင်း အလုပ်များ ပိုမိုတိုးတက်ကံကောင်းလာမည်။ အစုစပ်လုပ်ငန်းများ အထူးအကျိုးပေး မည်။ ဆေးဝါး၊ စက်ရုံ၊ စားသောက်ကုန်၊ ဆီ၊ စက်ပစ္စည်း၊ ရွှေထည်များနှင့်ပတ်သက်၍ စီးပွား ဖြစ်ထွန်းအောင်မြင်လာမည်။ အိမ်ခြံမြေကိစ္စများ ရက်ပိုင်းအတွင်း အဆင်ပြေ လာတော့မည်။
ယတြာ - ဖခင်(သို့)အကြီးအကဲ တစ်ဦးဦးအား တတ်စွမ်းသမျှဖြင့် ကန်တော့ပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -
၁၁ ရက်၊ ၁၃ ရက်တို့၌ ကံ အကျိုးပေးထက်သန်နေမည်။ ထို့ကြောင့် အခက်အခဲများကို ဖြေရှင်းနိုင်ပြီး ငွေကြေးကိစ္စများလည်း အဆင်ပြေနိုင်သည်။ နတ်ဒေ၀တာများ၊ မိဘဆရာသမားများထံမှ ကူညီစောင့်ရှောက်မှုခံရလိမ့်မည်။ လတ်တလောအလုပ် အကိုင်အခက်အခဲများ ကြုံတွေ့နေရသူများအဖို့ ဤတစ်ပတ်အတွင်း အဆင်ပြေမှုများ စတင်တွေ့ကြုံရမည်ဖြစ်သည်။ အကြံ အစည်အောင်၍ ဂုဏ်သိက္ခာတိုးမည်။
ယတြာ - ဖခင်(သို့) အကြီးအကဲတစ်ဦးအား ဆေးဝါး၊ ဓာတ်စာတို့ဖြင့် ကန်တော့ပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -
လက်လွန်ထားသော ရစရာရှိ သည့် ငွေကြေးများ ပြန်ဝင်နိုင်သည်။ မိမိ၏ ကျွမ်းကျင်ပိုင်နိုင်သည့် အလုပ်များတွင် အောင်မြင်မှု ကြီးစွာရနိုင်သည်။ ယာယီလုပ်ငန်းများ၊ ပေါ်ပင်အလုပ်များ အကျိုးကျေးဇူးရှိလိမ့်မည်။ အဓိက အရောင်းအ၀ယ်အလုပ်များမူ နှောင့်နှေးမှုများ ပေါ်ပေါက်နိုင်၏။ ရေလမ်းကုန်သွယ်မှု၊ ဆောက်လုပ် ရေး၊ ပို့ဆောင်ရေးနှင့် ဆေးပညာရပ်ဆိုင်ရာ အလုပ်များ အထူးကောင်းကျိုးပေးမည်။
ယတြာ - တနင်္ဂနွေထောင့်၌ အုန်းညွန့်၊အောင်သပြေ၊ ရေမွှေးနှင်းဆီများ ကပ်လှူပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -
စက်ရုံ၊ အစုစပ် လုပ်ငန်းများ၌ ပိုမို၍ ရင်းနှီးစိုက်ထုတ်ရလိမ့်မည်။ ဇိမ်ခံစက်ပစ္စည်းရောင်းဝယ်မှု အတန်အသင့် အကျိုးပေးနေမည်။ အိမ်ခြံမြေကား လုပ်ငန်းများ၌ အကြံဉာဏ်သစ်များ နည်းလမ်းသစ် များ ပေါ်ထွက်နေမည်။ အပြိုင်အဆိုင်များသည့် လုပ်ငန်း များကြောင့် အကျိုးဖြစ်ထွန်းနိုင်သော် လည်း အိမ်ထောင်ဖက်၊ မိတ်ကောင်းဆွေကောင်း၊ လုပ်ဖော်ကိုင်ဖက်တို့နှင့် သဘောကွဲလွဲမှု ပေါ်ပေါက်နိုင်၏။
ယတြာ - အုန်းဆွမ်းနှင့် နွားနို့ကပ်လှူပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -
ရဲဝံ့ပြတ်သားစွာ လုပ်ကိုင် ဆောင်ရွက်တတ်မှုကြောင့် လုပ်ငန်းများ ထိရောက်အောင်မြင်မည်။ စီမံကိန်းရေးဆွဲလုပ်ကိုင်တတ် ၍ ယှဉ်ပြိုင်ဘက်များကို အသာစီးရမည်။ ၁၃ ရက်နေ့၌ အိမ်ခြံမြေကား စသည်နှင့် ပတ်သက်ပြီး ဘာကိုမျှ မလုပ်ဆောင်သင့်။ လုပ်ဆောင်မိပါက နစ်နာဆုံးရှုံးမှုကြုံရတတ်သည်။ လုပ်ငန်းကျွမ်းကျင် သင်တန်းများ တက်ရောက်ရတတ်သည်။ အဓိက လုပ်ငန်းများ ကြီးပွားတိုးတက်အောင်မြင်လာ မည်ဖြစ်သည်။
ယတြာ - မိဘဆရာသမားတို့အား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -
ဝင်ငွေကောင်းသလို ထွက်ငွေလည်း ကောင်းနေမည်။ အကျိုးရှိသော စကားများကို အရာရောက်အောင် ပြောဆိုနိုင်လိမ့် မည်။ အခက်အခဲများကြားမှ စာချုပ်စာတမ်းကိစ္စ၊ ငွေကြေးကိစ္စ အောင်မြင်အောင် ဆောင်ရွက် နိုင်မည်။ လူကြီးသူမ ဆရာသမားတို့ထံမှ အကြံဉာဏ်ပေး ဆိုဆုံးမမှု ခံရလိမ့်မည်။ မိမိကောင်းဖို့ အတွက်လည်းဖြစ်သည်ဟု သတိပြုဆင်ခြင်သင့်၏။ ၀င်ငွေ၊ ပညာရေး၊ တပည့်တပန်းသားသမီး စသည်တို့ကြောင့် လိုအင်ဆန္ဒများ ပြည့်ဝပျော်ရွှင်ရလိမ့်မည်။
ယတြာ - အင်္ဂါထောင့်၌ အောင်သပြေနှင့် နှင်းဆီနီများ ကပ်လှူပါ။
