.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Tuesday, November 1, 2011

{ ၄၅ } ကြိမ်မြောက်သံဈေး ဈေးသူဈေးသားများ ၏ ဘုံကထိန်အောင်ပွဲ နှင့် သီတဂူအထူးတရားပွဲ

{ ၄၅ } ကြိမ်မြောက်သံဈေး ဈေးသူဈေးသားများ ၏ ဘုံကထိန်အောင်ပွဲ
နှင့်
သီတဂူတရားပွဲအစီအစဉ်






၁၃ရ၃ ခုနှစ် တန်ဆေင်မုန်းလဆန်း ( ၁၄ ) ရက် ၊ ၉ - ၁၁ - ၂၀၁၁ ဗုဒ္ဓဟူးနေ့
တွင်
သီတဂူဆရာတော် အရှင်ဒေါက်တာဥာဏိဿရ

မှ သူတော်စင်၊ သူတော်ကောင်း အပေါင်းတို့အားတရားရေအေးတိုက်ကျွေးမည်

ဖြစ်ပါသောကြောင့်တရားနာယူကြွရောက်ပါရန်လေးစားစွာဖိတ်ကြားလိုက်ရပါသည်...

တရားပွဲကျင်းပမည့်နေရာ ။ ။ သံဈေး ၊ ညောင်ပင်လေးဈေးလမ် ၊လမ်းမတော်မြို့နယ်
တရားပွဲကျင်းပမည့်အချိန် ။ ။ ညချမ်း ( ရ ) နာရီ

အဌဟောကိန်း ၊ စံဇာဏီဘို ၂၇-၁ဝ-၂ဝ၁၁ မှ ၂-၁၁-၂ဝ၁၁ အတွင်း

တနင်္လာ

စက်ပစ္စည်းများ တစ်ခုပြီး တစ်ခုပြင်ရမည်။ အကုန် အကျများမည်။ အိုးအိမ်ခြံကား ရောင်းမှား၊ ဝယ်မှား ကိစ္စများ လိုက်လံဖြေရှင်းရမည်။ ငွေကြေးကိစ္စကို အကြောင်းပြု၍ မိတ်ပျက်ခြင်း၊ စကားများရခြင်းများ ကြုံမည်။ သူတစ်ပါးအြေ<ွကးတောင်းသည်ကိုလိုက်ရင်း ရန်ပေါ်တတ်သည်။ အလုပ်သစ်များ လုပ်ကိုင်တိုးတက် မည်။ ခရီးကိစ္စဆောင်ရွက်မှုများ အောင်မြင်မည်။ အနီး ကပ်လူယုံဒုက္ခပေးတတ်သည်။

ယတြာ ။ ။ မွေးနေ့တွင် ကြာပန်းပွင့် ဘုရားကပ်လှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အင်္ဂါ

အကြံအစည်၊ ရည်ရွယ်ချက်များ အောင်မြင်မည်။ သူ တစ်ပါးနှင့် ယှဉ်ပြိုင်ပြီးလုပ်ကိုင်ဆောင်ရွက်မှုများတွင် အောင်မြင်မှုအဆင့်ဆင့် ရရှိမည်။ ကိုယ်ပိုင် စိတ်ကူးများ အားလက်တွေ့ အကောင်အထည်ဖော်နိုင်မည်။ မျှော် လင့်ထားခြင်း မရှိသော အခွင့်အရေးများကိုလည်း ရရှိ မည်။ လက်လွန်ထားသည့်ငွေကြေးများ ပြန်လည်ရရှိ မည်။ အပြောအဆို အထူးဆင်ခြင်ရမည်။ အများကိစ္စ အဖွဲ့အစည်းကိစ္စများ ပါဝင်ဆောင်ရွက်ရမည်။

ယတြာ ။ ။ မွေးနေ့တွင် ဆန် အလှူဒါနပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဗုဒ္ဓဟူး

ပြောရေး၊ ဆိုရေး အောင်မြင်မည်။ လုပ်သမျှ ထွန်းထွန်း ပေါက်ပေါက်ဖြစ်မည်။ အခက်အခဲများ ကျော်လွှားနိုင် မည်။ မိတ်ဆွေကောင်း အကူအညီရမည်။ ပညာသင် တန်းနှင့်ပတ်သက်သည်များ အကျိုးပေးမည်။ အဖွဲ့ အစည်းကိစ္စများ ပါဝင်ပတ်သက်ရမည်။ ကာလအတန် ကြာ ပဋိပက္ခဖြစ်နေသော သူများနှင့် သင့်တင့်မည်။ သဘာဝမတူ ခြားနားသောသူများနှင့် ပူးပေါင်းဆောင် ရွက်အဆင်ပြေမည်။

ယတြာ ။ ။ မွေးနေ့တွင် လမ်းချိုင့်များဖို့၍ ကုသိုလ် ယူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ရာဟု

ငွေကြေးကံကောင်းမည်။ ခက်ခဲသောပြဿနာများ ဖြေ ရှင်းနိုင်မည်။ စီးပွားသစ်များ လုပ်ကိုင်နိုင်မည်။ အလုပ် မရှိသူ အလုပ်ရမည်။ လူမျိုးကွဲ၊ လူမျိုးခြားများနှင့် ပတ်သက်သောလုပ်ငန်းများတွင် အဖျက်အနှောင့် အယှက်များနှင့် ကြုံ၍ကြန့်ကြာမည်။ သောကြာနေ့၊ တနင်္ဂနွေနေ့ မွေးသောသူများနှင့် ပူးပေါင်းလုပ်သော လုပ်ငန်းများမှ ကောင်းသောအကျိုးဆက်ရရှိမည်။

ယတြာ ။ ။ မွေးနေ့ညနေပိုင်းတွင် ယပ်တောင်အစုပ် များရှာဖွေစွန့်ပစ်ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကြာသပတေး

ငွေကြေးကိစ္စများ ပြောဆိုဆောင်ရွက်အောင်မြင်မည်။ အလုပ်သစ်များ လက်တွေ့လုပ်ကိုင်တိုးတက်မည်။ မိမိ အားအနှောင့်အယှက်ပေးသောသူများအား ကျော်လွှားနိုင် မည်။ ခရီးကိစ္စ ဆောင်ရွက်မှုများအောင်မြင်မည်။ ရပ် တန့်ထားသောလုပ်ငန်းများ ပြန်လည်စတင်နိုင်မည်။ အနီးကပ်လူ ဒုက္ခပေးမည်။ တစ်ပါးသူအား ယုံကြည် လွှဲအပ်၍ ဆောင်ရွက်သောလုပ်ငန်းများတွင် အညံ့ကြုံ မည်။

ယတြာ ။ ။ မွေးနေ့တွင် သပြေညွန့် ဘုရားလှူပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သောကြာ

လက်ဝယ်ငွေမမြဲ၊ ကိုယ့်အတွက် မကုန်လျှင်ပင် သူတစ် ပါးအတွက် ကုန်ကိန်းရှိသည်။ ခြံ၊ ကား၊ အခန်း အစရှိ သည့် တနင်္လာနံပစ္စည်းများအတွက် စိတ်ပူပင်ရကိန်းကြုံ မည်။ ဆီး၊ မျက်စိနှင့် ပတ်သက်သော ရောဂါများဖြစ် တတ်သည်။ ရွှေထည်ပစ္စည်းများ ထွက်တတ်သည်။ စနေနံပစ္စည်းများ အဝင်မတော်။ ထီး၊ ဖိနပ်၊ အထည် အစရှိသည်များကို မလိုအပ်ဘဲ ဝယ်ယူမိက အကြောင်း တိုက်ဆိုင်စွာ ပြဿနာဖြစ်ရမည်။

ယတြာ ။ ။ မွေးနေ့တွင် သခွားမွှေးကို သကြားနှင့် ဖျော်၍သောက်ကာ လိုရာဆန္ဒပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စနေ

အဖွဲ့အစည်းကိစ္စ၊ လူအများနှင့် တိုက်ရိုက်ဆက်ဆံပြီး လုပ်သောကိစ္စများတွင် ထူးခြားသောတိုးတက်မှုများရရှိ မည်။ အခက်အခဲများကို ကျော်လွှားနိုင်မည်။ လုပ်ငန်း မရှိသူ လုပ်ငန်းရမည်။ အလုပ်လျှောက် အလုပ်ရှာ ကောင်းသည်။ သောကြာနေ့၊ တနင်္ဂနွေနေ့ မွေးသော သူများ အကျိုးပေးမည်။ အိုးအိမ်နေရာထိုင်ခင်းကိစ္စများ ဆောင်ရွက်အောင်မြင်မည်။ မြေကိစ္စ၊ နေရာထိုင်ခင်း ကိစ္စများ စကားပြောရမည်။

ယတြာ ။ ။ မွေးနေ့တွင် နွားနို့သောက်၍ လိုရာဆန္ဒ ပြုပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တနင်္ဂနွေ

ဘုန်းကံမြင့်မားမည်။ အောင်မြင်ခြင်း၊ တိုးတက်ခြင်းများ ရှိမည်။ တစ်ပါးသူမနာလိုလောက်သော အခြေအနေကြုံ မည်။ ခက်ခဲသော ပြဿနာများဖြေရှင်းရမည်။ ရန် အတိုက်အခံများကို ကျော်လွှားပြီး တက်လမ်းပေါ်မည်။ ပညာအတတ်နှင့် တိုးတက်မှုများ ပူးတွဲဖြစ်ပေါ်မည်။ လူမျိုးကွဲ၊ လူမျိုးခြားနှင့် ဆက်သွယ်လုပ်သော လုပ်ငန်း များမှ ကောင်းသောအကျိုးဆက်ရမည်။ ကိုယ်တိုင်တွင် လည်းကောင်း၊ မိသားစုတွင်လည်းကောင်း ပြည်ပခရီး ရှိမည်။

ယတြာ ။ ။ မွေးနေ့တွင် အုတ်ခဲအကျိုးများဖြင့် လမ်း ချိုင့်ဖို့ပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~*******~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

နှလုံးဝေဒနာရှင်များကို ယာယီအသက်ဆက်ပေးမည့် ပလတ်စတစ် နှလုံးတု

နှလုံးဝေဒနာရှင်များကို ယာယီအသက်ဆက်ပေးမည့် ပလတ်စတစ် နှလုံးတု

မိုးက တဖွဲဖွဲရွာနေ၏။ ဆာကူရာတာဝါအထပ် ၂ဝ တွင် တည်ရှိသော Cafe Bistro တွင် ထိုင်ကာ ဒေါက်တာ ခင်ပန်ဆောင်း သည် အဝေးကို ငေးမျှော်ကြည့်နေ ၏။ အဝေးတွင် မိုးရွာနေသည့် ကြား မှ ရန်ကုန်မြစ်ကို မှုန်ပျပျမြင်နေရ၏။ ကာပူချီနိုကော်ဖီပူပူကို ဇိမ်ခံ သောက်ရင်း အတွေးနယ်ချဲ့နေ၏။ ''အပျိုကြီး၊ မိုးအေးအေးမှာ ဆွေးနေတယ်ပေါ့လေ'' နောက်မှ အသံကြား၍ လှည့် ကြည့်လိုက်ရာ ကဗျာဆရာမ မကြည် ဆွေနှင့် ဝတ္ထုတို ဆရာမ မစံပယ် တို့ကို တွေ့လိုက်ရ၏။ ''မကြည်ဆွေတို့ပါလား။ လာ လေ၊ ထိုင်ကြ။ ကာပူချီနို သောက် မလား'' ''ကာပူချီနိုလဲ သောက်မယ်။ ဆစ်ဒဝစ်လဲစားမယ်'' ''ရပါတယ်။ မှာပေးမယ်။ ကျွန်မ ဆရာမောင်ညိုပြာကို စောင့် နေတာ'' ''ဘာအတွက်လဲ ဒေါက်တာ'' ''သူ့ဝတ္ထုတိုပေါင်းချုပ် အသစ် ထွက်ပြီ။ ထွက်ထွက်ချင်း ကုန်သွား တယ်။ အဲဒါအောင်မြင်မှု အထိမ်း အမှတ်အနေနဲ့ ဈေးကွက်ဂျာနယ် အယ်ဒီတာချုပ်ရယ်၊ ကျွန်မရယ်ကို Western Park မှာ ညစာကျွေးမယ် ဆိုပြီးချိန်းထားလို့'' ''ဟာ-ဒီလို ကြိတ်ဝိုင်းလုပ်တာ ဘယ်ရမလဲ။ ကျွန်မတို့လဲလိုက်မယ်။ ကယားကြီးရယ်၊ ကဗျာဆရာ ကျော် ခေါင်ရယ်၊ အယ်ဒီတာ ကိုထူးကျော် ရယ်၊ စာအုပ်ဆိုင်ပိုင်ရှင် ကိုလွင်ဆင့် ရယ်။ သူတို့တွေလဲ ဖုန်းဆက် ခေါ် လိုက်မယ်'' ''ဟာ- ဟာ- နေပါဦး။ ဆရာ မောင်ညိုပြာကို မေးရဦးမယ်။ သူက Reserve လုပ်ထားတာ။ အားလုံး ဆံ့ ပါမလားမသိဘူး'' ''ဒါဆို လဲ လှမ်းမေးလိုက် ပေါ့'' ''သြော်- ဒါနဲ့ ကဗျာဆရာ မောင်ဒေါနသက်သာရဲ့လား'' ''မသက်သာဘူး ဒေါက်တာ။ မနေ့က ကျွန်မတို့ ဆေးရုံကြီးကို ရောက်ခဲ့ပြီးပြီ။ အမောဖောက်နေ တယ်။ ပါရဂူက နှလုံးအလုပ်မလုပ် နိုင်ဘူးလို့ပြောတယ်။ ဒေါက်တာတို့ ဆေးလောကမှာ ကိရိယာအသစ် အဆန်းများမပေါ်သေးဘူးလား'' ''ပေါ်နေတာ တစ်ခုရှိတယ် ။ Plastic Heart လို့ခေါ်တယ်။ ပလတ် စတစ် နဲ့ လုပ်ထားတဲ့ နှလုံးအတု ပေါ့။ Matthew Green ဆိုတဲ့ အင်္ဂ လိပ်လူမျိုး လူနာမှာ သုံးကြည့်တာ အဆင်ပြေတယ်'' 'အဲဒီလူနာက မောင်ဒေါနလို လူနာမျိုးလား'' ''ဟုတ် တယ် ။ လူနာက အသက် ၄ဝ ရှိပြီ။ နှလုံးအလုပ် မလုပ်နိုင်ဘူး။ သူ့အတွက် အသက် ရှင်ဖို့က နှလုံးအစားထိုး ကုသရ မယ်။ ဒါပေမယ့် နှလုံးလှူမယ့် အလှူ ရှင်ကို စောင့်ရဦးမယ်။ ဒါကလဲ ကြာ ဦးမှာ။ အဲသလို စောင့်နေတုန်း ပလတ်စတစ် နှလုံးအတု ယာယီ ထည့်ထားပေးလိုက်တယ်။ အဆင် ပြေသွားတယ်'' ''သစ်မရခင် ဝါးနဲ့ ပေါင်းကွပ် သလိုသဘောမျိုးလား ဒေါက်တာ'' ''ဟုတ်တယ်။ မကြည်ဆွေ။ ယာယီအစားထိုးထားတာပေါ့'' ''ဒီခွဲစိတ်မှုကို ဘယ်မှာ လုပ် တာလဲ ဒေါက်တာ'' ''အင်္ဂလန်နိုင်ငံက Cambridge Shire မှာ Papworth Hospital ဆိုတဲ့ ဆေးရုံတစ်ရုံရှိတယ်။ အဲဒီမှာ လုပ် တာ'' ''အဲဒီနှလုံးအတုက လှုပ်ရှားမှု အတွက် ဘာသုံးလဲဟင်'' ''လျှပ်စစ်အား သုံးတယ်လေ။ နှလုံးအတွက် လျှပ်စစ်ဓာတ်ပေးမယ့် Portable Driver ကို ကျောပိုးအိတ် ထဲ ထည့်ထားတယ်။ သွားလေရာ သယ်သွားလို့ရတယ်။ လူနာက လမ်း လျှောက်လို့ရတယ်'' ''အမောဖောက်လို့ ပက်လက် လန်နေတဲ့ လူနာက ထလမ်းလျှောက် နေတာပေါ့'' ''ဟုတ်တယ်။ လူနာဟာ ပုံ မှန် အနေအထားကို ပြန်ရောက်သွား တယ်။ နေ့စဉ်ပုံမှန် လှုပ်ရှားမှုတွေ လုပ်နိုင်တယ် ။ အဲသလို နှလုံးတု တပ်ပြီး ဆေးရုံက အောင်အောင်မြင် မြင် ဆင်းသွားတာ Matthew Green ဟာ အင်္ဂလန်မှာ ပထမဦးဆုံးလူနာ ဆိုပဲ'' ''ပထမဆုံး အောင်မြင်မှုပေါ့ နော်'' ''ဟုတ်တယ်။ ခုဆို လူနာက ပျော်ပျော်ရွှင်ရွှင် ဖြစ်နေပြီ။ နေ့လယ် စာကို အပြင်ထွက်စားနိုင်တဲ့ အထိ တိုးတက်နေပြီ'' ''ပါရဂူတွေက ဘာပြောလဲ ဒေါက်တာ'' ''Mr. Steven Tsui ဆိုတာက Consultan Cardiothoracic Surgeon ပဲ။ နှလုံးရင်ခေါင်းခွဲစိတ် ပါရဂူကြီးပေါ့။ သူကပြောတယ်။ နှ လုံးတုသာ တပ်မထားပေးရင် လူနာ ဟာ အလှူရှင် စောင့်ရင်း သေသွား နိုင်တယ်တဲ့'' ''စောင့်ရတာ ကြာလို့လား'' ''ကြာတယ်။ Papworth ဆေး ရုံတစ်ရုံထဲမှာတောင် စောင့်နေတာ လူနာ ၃ဝ ရှိနေတယ်။ အဲဒီအထဲမှာ ၁ဝ ယောက်က စောင့်နေတာ တစ် နှစ်ကျော်နေပြီ။ ဒီလူနာတွေပြီးမှ Mr. Green အလှည့်ရောက်မှာလေ'' ''ဟာ- အကြာကြီး စောင့်ရမှာ နော်'' ''နှလုံးအတုသာ မတပ်ပေးရင် ကြာရှည်အသက်မရှင်နိုင်ဘူး။ Mr. Green ရောဂါက ARVC ဆို တဲ့ ရောဂါတဲ့'' ''ARVC က အတို ကောက် ခေါ်တာ။ အပြည့်အစုံက Arrhythmogenic Right Ventricular Cardiomyopathy တဲ့။ နှလုံြး<ွကက် သားရောဂါ ဆိုပါတော့။ ဒီရောဂါ ကြောင့် နှလုံးခုန်တာ ပုံမမှန်ဖြစ်လာ တယ်။ ကြာတော့ နှလုံးစွမ်းဆောင် ရည်ကျဆင်းလာတယ်'' ''ရောဂါဖြစ်လာတော့ ကျန်းမာ ရေး ချို့တဲ့လာမှာပဲနော်''''ဒါပေါ့ ချို့တဲ့လာတာပေါ့။ နဂို က သူဟာ သိပ်ကို ကျန်းမာတာ။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က တစ်နေ့ ကို စက်ဘီး ကိုးမိုင်အထိ စီးပြီး အလုပ် တက် တယ်။ အလုပ်ဆင်း တော့လဲ စက်ဘီးကိုးမိုင်စီးပြီး အိမ် ပြန်တယ်။ တစ် နေ့ကို ၁၈ မိုင် စက်ဘီးနင်းနိုင်တယ်'' ''၁၈ မိုင်ဆိုတာ အဝေးကြီးပါ လားဒေါက်တာ'' ''အဲဒီလောက်သန်စွမ်းတဲ့ Mr. Green ဟာ ရောဂါဖြစ်လာတော့ နှစ် ကိုက်၊ သုံးကိုက်တောင် မလျှောက် နိုင်တော့ဘူး '' ''အတော်ချို့တဲ့သွားတာပဲ'' ''မောင်ဒေါနလိုပေါ့။ ခုနှလုံးတု တပ်ပေးလိုက်တော့ ခြံထဲဆင်းပြီး သူ့ သားနဲ့ဆော့ကစားနိုင်တယ်။ မီးဖိုထဲ ဝင်ပြီး မိသားစုစားဖို့ ချက်နိုင် ပြုတ် နိုင်တယ်။ လူကောင်းဖြစ်သွားတယ် ဆိုပါတော့'' ''သိသိသာသာ ပြောင်းလဲသွား တာပဲ'' ''ခုသုံးတဲ့ နှလုံးတုကို The Syncardia Temporary Total Artificial Heart လို့ခေါ်တယ်။ သူက တကယ့်နှလုံးလို အလုပ်လုပ်နို င် တယ်။ ဒါပေမယ့်  တစ်ခုတော့ရှိ တယ်။ ဒီနှလုံးတုက ရေရှည် မရ ဘူး။ Mr. Green ကို နှလုံးအလှူ ရှင် ရရင် နှလုံးအစစ်နဲ့ အစားထိုးရ ဦးမှာပဲ'' ''ယာယီတော့အဆင် ပြေနေ တာပဲ'' ''ပါရဂူ Mr. Tsui ကလဲ ပြော ပါတယ်။ လူနာဟာ နာလန်ထတဲ့ နေရာမှာ သိပ်ကို ရလဒ်ကောင်းပါ တယ် တဲ့'' ''ပုံမှန်ပြန်ဖြစ်သွားတာ အံ့သြ စရာပါပဲ'' ''Papworth ဆေးရုံကလဲ နာ မည်ကြီးပဲ။ တစ်နှစ် တစ်နှစ်ကို နှလုံး ခွဲစိတ်မှု စုစုပေါင်း နှစ်ထောင်လောက် လုပ်နေတယ်။ အကြီးစားခွဲစိ တ်မှု တွေပဲ။ ယူကေမှာဆို တခြားဆေးရုံ တွေထက် ခွဲစိတ်မှုအရေအတွက်များ တယ် '' ''နှလုံးတုက အရင်ကရော သုံး ဖူးလား'' ''အရင် ကလဲ သုံးဖူးတယ်။ လွန် ခဲ့တဲ့ ၁၉၈ဝ ပတ်ဝန်းကျင် လောက်က Jarvik -7 လို့ နာမည်ပေး ထားတဲ့ နှလုံးအတု သုံးဖူးတယ်။ ဒါပေမယ့် သိပ်မကောင်းဘူး။ ခုနှလုံး တုက Jarvik -7 ကို ပြန်ပြီး ပို ကောင်းအောင် ပြုပြင်တီထွင် ထား တာ။ ခုနှလုံးတုက ပိုကောင်းတယ်'' ''ဟုတ်ကဲ့ဒေါက်တာ'' ''အရင် ကလဲ Mechanical Heart တွေသုံးဖူးပါတယ်။ ဒါပေမယ့် ခုလို Ventricle ခေါ်တဲ့ နှလုံးခန်းမ ကြီးနှစ်ခုစလုံး အစားထိုးပေးတာမျိုး မရှိခဲ့ဘူး။ ခုဟာက ပထမဦးဆုံး အကြိမ်တဲ့'' ''ဒါဆို သဘာဝ နှလုံးမပါဘဲ နှလုံးတုနဲ့ လမ်းလျှောက်နေတာ အင်္ဂ လန်မှာ Mr. Green က ပထမဆုံးဖြစ် မှာပဲ ထင်တယ်'' ''ဟုတ်ပါတယ်။ ပထမ ဆုံး လူနာပါပဲ။ Health Secretary ဖြစ် တဲ့ Andrew Lansley က ပြောပါ တယ်။ NHS အနေနဲ့ လူနာကုသတဲ့ နေရာမှာ ဂုဏ် ယူဝင့်ြ<ွကားဖွယ်ရာ အောင်မြင်မှုတွေ အရင်ကတည်းက ရှိခဲ့ဖူးပါတယ်တဲ့။ ခုလဲ Parworth ဆေးရုံမှာ အောင်မြင်မှု ရပြန်ပါပြီတဲ့။ ဒါဟာ NHS အနေနဲ့ လူနာကို အကောင်းဆုံးကုသပေးနိုင်တယ်ဆို တဲ့ သာဓကပါပဲတဲ့။ အနာဂတ်မှာ လဲ NHS ဟာ ဆက် လက် ပြီး အကောင်းဆုံး ကုသပေးနိုင်လိမ့်ဦး မှာဖြစ်ပါတယ်တဲ့'' ''ဂုဏ်ယူမယ်ဆိုလဲ ဂုဏ်ယူ လောက်ပါပေတယ်'' ''British Heart Foudation က Medical Director ဖြစ် တဲ့ Professor Peter Weissberg ကလဲ ပြောပါတယ်။ နှလုံးရောဂါ သိပ်ဆိုး နေတဲ့ လူနာတွေအတွက် နှလုံးအစား ထိုး ခွဲစိတ်နိုင်မှ အသက်ရှင်မှာ ဖြစ် ပါတယ်တဲ့။ ဒါပေမယ့် နှလုံးအလှူ ရှင်ရဖို့က မလွယ်ပါဘူးတဲ့။ စောင့်ရ ပါမယ်တဲ့။ ယာယီအားဖြင့် နှလုံး အတုထည့်ပေးလို့ ရပါတယ်တဲ့။ နှလုံးအတုအတွက် လျှပ်စစ်ဓာတ် ပေးတဲ့ ဘက်ထရီကလဲ ကျောပိုး အိတ်ထဲထည့်လို့ရလို့ လူနာအတွက် အဆင်ပြေပါတယ်တဲ့။ လူနာဟာ လမ်းလျှောက်လို့ရပါတယ်တဲ့'' ''Mr. Green ဆိုရင် နေ့လယ် စာတောင် ထွက်စားနေပြီပဲ'' ''ဟုတ်တယ်လေ။ ပုံမှန် ဘဝ ကို ပြန်ရသွားပြီ'' ''ဒီနှလုံးဟာ အလှူရင်ရတဲ့ အထိ ကြာကြာစောင့်နိုင်လား'' ''စောင့်နိုင်တယ်။ သိပ်အကြာ ကြီးတော့ မရဘူးပေါ့။ ဒါပေမယ့် အလှူရှင်ရသွားပြီး အဆင်ပြေသွား မှာပါ'' ''Jarvik -7 ထက် အများကြီး သာမယ်ထင်တယ်'' ''ဟုတ်တယ်။ စွမ်းဆောင်ရည် ပိုကောင်းလာတယ်'' ''နှလုံးလူနာတွေအတွက် ဝမ်း သာစရာပါပဲ'' ''ဝမ်းသာစရာပါပဲ။ သူတို့ အတွက် မျှော်လင့်ချက် ရှိသွားပြီ'' ထိုစဉ် လက်ကိုင်ဖုန်းမြည်လာ ၍ ဒေါက် တာ ခင် ပန် ဆောင်း ကောက်ကိုင်လိုက်၏။ တစ် ဘက်မှ ဆက် နေသူက ဆရာ မောင်ညိုပြာဖြစ်၏။ ''ကဲ-မကြည်ဆွေရေ။ သွားကြ စို့။ Western Park မှာ လူ၂ဝ လောက် ရောက်နေပြီတဲ့'' ''ဟာ- ဘယ်လိုဖြစ်တာလဲ။ စီစဉ်တုန်းက ဒေါက်တာရယ်၊ ဈေး ကွက်ဂျာနယ်အယ်ဒီတာချုပ်ရယ်ပဲ မဟုတ်လား'' ''လျှို့ဝှက်သတင်းက လေညို ကုန်းကို ပေါက်ကြားသွားပြီ။ အား လုံး Western Park ကို အလု အယက်ပြေးကုန်ကြပြီ။ ကျွန်မတို့လဲ နောက်ကျနေရင် ဘဲရိုးပဲ ကိုက်ရလိမ့် မယ်။ ပြေးကြစို့'' ''ဟုတ်တယ်။ ပြေးမှဖြစ်မယ်။ ပြေးကြစို့'' အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "Plastic Heart Gives DAD Matthew Green New Lease of life" ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး ၁)

သွေးတိုးနှင့် မျိုးရိုးဗီဇ

သွေးတိုးနှင့် မျိုးရိုးဗီဇ

မြို့စွန်တစ်နေရာတွင် ကြီးမား လှသော ခရေပင်ကြီး တစ်ပင်တည် ရှိ၏။ ထိုခရေပင်ကြီးသည် ခြံဝင်းကြီး တစ်ခုအတွင်း၌ ပေါက်ရောက်နေရာ ထိုခရေပင်ကြီးရှေ့တွင် မြေနီလမ်း ကလေးတစ်ခုဖြစ်ပေါ်နေ၏။ ထိုလမ်းကလေးတွင် တရားဝင် အမည်မရှိဘဲ ရပ်ကွက်နေ အများပြည် သူများက ခရေလမ်းဟုသာ အလွယ်တကူ ခေါ်ကြ၏။ အဖြူရောင် နစ်ဆန်းဆန်နီစူပါ ဆလွန်းကားလေး တစ်စီးသည် ထိုလမ်းလေးအတိုင်း မောင်းနှင်လာရာ လမ်းဆုံးသောအခါ ခေတ်မီ နှစ်ထပ် တိုက်ကလေးရှေ့တွင် ရပ်သွား၏။ ကားပေါ်မှ ဒေါက်တာ ခင်ပန် ဆောင်း ဆင်းလာ၏။ ကားရပ်သံကြား၍ ဧည့်ခန်းတွင် ထိုင်နေသော အငြိမ်းစားကျောင်းအုပ် ဆရာမကြီးဒေါ်ခင်အေးသည် တူမ ဖြစ်သူ သန္တာဦးအားကြည့်ခိုင်းလိုက် ၏။ ''ဒေါက်တာလာတယ် အန်တီ အေး'' ''သြော်- အေးအေး။ ဖွင့်ပေး လိုက်လေ'' မကြာမီ ဒေါက်တာ ခင်ပန် ဆောင်းဧည့်ခန်းသို့ ရောက်ရှိလာ၏။ ''မင်္ဂလာပါ အန်တီအေး'' ''မင်္ဂလာပါဒေါက်တာ။ ထိုင် ပါ။ တူမလေးရေ၊ ဒေါက်တာ အတွက် အအေးလုပ်ပါဦး'' ''ကျေးဇူးပဲ အန်တီအေး။ နေပူ ထဲက လာတော့ ရေငတ်နေတယ်'' ''မိုးပြတ်တာနဲ့ ပူတာပဲနော်'' ''ဟုတ်တယ် အန်တီအေး။ ဒါနဲ့ သွေးပေါင်ချိန်သေးလား'' ''မှန်မှန်ချိန်ပါတယ်။ ဒေါက် တာပေးထားတဲ့ ကိရိယာလေးက အတော်အဆင်ပြေတယ်။ တူမလေး ကချိန်ပေးတယ်။ ခုတလော သွေး ပေါင်မှန်နေပါတယ်'' ''အစားအသောက် ဂရုစိုက်ပေါ့ အန်တီအေး'' ''စိုက်ပါတယ် ဒေါက်တာ ရယ်။ အုန်းနို့ခေါက်ဆွဲဆို မစားရ တာကြာပါပြီ'' ''သွေးတိုးရောဂါက ဘဝနေ ထိုင်မှုပုံစံအပေါ်မှာ အတော်မူတည် တယ်။ အနေအထိုင်၊ အစား အသောက် ဆင်ခြင်ရင် ထိန်းထားလို့ ရတယ်'' ''တချို့က မျိုးရိုးဗီဇလဲ ပါ တယ်ဆို'' ''ဟုတ်ပါတယ်။ နှစ်မျိုးစလုံး အရေးပါပါတယ်'' ''အနေအထိုင် အစားအသောက် အကြောင်းကတော့ ဒေါက်တာ ခဏ ခဏပြောလို့ အတော်သိနေပြီ။ မျိုး ရိုးဗီဇအကြောင်းပြောပါဦး'' ''ဟာ- အတော်ပဲ။ Nature Genetics ဆိုတဲ့ ဆေးပညာဂျာနယ် ထဲမှာဖတ်လိုက်ရတဲ့ သုတေသန တစ်ခုအကြောင်းပြောပြမယ်။ ပညာ ရှင်တစ်စုက သွေးတိုးနဲ့သက်ဆိုင်တဲ့ Genetic Code အသစ် ၂ဝ ကျော် ကို လေ့လာတွေ့ရှိထားတယ်။ အဲဒီ ၂ဝ ကျော်ထဲက တစ်ခုခုကို လူတိုင်း လူတိုင်းမှာ တွေ့ရလိမ့်မယ်တဲ့'' ''ဒါဆို ဒီ ၂ဝ ကျော်ထဲက အနည်းဆုံး တစ်ခုလောက်တော့ လူ တိုင်းမှာ တွေ့ရမယ်ပေါ့နော်'' ''ဟုတ်တယ် အန်တီအေး။ ဒီ ၂ဝ ကျော်ဟာ လူုတိုင်းနဲ့ဆိုင်တဲ့ သဘောဖြစ်နေတယ်။ ပညာရင်တွေ က ဒီ ၂ဝ ကျော်ကိုလေ့လာရင် ကုထုံးသစ်တွေ ပေါ်လာနိုင်မယ်လို့ မျှော်လင့်နေတယ်'' ''အေးကွယ် ဆက်ပါဦး'' ''သွေးတိုးရောဂါဟာ အဝ လွန် တာ၊ အငန်စားများတာ၊ ကိုယ်လက် လှုပ်ရှားမှုနည်းတာ စတာတွေနဲ့ ဆက် စပ်နေမှန်း အသေးစိတ် သိထားပါ တယ်။ ဒါပေမယ့် အရင်ကမျိုးရိုးဗီဇနဲ့ ဆက်စပ်မှုကို အသေးစိတ် မသိသေး ဘူး'' ''ခုရော သိပြီလား'' ''ပညာရှင်တွေက မျိုးရိုးဗီဇ နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ တိုး တက်မှုတွေ ရလာပြီလို့ ပြောတယ်။ နိုင်ငံ ၂၄ နိုင်ငံက ပညာရှင်တွေဟာ လူဦးရေစုစုပေါင်း နှစ်သိန်းကျော် ဆီ က မျိုးရိုးဗီဇဆိုင်ရာအချက်အလက် တွေကို လေ့လာခဲ့ကြတယ်'' ''လူ နှစ်သိန်းကျော်ဆိုတော့ အများကြီးပါလား'' ''ဟုတ်တယ် အများကြီးပဲ။ အဲသလို လေ့လာလိုက်တော့ genome ပေါ်မှာ 16 New Point တွေ့ တယ်တဲ့။ မျိုးရိုးဗီဇအုပ်စုကြီးထဲမှာ အချက်အသစ် ၁၆ ခု တွေ့တယ်လို့ ဆိုလိုတာပေါ့ အန်တီအေးရယ်'' ''ဘယ်သူတွေက ဦးဆောင် တာလဲ ဒေါက်တာ'' Barts and the London Medical School က Professor Mark Caulfield က ဦးဆောင်တဲ့ ပညာရှင်အုပ်စုထဲက တစ်ဦးပဲ။ သူက ပြောတယ်။ မျိုးရိုးဗီဇမူကွဲတစ်ခုတစ် ခုစီကို အနည်းဆုံး လူဦးရေ ငါးရာ ခိုင်နှုန်းမှာ တွေ့ရပါတယ်တဲ့။ တွေ့ ရများတဲ့ မူကွဲဆိုရင် ၁၄ ရာခိုင်နှုန်း အထိ ရှိနေပါတယ်တဲ့'' ''ဒါဆို လွှမ်းမိုးမှုအတော်ရှိနေ တာပဲ'' ''ဟုတ်တယ် အန်တီအေး။ အခုပြောတဲ့ မျိုးရိုးဗီဇတွေက သွေး တိုးရောဂါနဲ့ ဆက်စပ်နေတယ်။ ဒီ မျိုးရိုးဗီဇတွေကို ခုလို ရှာဖွေတွေ့ ရှိလိုက်တာဟာ ကြီးမားတဲ့အောင် မြင်မှုပါပဲ။ အရင်က သိပ်မသိခဲ့ဘူး။ ခုလို ရှာဖွေတွေ့ရှိတဲ့အတွက် အနာ ဂတ်မှာ ဆေးဝါးသစ်တွေ ပေါ်ထွန်း လာလိမ့်မယ်တဲ့'' ''နမူနာတစ်ခုလောက် ပြောပြ ပါလား'' ''နမူနာအနေနဲ့ Nitric Oxide ဆိုတဲ့ ဓာတုဒြပ်ပေါင်း အကြောင်း တင်ပြထားပါတယ်။ ဒီဒြပ်ပေါင်းဟာ ဓာတုဖြစ်စဉ်အဆင့်ဆင့်ကနေ ထွက် ပေါ်လာတာ။ ဒီဒြပ်ပေါင်းက သွေးကြော တွေကိုကျယ်စေတယ်။ သွေးကြော ကျယ်ရင် သွေးပေါင်ကျလာတယ်။ ဒီဒြပ်ပေါင်းကို အခြေခံထားပြီး ဆေး ဝါးသစ်တွေထုတ်လို့ရတယ်။ မျိုးရိုး ဗီဇ သုတေသနကနေ ဒီဒြပ်ပေါင်း အကြောင်း သိလာခဲ့တာပဲ အန်တီ'' ''အေးကွယ်ရှင်းပါဦး'' ''Professor Caulfield က ဆက်ပြောထားတာ ရှိသေးတယ်။ ဓာတ်ခွဲခန်းမှာ ဖော်ထုတ်ရရှိတဲ့ တွေ့ ရှိချက်အသစ်တွေက နောင်ကာလမှာ ဆေးလက်တွေ့ နယ်ပယ်မှာ ကုထုံး သစ်တွေ ပေါ်လာဖို့ အထောက်အကူ ဖြစ်စေပါတယ်တဲ့။ အလားအလာ ကောင်းတဲ့သဘောပေါ့ အန်တီအေး ရယ်'' ''အေးကွယ်အားရစရာပါပဲ'' ''ပညာရပ်နယ်ပယ်က အလွန် ကိုကျယ်ပြန့်ပါတယ်။ ခုလို သုတေ သန လုပ်ပေမယ့် အကုန်မသိရသေး ပါဘူး။ သွေးတိုးရောဂါနဲ့ မျိုးရိုးဗီဇ ဆက်စပ်မှုမှာ ခုလက်ရှိ ပညာရှင် တွေ တွေ့ထားတာက အကြောင်းအရာ တစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါ သေးတယ်တဲ့'' ''ဟာ- ဒါဆို ၉၉ ရာခိုင်နှုန်း ကို မသိသေးဘူးပေါ့'' ''ဟုတ်တယ် အန်တီအေး။ နောက်ထပ်သိစရာတွေ အများကြီး ကျန်သေးတယ်'' ''တစ်ရာခိုင်နှုန်းသိတာတောင် အတော်အသုံးကျနေပါပြီကွယ်'' ''ခုလုပ်ပြီးထားတာက ပထမ လေ့လာချက်ပေါ့။ ခု ဒုတိယလေ့လာ ချက်လုပ်နေပြီ။ ဒုတိယလေ့လာချက် အရ နောက်ထပ် မျိုးရိုးဗီဇမူကွဲအသစ် ခြောက်ခု ထပ်တွေ့ပြန်ပြီ'' ''အေး- ထပ်တွေ့တာ ကောင်း တာပေါ့ကွယ်'' ''အင်္ဂလန်မှာ British Heart Foundation ဆိုတဲ့ အသင်းကြီးရှိ တယ်။ နှလုံးရောဂါဆိုင်ရာ အသင်း ကြီးပေါ့။ ဒီအသင်းကြီးက ဆေးဖက် ဆိုင်ရာ ညွှန်ကြားရေးမှူးက Professor Peter Weissberg တဲ့။ သူကပြောတယ်။ ကမ္ဘာတစ်ဝန်းလုံး က ပညာရှင်တွေဟာ စုပေါင်းပြီး သုတေသန လုပ်နေကြပါတယ်တဲ့။ သွေး တိုးရောဂါနဲ့ မျိုးရိုးဗီဇ ဆက်စပ် မှုကို ရှာဖွေတွေ့ရှိလာကြပါပြီတဲ့။ အရင်ကထက်ပိုပြီး အသေးစိတ်သိ လာပါတယ်တဲ့။ ဒါဟာ အနာဂတ်မှာ ကုထုံးသစ်တွေ ပေါ်လာဖို့ လမ်းခင်း ပေးနေတာပါပဲတဲ့'' ''အားကိုးစရာဆေးဝါးသစ် တွေရလာမှာပေါ့ကွယ်'' ''ဟုတ်ပါတယ် အန်တီအေး။ သွေးတိုးရောဂါဟာ လျှို့ဝှက်ဆန်း ကြယ်တဲ့ ဆေးပညာပုစ္ဆာတစ်ပုဒ်ပါ ပဲ။ မျိုးရိုးဗီဇဆိုတာ ဒီပုစ္ဆာရဲ့ အစိတ် အပိုင်းတစ်ခုပဲရှိပါသေးတယ်။ အနေ အထိုင် အစားအသောက်ပုံစံကိုပါ ဒီပုစ္ဆာထဲမှာ ထည့်စဉ်းစားရမှာပါ'' ''အန်တီအေးလဲ ခုနေတော့ သက်သာနေပါတယ်။ သွေးပေါင်လဲ ပုံမှန်ပါပဲ'' ''အန်တီအေးက အငန်လဲ လျှော့စားတယ်။ အဆီအဆိမ့်လဲ လျှော့စားတယ်။ ကိုယ်အလေးချိန် လဲကျသွားတယ်။ လေ့ကျင့်ခန်းလဲ မှန်မှန်လုပ်တယ်။ ဒါကြောင့် သွေးတိုး ရောဂါ သက်သာနေတာပေါ့'' ''သွေးတိုးက စိတ်လဲပါတယ်။ ဒေါသဖြစ်ရင်ပိုတိုးတယ်။ အရင်က အန်တီအေးက ဒေါသကြီးတယ်။ ကျောင်းအုပ်ဆရာမကြီးလုပ်စဉ်က ဆရာမလေးတွေဆိုတာ အန်တီအေး ကို သိပ်ကြောက်တာ။ ဒေါသဖြစ်လာ ရင် အရမ်းဆူတာကိုး။ ခုတော့ တရား ထိုင်တယ်။ ဒေါသလဲ နည်းသွားပြီ။ ဒါကြောင့်လဲ သွေးပေါင် မှန်သွားတာ ကွယ့်'' ''အန်တီအေးပြောတာမှန် တယ်။ စိတ်လဲပါတယ်။ ဒေါသကြီး ရင် သွေးတိုးတတ်သလို ပူပင်သော ကများရင်လဲ သွေးတိုးတတ်တယ်။ ကျွန်မလူနာတစ်ယောက်က တစ်ချိန် လုံးသွေးတိုးနေတာ။ သူ့သမီးက ဝန် ထမ်း၊ နယ်ခြားဒေသမှာ တာဝန် ကျ နေတယ်။ သမီးကို စိတ်ပူပြီး သွေး တိုးနေတာ။ ခုတော့သမီးက ရန်ကုန် ရုံးချုပ်ပြန်ပြောင်းရတယ်။ ပြန်ပြောင်း ရတဲ့ အချိန်ကစပြီး သွေးပေါင်မှန် သွားတယ်လေ'' ''ဟုတ်တာပေါ့ ဒေါက်တာ ရယ်'' စကားကောင်းနေကြစဉ် ကား ရပ်သံကြားရပြန်၏။ ''တူမလေးရေ ကြည့်ပါဦး ကွယ်'' တူမဖြစ်သူ သန္တာဦးက အပြေး ကလေး သွားကြည့်လိုက်၏။ ''အန်တီအေး၊ ဒေါက်တာ ဦး ကျော်ဆွေသိန်းရောက်နေတယ်'' ''အေးအေး ဖွင့်ပေးလိုက်'' မကြာမီ ဒေါက်တာ ကျော် ဆွေသိန်း ရောက်ရှိလာ၏။ ''မင်္ဂလာပါ အန်တီ။ ဒေါက် ခင်ပန်ဆောင်းလဲ ရောက်နေတာကိုး'' ''မင်္ဂလာပါ မောင်ကျော်ရေ။ ဧကန္တ ခရေပန်း လာတောင်းတာ ထင်တယ်။ သန္တာဦးမနက်စောစော က ကောက်ထားတာတွေရှိတယ်။ ပေးလိုက်မယ်'' ''မြင်တာနဲ့ တန်းပြောနိုင်တယ်။ အန်တီ အကြားအမြင်များရနေ တာ လား'' ''ဟဲဟဲ၊ သတင်းက ကြားနေ ရတယ်လေ'' ''ဘာသတင်းများလဲ အန်တီ အေး'' ''အင်းစိန်တောင်သူကုန်းက အိမ်တစ်အိမ်ကို နေ့တိုင်း သွေးပေါင် သွားသွားချိန်နေတယ်ဆိုတဲ့ သတင်း ပေါ့'' ''ဟာ- အန်တီအေး ဘယ်လို သိသွားပါလိမ့်'' ''လူနာက စောဒေးဗစ်တဲ့။ ကရင်အဘိုးကြီး။ သူ့မှာ သမီးချော ချောလေးရှိတယ်။ နော်ရှီလာတဲ့။ ကောင်မလေးက ခရေပန်းကြိုက် တယ်။ အဲဒါခုတောင်သူကုန်း အသွား ခရေပန်း တောင်းဖို့ ဝင်လာ တာမဟုတ်လား'' ''ဟာ-လျှို့ဝှက်ချက်တွေ ပေါ် ကုန်ပါပြီ'' ''ကဲပါ။ ရှက်မနေပါနဲ့။ ခရေ ပန်းယူသွားပါဦး'' ဒေါက်တာ ကျော်ဆွေသိန်း သည် ခရေပန်းယူရန် သန္တာဦး နောက်သို့ လိုက်သွားလေ၏။ ''ဆရာကျော်တစ်ယောက် သွေးတိုးကို အကြောင်းပြုပြီး အဆင် ပြေနေတာကိုး'' ဒေါက်တာ ခင်ပန်ဆောင်းက တိုးတိုးကလေး ပြောလိုက်လေ၏။ အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "High Blood Pressure Genetic Clues" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။

အောင်(ဆေး ၁)

သွေးတိုးရောဂါ ကုထုံးအတွက် တွေ့ရှိချက်အသစ်

သွေးတိုးရောဂါ ကုထုံးအတွက် တွေ့ရှိချက်အသစ်

မိုးက တဖွဲဖွဲရွာနေ၏။ ရန်ကုန်-အင်းစိန်လမ်းမကြီး ပေါ်တွင် ယာဉ်မျိုးစုံ ဥဒဟိုသွားလာ နေ၏။ ဦးရွှေနုလမ်းထိပ်နှင့် ဓားလွယ် ခုတ်အနေအထားတွင် တည်ရှိသော ငွေတောင် လက်ဖက်ရည်ဆိုင်သည် လက်ဖက်ရည် အရသာကောင်းသဖြင့် နာမည်ကြီးလျက်ရှိ၏။ ယနေ့ညနေတွင် ထိုဆိုင်၌ ဒေါက်တာခင်ပန်ဆောင်း၊ ကဗျာ ဆရာမ မကြည်ဆွေ၊ ဝတ္ထုတိုဆရာမ မစံပယ်နှင့် ဓာတ်ခွဲခန်းမှူး ဦးဥာဏ် အုန်းတို့ လက်ဖက်ရည်သောက်နေ ကြ၏။ ဓာတ်ခွဲခန်းမှူး ဦးဥာဏ်အုန်း သည် ဦးရွှေနုလမ်းထဲ၌ နေထိုင်သူ ဖြစ်ပြီး ဧည့်သည်လာပါက ထိုဆိုင် တွင် ဧည့်ခံလေ့ရှိ၏။ လာသမျှ ဧည့် သည်များသည် အားလုံးလိုလို စာပေ လောကသားများဖြစ်နေခြင်းက ထူး ခြားချက်ဖြစ်နေ၏။ ''ဦးဥာဏ်အုန်း၊ လက်ဖက်ရည် က အတော်ကောင်းတာပဲ'' ''ဟုတ်တယ်ဒေါက်တာ၊ ဒေါက်တာက တစ်ခါတလေမှ လာ တော့ ခုမှ သောက်ဖူးတာပေါ့။ ကယားကြီးတို့အုပ်စုကတော့ နေ့ တိုင်းလိုလိုပါပဲ'' ''သူတို့အုပ်စုက မောင်တိုင်ပြာ တို့၊ မောင်ဒေါနတို့ပါတယ် မဟုတ် လား'' ''ဟုတ်တယ်ဒေါက်တာ၊ သူတို့ က အင်းစိန်သားတွေလေ'' ''ဒါကြောင့် နေ့တိုင်း ရောက် တာပေါ့။ ပြီးတော့ ကျွန်မကြားထား တာရှိသေးတယ်။ ဒီနားမှာ ဒေါ်ပြုံး ထမင်းကြော်ဆိုင်ရှိတယ်ဆို'' ''ရှိတယ်ဒေါက်တာ။ ဝက်သား ဟင်းနဲ့ ထမင်းကြော် သိပ်ကောင်း တယ်'' ''တစ်ခါလောက်မြည်းကြည့် ချင်တယ်'' ''မှာပေးမယ်ဒေါက်တာ'' ''သြော်-ဒါနဲ့၊ ကဗျာဆရာ ကျော်ခေါင်တစ်ယောက်ရော'' ''သွေးတိုးနေလို့ မလာနိုင်ဘူး တဲ့ ဒေါက်တာ။ သူက ဒဂုံမြို့သစ် မှာနေတယ်'' ''သြော်-အဝေးကြီးပဲ။ ခါတိုင်း တော့ လာနေကျထင်ပါရဲ့'' ''ဟုတ်တယ်ဒေါက်တာ။ ခါ တိုင်းတော့လာပါတယ်။ ဒါနဲ့ သွေးတိုးနဲ့ ပတ်သက်တဲ့ သတင်း အသစ်အဆန်းများကြားမိသေးလား ဒေါက်တာ'' ''ကျွန်မ Lancet ဆေးပညာ ဂျာနယ်ထဲမှာ ဖတ်မိထားတာ ရှိ တယ်။ ပြောပြမယ်'' ''ကြားပါရစေ ဒေါက်တာ'' '' NICE ဆိုတဲ့ အဖွဲ့ကြီးရဲ့ အာ ဘော်အရ သွေးတိုးရောဂါ ရှိတယ် ထင်ရင် လူနာကို အိမ်မှာပဲ သွေးပေါင် တိုင်းကြည့်သင့်တယ်တဲ့။ အိမ်မှာ တိုင်းလို့ သွေးပေါင်တက်မှ သွေးတိုး ရောဂါလို့ သတ်မှတ်စေချင်တယ်တဲ့'' ''အဲဒီ NICE က ဘယ်လို အဖွဲ့ လဲဒေါက်တာ'' '' NICE က အတိုကောက်ပါ။ အပြည့်အစုံက National Institute for Health and Clinical Excellence တဲ့။ ဒီအဖွဲ့က အင်္ဂလန် နဲ့ ဝေလဒေသမှာရှိတဲ့ လူနာတွေကို အိမ်မှာပဲ သွေးပေါင်ချိန်ဖို့ ပြော ထားတယ်။ ချိန်တဲ့နေရာမှာ Mobile Device သုံးမယ်။ ဒီကိရိယာက ၂၄ နာရီစလုံး သွေပေါင်းတိုင်းနေမယ် တဲ့'' ''အရင်က လူနာတွေ ဆေး ခန်းသွားပြီး သွေးပေါင်ချိန်တာပဲ။ ခု ကျမှ ဘာဖြစ်လို့ အိမ်မှာချိန်ခိုင်းတာ လဲ'' ''ဒီလိုဗျ။ ဆေးခန်းသွား ချိန် ရတာ တချို့လူနာအတွက် စိတ်ဖိ စီးမှု ဖြစ်စေတယ်။ သွေးပေါင်မရှိဘဲ စိတ်ကြောင့် သွေးတိုးနေတတ် တယ်။ ရောဂါအမည်တပ်တာမှား သွားနိုင်တယ်။ သွေးတိုးမရှိဘဲ ရှိတယ် ဖြစ်တတ်တယ်။ မလိုအပ်ဘဲ ဆေး တွေသောက်နေရတတ်တယ်'' ''သြော်- ဒါကြောင့်ကိုး'' ''အင်္ဂလန်နိုင်ငံမှာ စာရင်း ဇယားနဲ့ တွက်ချက်ထားတာရှိ တယ်။ လူနာဦးရေ စုစုပေါင်းရဲ့ လေး ပုံတစ်ပုံဟာ ဆေးခန်းသွားရရင် စိတ် ဖိစီးမှုဖြစ်တယ်။ သွေတိုးမရှိဘဲ ရှိ တယ်ဖြစ်ကုန်တယ်။ ဒါကြောင့် အိမ် မှာပဲ သွေးပေါင်ချိန်စေချင်တာ'' ''သူတို့ဆီမှာ သွေးတိုးရောဂါ လူနာများလား'' ''များတယ်။ သွေးတိုးဆိုတာ က အပေါ်သွေး ၁၄ဝ၊ အောက်သွေး ၉ဝ ထက် များနေရင် သွေးတိုးလို့ သတ်မှတ်တယ်။ ယူကေမှာလူကြီး ဦးရေ စုစုပေါင်းရဲ့ လေးပုံတစ်ပုံက သွေးတိုးဖြစ်နေတယ်။ သွေးတိုး ကြောင့် နောက်ဆက်တွဲအနေနဲ့ နှလုံး ရောဂါရယ်၊ လေဖြတ်ရောဂါရယ် ဖြစ် လာနိုင်တယ်။ သွေးတိုးကုရတဲ့ ဆေး ဝါးကုန်ကျစရိတ်က တစ်နှစ်ကို တစ် ဘီလီယံစတာလင်ပေါင်ရှိတယ်။ ဒါက ဆေးဝါး သက်သက်နော်။ တခြားစရိတ်တွေ မပါသေးဘူး'' ''ဟာ-စတာလင်ပေါင် တစ်ဘီ လီယံဆိုတာ ဧရာမ ကုန်ကျစရိတ် ပဲ'' ''ဒါပေါ့။ ဒါကြောင့် သွေးတိုး ရောဂါသုတေသနတွေ လုပ်နေရတာ။ သုတေသနလုပ်လိုက်တော့ လူနာ လေးပုံတစ်ပုံဟာ White Coat Hypertension ဖြစ်နေတယ်တဲ့'' ''ဝတ်ရုံဖြူက သွေးတိုးစေလို့ လား ဒေါက်တာ'' ''ကျွန်မရှင်းပြပါ့မယ်။ ဝတ်ရုံ ဖြူဆိုတာ ဆရာဝန်တွေ ဝတ်တဲ့ ဂျူ တီကုတ်ကို ဆိုလိုတာပါ။ ဆရာဝန် နဲ့ တွေ့ရင် လူနာမှာ စိတ်ဖိစီးမှု ဖြစ် ပြီး သွေးတိုးလာရော။ နဂိုကရောဂါ မရှိဘဲ စိတ်ဖိစီးမှုကြောင့် ယာယီ သွေး တိုးနေတာကို White Coat Hypertension လို့ တင်စားခေါ်တာ ပါ။ သွေးတိုးရောဂါ အစစ်မဟုတ် ဘဲ ခဏယာယီ ဖြစ်တဲ့ သွေးတိုးရော ဂါအတုပေါ့ရှင်'' ''သြော်-ရှင်းပါပြီဒေါက်တာ'' '' NECE က လူနာတွေကို Ambulatory Monitoring လုပ်ဖို့ တိုက်တွန်းထားတယ်။ သဘောက ဆေးခန်းမသွားဘဲ အိမ်မှာ သွေးချိန် ဖို့ ဆိုလိုတာပါ'' ''ဆရာဝန်မရှိဘဲ ဘယ်လို ချိန် မလဲ ဒေါက်တာ'' ''အထူးပြုလုပ်ထားတဲ့ ကိရိ ယာရှိတယ်။ ကိရိယာက ဆရာဝန် မလိုဘူး။ သူ့ဘာသာ သူ အလိုလိုချိန် ပေးတယ်။ ပြီးတော့ ခဏခဏ ချိန် တယ်။ နာရီဝက်လောက် ကြာတိုင်း ကြာတိုင်း တစ်ခါတစ်ခါချိန်တယ်။ နေ့ရောညရော ၂၄ နာရီလုံးလုံးချိန် တယ်'' ''ဟာ- တယ်လဲဟန်ကျပါ လား'' ''ဟန်ကျတာပေါ့။ ဆရာဝန် ဆီ သွားစရာမလိုတော့ဘူး'' ''ဟုတ်တယ်နော် ဒေါက်တာ။ ဆေးခန်းသွားရတာလဲ မလွယ်လှ ဘူး'' ''သုတေသန စာတမ်းနဲ့ အတူ လမ်းညွှန်ချက်အသစ်ပါကြော်ငြာ ထားတယ်'' ''ဟုတ်ကဲ့ဒေါက်တာ'' ''သုတေသီ တစ်ဦးဖြစ်တဲ့ Professor Richard McManus က ပြောတယ်။ သူက University of Birmingham က ပါမောက္ခ ကြီးပဲ။ အခုသုတေသနက ခုလို အိမ်တိုင် ရာရောက် သွေးချိန်ပေးတာဟာ ကောင်းပါတယ်လို့ ညွှန်ပြထား ပါ တယ်တဲ့။ ကုသရေးမှာပိုပြီး ထိ ရောက် လာပါတယ်တဲ့။ လူနာလဲ ပို အကျိုးရှိပါတယ်တဲ့။ ပြီးတော့ ကုန်ကျစရိတ်လဲ သက်သာတယ် တဲ့'' ''ဟုတ်ကဲ့ဒေါက်တာ'' ''သူက ဆက်ပြောတယ်။ ခု ဒီစနစ်ဟာ တချို့နေရာတွေမှာ ကျင့် သုံးနေတာ တွေ့ရပါတယ်တဲ့။ ခု စနစ်ကို သုံးရင် ဆရာဝန်ရော လူနာ ရော နှစ်ဦးနှစ်ဘက် အကျိုးရှိမှာ ဖြစ် ပါတယ်တဲ့။ သွေးတိုးရောဂါဆိုတာ ရာသက်ပန် ဆေးကုနေရတဲ့ ရောဂါ မျိုးဖြစ်ပါတယ်တဲ့။ ဒါကြောင့် အစကနဦးမှာဆုံးဖြတ်ချက် မှန်မှန် ကန်ကန်ချနိုင်ဖို့ အရေးကြီးပါတယ် တဲ့'' ''သွေးတိုးမရှိဘဲ သွေးကျ ဆေး သောက်ရရင် ဒုက္ခနော် ဒေါက်တာ'' ''ဟုတ်တယ်လေ။ ဒါကြောင့် သွေးတိုးတကယ်ရှိ၊ မရှိ သိဖို့ အရေး ကြီးတာပေါ့။ ဒီလို ကိရိယာသစ် သုံး တော့ စခါစမှာတော့ ရင်းနှီးမြှုပ်နှံရ မယ်။ ကုန်ကျစရိတ်က စတာလင် ပေါင် စုစုပေါင်း ပေါင်နှစ်သန်းခွဲ ရှိ မယ်။ ဒါပေမယ့် ရေရှည်မှာစရိတ် သက်သာတာရှိမယ်။ ရေရှည်မှာ တစ် နှစ်တစ်နှစ်ကို စတာလင်ပေါင် ဆယ် သန်းခွဲလောက် သက်သာလိမ့်မယ် တဲ့'' ''ရေရှည်မှာ ကုန်ကျစရိတ် ပြန် သက်သာမှာကိုး'' ''ဟုတ်ပါတယ်။ British Heart Foundation ဆိုတဲ့ အသင်းကြီးက အထက်တန်း နှလုံး အထူးသူနာပြု ဖြစ်တဲ့ Cathy Ross ကလဲ ပြောတယ်။ ယူကေမှာ သွေးတိုးရောဂါလူနာတွေ တိုးလာ နေပါတယ်တဲ့။ တစ်နှစ်ကို လူနာ သစ် ၁၂ သန်းလောက်ရှိနေပါတယ် တဲ့။ ပြီးတော့ လူဦးရေ ၅.၇ သန်း က သွေးတိုးရှိလျက်နဲ့ ကိုယ့်ဘာသာ မသိဘူး ဖြစ်နေပါတယ်တဲ့။ သွေးတိုး ကနေ တစ်ဆင့် နှလုံးရောဂါနဲ့ လေ ဖြတ်ရောဂါ ဖြစ်လာနိုင်ပါတယ်တဲ့။ ဒါကြောင့် သွေးတိုးကို တတ်နိုင် သရွေ့ စောစောစီးစီး ဖော်ထုတ်ပြီး စောစောစီးစီး ကုသရပါမယ်တဲ့'' ''ဟုတ်ကဲ့ဒေါက်တာ'' ''သူက ဆက်ပြောတယ်။ ခု လမ်းညွှန်ချက်အသစ်က ကုသရေးမှာ အတော်ထိရောက်မှာဖြစ်ပါတယ်တဲ့။ အထူးသဖြင့်စိတ်ဖိစီးမှုကြောင့် သွေး တိုးနေတဲ့ လူနာတွေအတွက် ပို အကျိုးရှိပါလိမ့်မယ်တဲ့။ ခုလက်ရှိ နည်းဟောင်းတွေမကောင်းဘူးလို့ မဆိုလိုပါဘူးတဲ့။ ခုလမ်းညွှန်ချက် အသစ်က ပိုကောင်းလာဖို့ ရည်ရွယ် တာဖြစ်ပါတယ်တဲ့။ သွေးတိုးရှိတယ် လို့သံသယရှိရင်မိသားစုဆရာဝန်နဲ့ တိုင်ပင် ဆွေးနွေးစေချင်ပါတယ်တဲ့'' ''ဟုတ်ကဲ့ဒေါက်တာ'' ''NICE အဖွဲ့ကြီးမှာ Guideline Development Group ဆိုတာ ရှိတယ်။ ပါရဂူတွေစုထားတဲ့ အုပ်စုဆိုပါတော့။ ဒီအုပ်စုရဲ့ခေါင်း ဆောင်က University of Leicester က Professor Bryan Williams ဆို တဲ့ ပါမောက္ခ ပဲ။ သူကပြောတယ်။ လောလောဆယ်မှာ ကိရိယာအသစ် အတွက် ကုန်ကျစရိတ် ရှိမယ်တဲ့။ ရင်းနှီးမြှုပ်နှံမှုလုပ်ရမယ်တဲ့။ ဒါပေ မယ့် တစ်ဘက်က အကုန်အကျ သက်သာမှာတွေရှိတယ်တဲ့။ ကုသဖို့ မလိုတဲ့အတွက် သက်သာသွားတဲ့ စရိတ်တွေ၊ ဆရာဝန်ဆီ ခဏခဏ မသွားလို့သက်သာတဲ့စရိတ်တွေ၊ ဒါတွေက တစ်ဘက်ကနေ သက်သာ မှာတွေတဲ့။ ဒီစရိတ်ကလဲ မနည်းဘူး လေ။ လေးငါးနှစ်လောက်ဆိုရင် ပေါင် စတာလင် ဆယ်သန်းလောက် သက်သာမှာတဲ့'' ''ဟာ- မနည်းဘူးနော်။ အတော် သက်သာသွားတာပဲ'' ''ဒီလုပ်ရပ်ကို British Hypertension Society ဆိုတဲ့ အဖွဲ့ ကြီးရဲ့ ဥက္ကဋ္ဌ ဖြစ်တဲ့ Professor Mark Caulfield ကလဲ ထောက်ခံ ထားတယ်။ သူက ပြောတယ်။ သုတေသနအထောက်အထားအရ ခု လုပ်ရပ်ဟာကောင်းပါတယ်တဲ့။ ခု ၂၄ နာရီပတ်လုံး သွေးပေါင်တိုင်းတဲ့ အတွက် သွေးတိုးရောဂါကို ပိုပြီး တိတိကျကျ သတ်မှတ်နိုင်သွားပါပြီ တဲ့။ ရောဂါရှာဖွေရေးမှာလဲ ပိုကောင်း သွားပါပြီတဲ့'' ''ပါရဂူ ကိုယ်တိုင်ထောက်ခံ တယ်ဆိုတော့ ခိုင်မာပါတယ် ဒေါက် တာ'' “Health Minister Anne Milton ကလဲ ထောက်ခံ ထားတယ်။ ဒီလမ်းညွှန်ချက်တွေကို စိတ်ချ လက် ချ သုံးလို့ရပါပြီ'' ''စောစောက ဒေါက်တာ ပြော တဲ့ စက်ကလေးလိုချင်တယ်ဒေါက် တာရယ်'' ''ကျွန်မ သူငယ်ချင်း အင်္ဂလန် မှာရှိတယ်။ ကျွန်မ မေးကြည့်ဦး မယ်'' ''လုပ်ပါ ဒေါက်တာရယ်။ ဆောင်ထားရရင် ကောင်းမယ်'' ''ကောင်းတာပေါ့။ ကျွန်မ ကြိုးစားကြည့်ပါ့မယ်'' ''ကျေးဇူးပါပဲ ဒေါက်တာ'' ထိုစဉ် ဒေါ်ပြုံးထမင်းဆိုင်မှ မှာထားသော ထမင်းကြော်နှင့် ဝက် သားဟင်းရောက်လာသဖြင့် အားရ ပါးရ စားသောက်ကြလေ၏။ အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "Blood Pressure Guideline Revised in England and Wales" ဆေးပညာဆောင်း ပါးကို မှီငြမ်းကိုးကားပါသည်။

အောင်(ဆေး ၁)

ခန္ဓာကိုယ်နံ့ကို ကာကွယ်ခြင်း

yatimay

ရုံးဆင်းပြီးပြီးချင်း သူငယ်ချင်းတစ်အုပ်စု ညနေဘက် အချိန်ပိုင်း သင်တန်းလေး တစ်ခုရှိရာ ခပ်သုတ်သုတ် ထွက်လာကြပါတယ်။ သင်တန်းတည်ရှိရာ အသွား ဓာတ်လှေကား အတွင်း ဝင်ရာမှာတော့ တစ်ဦး တစ်ယောက်ထံမှ ခန္ဓာကိုယ်နံ့ တစ်နည်းပြောရရင် ချွေးနံ့တွေ ဆိုးဆိုးဝါးဝါး ထွက်ပေါ်နေပါတယ်။ အသေအချာ စစ်ကြည့် တဲ့အခါမှ မိုးဖြူ (အမည်လွှဲ) တစ်ယောက်ထံမှ ဖြစ်ပါတယ်။ အဲဒါကိုသိတဲ့ မိုးဖြူတစ်ယောက် သင်တန်းခန်းမထဲ ဆက်မဝင်တော့ဘဲ အိမ်ကို တန်းပြန်သွားခဲ့ပါတယ်။
မိမိခန္ဓာကိုယ်မှ ထွက်လာတဲ့ အနံ့အသက် ကို ပထမဦးဆုံးစပြီး သတိထားမိသူဟာ မိုးဖြူ တစ်ယောက်တည်း မဟုတ်ပါဘူး။ ဒီလိုအနံ့အ သက်ထွက်ခြင်းကို အပျို၊ လူပျိုဖော်ဝင်စ အရွယ်ရောက်ချိန် သွေးအတွင်း ဖိုဟော်မုန်း အင်ဒရိုဂျင် (androgens)များလာရခြင်းနဲ့ ဆက်စပ်လျက်ရှိ တာကို တွေ့ရပါတယ်။ ဒါကြောင့် ဒီဟော်မုန်း အလုပ်မလုပ်သေးတဲ့ ငယ်ရွယ်စဉ် ကလေးဘဝမှာ ခန္ဓာကိုယ် အနံ့အသက် ပြဿနာတွေ တွေ့ရလေ့ မရှိပါ။ ဒါ့အပြင် မိမိတို့ ခန္ဓာကိုယ်မှ ထွက်သော ချွေး (sweat) ဟာ ယေဘုယျအားဖြင့် အနံ့အသက် ကင်းပါတယ်။ သို့သော် အရေပြားပေါ်ရှိ ဗက်တီးရီးယား ပိုးများဟာ ချွေးထွက်ရာ ပတ်ဝန်းကျင်ကို ပေါက်ပွားရာ၊ မွေးဖွားရာ အရပ်ဒေသ (breeding-ground)အဖြစ် အသုံးပြုကြရာမှ အနံ့အသက်များ ထွက်ပေါ်လာရခြင်းဖြစ်ပါ သည်။ ကျန်းမာရေးအတွက် လေ့ကျင့်ခန်းလုပ်ခြင်း သို့မဟုတ် ပူအိုက်သော ရာသီဥတု၊ နေရောင်အောက်တွင် လှုပ်ရှားသွားလာ ရသောအခါ မိမိ တို့၏ ခန္ဓာကိုယ်တွင် ချွေးထွက်ခြင်း ဖြစ်ပေါ်သည်။ ဤကဲ့သို့ ထွက်ရခြင်းမှာ လှုပ်ရှားမှုကြောင့် ခန္ဓာကိုယ်အတွင်း တက်လာသောအပူရှိန်ကို လျှော့ချထိန်းညှိရန်အတွက် သဘာဝအလျောက် ဖြစ်လာသည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။ အရေပြား အပေါ်သို့ ထွက်လာသော ချွေးနှင့်ဗက်တီးရီး ယားတွေ့ဆုံရာမှ ခန္ဓာကိုယ် အနံ့အသက်တို့ ထွက်ပေါ်လာရသည်။ ချွေးထွက်ခြင်းကို ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများ အပေါ်၌ တွေ့ရလေ့ ရှိသော် လည်း ခန္ဓာကိုယ်အနံ့အသက်အများဆုံးဖြစ်ပေါ် စေနိုင်သည့် ဧရိယာအဖြစ် ချိုင်းကြားလိုနေရာ မျိုးကို ဖော်ပြလေ့ရှိကြသည်။ အခြားဧရိယာ များအနေဖြင့် ပေါင်ခြံကြား၊ စအိုတစ်ဝိုက်၊ ပေါင်ရင်းဘက်၊ ခြေထောက်တို့၌လည်း ချွေးထွက်လာလျှင် အနံ့ဆိုးဖြစ်ပေါ် လေ့ရှိသည်။ ထို့ကြောင့် အထက်ပါ ဧရိယာတို့တွင် ချွေးထွက်ပါ က ချေး တွန်းရာတွင် အသုံးပြုလေ့ရှိသော အဝတ်စ၊ ဆပ်ပြာတို့ဖြင့် အသေအချာ တိုက်ချွတ်ဆေးကြော ပေးနိုင်လျှင် ခန္ဓာကိုယ်မှ အနံ့အသက် ဆိုးထွက်ခြင်းကိုလည်း ကာကွယ်ပြီး ဖြစ်ပါလိမ့်မည်။ နောက်တစ်ချက်က ခြေဖဝါးနှင့် ခြေချောင်းလေးများမှ အနံ့ဆိုးထွက်ခြင်းဖြစ်သည်။ တစ်ခါ တစ်ရံတွင် အနံ့ဆိုးသော ရှူးဖိနပ်တို့ကြောင့် လည်းဖြစ်နိုင်သည်။ ဤအတွက် ရှူးဖိနပ်ကို ခြောက်သွေ့ပြီး လေအဝင်အထွက် ကောင်းသည့် ဖိနပ်စင်တွင်ထားရှိခြင်း၊ အနံ့အသက်ပျောက်စေသည့် ရှူးဖိနပ် ဖျန်းဆေး အတောင့်(deodorizer) များဝယ်ယူ အသုံးပြုခြင်းဖြင့်လည်း တားဆီးနိုင်သည်။ မိမိအနေဖြင့် ခြေထောက်မှ ချွေးထွက်သန်သူ ဖြစ်လျှင် ချွေးစုပ်သော ခြေအိတ်ထူထူကို ဝတ်ဆင်နိုင်လျှင် ပိုကောင်းပါသည်။

ခန္ဓာကိုယ်မှ အနံ့အသက်ကင်းလိုလျှင် အောက် ပါအချက်တို့ကို လိုက်နာဆောင်ရွက်သင့်ပါသည်။
၁။ ရေ၊ ဆပ်ပြာတို့နှင့် သန့်စင်ပြီးလျှင် ထိုအနံ့ အသက်ထွက်တတ်သည့် ဧရိယာကို ခြောက် သွေ့အောင် ပြုလုပ်ပါ။ ဥပမာအားဖြင့် ချိုင်းကြား လိုနေရာမျိုးကို ချွေး တိတ်ဆေး(antiperspirant) သုတ်လိမ်းပေးပါ။ မှတ်သားရန် အချက်မှာ အနံ့ အသက်ပျောက်ဆေး(deodorants) များသည် ချွေးထွက်ခြင်းကို အကာအကွယ် မပေးနိုင်ပါ။ ၄င်းတို့သည် ချွေးထွက်သော ဧရိယာပေါ်ရှိ ဗက်တီးရီးယားတို့ကြောင့် ဖြစ်ပေါ်သော အနံ့ အသက်ကို၊ မွှေးရနံ့ဖြင့် ဖုံးအုပ်သည့် အစွမ်းကိုသာပေးနိုင်ကြ ပါသည်။ (antiperspirants) အတော်များများတွင် (deodorants)များ ထည့်သွင်းဖော်စပ်ရောင်းချ လေ့ရှိပါသည်။ မိမိဝယ်ယူအသုံးပြုသော ပစ္စည်းများ၏ ပါဝင်ပစ္စည်း အတွင်း ချွေးတိတ်ဆေးပါမပါ စစ်ဆေးဝယ်ယူအသုံးပြုဖို့လိုပါမည်။
၂။ ချိုင်းကြားကို ခြောက်သွေ့နေပါစေ။ ခြောက်သွေ့သော အရေပြား အပေါ်တွင် ဗက်တီးရီးယား တို့ပေါက်ပွားရန် မလွယ်ကူသောကြောင့် ဖြစ်သည်။
၃။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ် (hydrogen peroxide)နှင့် ရေကို အောက်ပါအတိုင်း ရောစပ် အသုံးပြုခြင်း၊ (ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ် အရည်ကို ဆေးဆိုင်များ၊ ဆံပင်ဆိုးဆေးဘူးများ နှင့် တွဲအသုံးပြုခြင်းတို့ကြောင့် အလှပြင်ဆိုင်တို့ ၌ အလွယ်တကူ ရှာဖွေဝယ်ယူနိုင်ပါသည်။) ဟိုက်ဒရိုဂျင်ပါ အောက်ဆိုဒ်ပြင်းအား (၃) ရာခိုင်နှုန်း လက်ဖက်ရည်ဇွန်း (၁)ဇွန်းနှင့် ရေသန့် (၈) အောင်စ (၂၂၇.၂ မီလီလီတာ) တစ်နည်းအားဖြင့် ရေသန့်ဘူး အသေးစား တစ်လုံးခန့်နှင့် ရောစပ်အသုံးပြုရပါမည်။ အနံ့ ထွက်နေသော ခြေထောက်၊ ပေါင်ခြံနှင့် ချိုင်းကြားတို့ကို ဆေးကြောသန့်စင် နိုင်ပါသည်။ ဤကဲ့သို့ သန့်စင်လိုက်ပါက ထိုအ ရေပြားပေါ်ရှိ ဗက်တီးရီးယားတို့ အတော် အတန် လျော့နည်းသွားပါလိမ့်မည်။
၎။ လေ့ကျင့်ခန်း ပြုလုပ်ရာမှာ ချွေးထွက်လာခြင်း သည် ခန္ဓာကိုယ် အနံ့အသက်ကို ဖြစ်ပေါ်စေသည့် အဓိကအချက် ဖြစ်သည်။ ထို့ကြောင့် လေ့ကျင့်ခန်း ပြုလုပ်ရာတွင် အသုံးပြုသော အဝတ်အထည်တို့ကို အသေအချာ လျှော်ဖွပ်သန့်စင် ပေးဖို့လိုပါသည်။
၅။ တစ်ခါတစ်ရံ မိမိစားသော အစားအစာတို့ကို ပြောင်းပေးရန်လိုပါသည်။ ဥပမာအားဖြင့် ဆီကြော်မုန့်များ၊ အဆီများ၊ ဟင်းခတ်အမွှေးအကြိုင်၊ ချက်ဟင်းများ၊ ကြက်သွန်ဖြူနှင့်အနီ။ ထိုဟင်း ခတ်အမွှေးအကြိုင်တို့၏ ရနံ့သည် ခန္ဓာကိုယ်မှ ထွက်သော ချွေးအတွင်းရောနှောပါဝင်လာလေ့ ရှိသောကြောင့်ဖြစ်သည်။
၆။ ချွေးထွက်လွန်သော ပြဿနာ (hyperhidrosis) ဖြစ်ပေါ်နေပါက ဆရာဝန်နှင့် ပြသတိုင် ပင်ဖို့လိုပါမည်။ ချွေးထွက်လွန်ရခြင်းအကြောင်း အရင်းများစွာအနက် အချို့သောကိစ္စများသည် ဆေးဘက်ဆိုင်ရာရောဂါအချို့နှင့် ဆက်စပ်နေ တတ်ပါသည်။ ၄င်းအတွက် သင့်တော် သော ကုထုံးများကို အကြံပေးပါလိမ့်မည်။
၇။ ချိုင်းမွေးများကို ပုံမှန်ရိတ်သိမ်းဖယ်ရှားပေး ခြင်းသည်လည်း ချွေးထွက်လျော့ကျစေသည့် အပြင် ဗက်တီးရီးယားများ စုပုံလာခြင်းမျိုးအား လျော့ကျစေနိုင်ပါသည်။
အဆုံးသတ်ရလျှင် ခန္ဓာကိုယ်အနံ့အသက် ကင်းဝေးစေရန်မှာ ကြိုတင်ကာကွယ်ခြင်းသာ အကောင်းဆုံးဖြစ်သည်။ တစ်ကိုယ်ရေသန့်ရှင်း မှု၊ ပုံမှန်ရေချိုးသန့်စင်ခြင်းနှင့် အနံ့ထွက်သော အစိတ်အပိုင်းပေါ်တွင် ချွေးတိတ်ဆေး၊ အနံ့ ပျောက်ဆေး အသုံးပြုခြင်းမျိုးဖြစ်သည်။
ဒေါက်တာမြင့်ဦး
(အရေပြားနှင့် အလှအပဆရာဝန်)

Related Posts Plugin for WordPress, Blogger...