မြို့စွန်တစ်နေရာတွင် ကြီးမား လှသော ခရေပင်ကြီး တစ်ပင်တည် ရှိ၏။ ထိုခရေပင်ကြီးသည် ခြံဝင်းကြီး တစ်ခုအတွင်း၌ ပေါက်ရောက်နေရာ ထိုခရေပင်ကြီးရှေ့တွင် မြေနီလမ်း ကလေးတစ်ခုဖြစ်ပေါ်နေ၏။ ထိုလမ်းကလေးတွင် တရားဝင် အမည်မရှိဘဲ ရပ်ကွက်နေ အများပြည် သူများက ခရေလမ်းဟုသာ အလွယ်တကူ ခေါ်ကြ၏။ အဖြူရောင် နစ်ဆန်းဆန်နီစူပါ ဆလွန်းကားလေး တစ်စီးသည် ထိုလမ်းလေးအတိုင်း မောင်းနှင်လာရာ လမ်းဆုံးသောအခါ ခေတ်မီ နှစ်ထပ် တိုက်ကလေးရှေ့တွင် ရပ်သွား၏။ ကားပေါ်မှ ဒေါက်တာ ခင်ပန် ဆောင်း ဆင်းလာ၏။ ကားရပ်သံကြား၍ ဧည့်ခန်းတွင် ထိုင်နေသော အငြိမ်းစားကျောင်းအုပ် ဆရာမကြီးဒေါ်ခင်အေးသည် တူမ ဖြစ်သူ သန္တာဦးအားကြည့်ခိုင်းလိုက် ၏။ ''ဒေါက်တာလာတယ် အန်တီ အေး'' ''သြော်- အေးအေး။ ဖွင့်ပေး လိုက်လေ'' မကြာမီ ဒေါက်တာ ခင်ပန် ဆောင်းဧည့်ခန်းသို့ ရောက်ရှိလာ၏။ ''မင်္ဂလာပါ အန်တီအေး'' ''မင်္ဂလာပါဒေါက်တာ။ ထိုင် ပါ။ တူမလေးရေ၊ ဒေါက်တာ အတွက် အအေးလုပ်ပါဦး'' ''ကျေးဇူးပဲ အန်တီအေး။ နေပူ ထဲက လာတော့ ရေငတ်နေတယ်'' ''မိုးပြတ်တာနဲ့ ပူတာပဲနော်'' ''ဟုတ်တယ် အန်တီအေး။ ဒါနဲ့ သွေးပေါင်ချိန်သေးလား'' ''မှန်မှန်ချိန်ပါတယ်။ ဒေါက် တာပေးထားတဲ့ ကိရိယာလေးက အတော်အဆင်ပြေတယ်။ တူမလေး ကချိန်ပေးတယ်။ ခုတလော သွေး ပေါင်မှန်နေပါတယ်'' ''အစားအသောက် ဂရုစိုက်ပေါ့ အန်တီအေး'' ''စိုက်ပါတယ် ဒေါက်တာ ရယ်။ အုန်းနို့ခေါက်ဆွဲဆို မစားရ တာကြာပါပြီ'' ''သွေးတိုးရောဂါက ဘဝနေ ထိုင်မှုပုံစံအပေါ်မှာ အတော်မူတည် တယ်။ အနေအထိုင်၊ အစား အသောက် ဆင်ခြင်ရင် ထိန်းထားလို့ ရတယ်'' ''တချို့က မျိုးရိုးဗီဇလဲ ပါ တယ်ဆို'' ''ဟုတ်ပါတယ်။ နှစ်မျိုးစလုံး အရေးပါပါတယ်'' ''အနေအထိုင် အစားအသောက် အကြောင်းကတော့ ဒေါက်တာ ခဏ ခဏပြောလို့ အတော်သိနေပြီ။ မျိုး ရိုးဗီဇအကြောင်းပြောပါဦး'' ''ဟာ- အတော်ပဲ။ Nature Genetics ဆိုတဲ့ ဆေးပညာဂျာနယ် ထဲမှာဖတ်လိုက်ရတဲ့ သုတေသန တစ်ခုအကြောင်းပြောပြမယ်။ ပညာ ရှင်တစ်စုက သွေးတိုးနဲ့သက်ဆိုင်တဲ့ Genetic Code အသစ် ၂ဝ ကျော် ကို လေ့လာတွေ့ရှိထားတယ်။ အဲဒီ ၂ဝ ကျော်ထဲက တစ်ခုခုကို လူတိုင်း လူတိုင်းမှာ တွေ့ရလိမ့်မယ်တဲ့'' ''ဒါဆို ဒီ ၂ဝ ကျော်ထဲက အနည်းဆုံး တစ်ခုလောက်တော့ လူ တိုင်းမှာ တွေ့ရမယ်ပေါ့နော်'' ''ဟုတ်တယ် အန်တီအေး။ ဒီ ၂ဝ ကျော်ဟာ လူုတိုင်းနဲ့ဆိုင်တဲ့ သဘောဖြစ်နေတယ်။ ပညာရင်တွေ က ဒီ ၂ဝ ကျော်ကိုလေ့လာရင် ကုထုံးသစ်တွေ ပေါ်လာနိုင်မယ်လို့ မျှော်လင့်နေတယ်'' ''အေးကွယ် ဆက်ပါဦး'' ''သွေးတိုးရောဂါဟာ အဝ လွန် တာ၊ အငန်စားများတာ၊ ကိုယ်လက် လှုပ်ရှားမှုနည်းတာ စတာတွေနဲ့ ဆက် စပ်နေမှန်း အသေးစိတ် သိထားပါ တယ်။ ဒါပေမယ့် အရင်ကမျိုးရိုးဗီဇနဲ့ ဆက်စပ်မှုကို အသေးစိတ် မသိသေး ဘူး'' ''ခုရော သိပြီလား'' ''ပညာရှင်တွေက မျိုးရိုးဗီဇ နဲ့ ပတ်သက်လို့ အရေးကြီးတဲ့ တိုး တက်မှုတွေ ရလာပြီလို့ ပြောတယ်။ နိုင်ငံ ၂၄ နိုင်ငံက ပညာရှင်တွေဟာ လူဦးရေစုစုပေါင်း နှစ်သိန်းကျော် ဆီ က မျိုးရိုးဗီဇဆိုင်ရာအချက်အလက် တွေကို လေ့လာခဲ့ကြတယ်'' ''လူ နှစ်သိန်းကျော်ဆိုတော့ အများကြီးပါလား'' ''ဟုတ်တယ် အများကြီးပဲ။ အဲသလို လေ့လာလိုက်တော့ genome ပေါ်မှာ 16 New Point တွေ့ တယ်တဲ့။ မျိုးရိုးဗီဇအုပ်စုကြီးထဲမှာ အချက်အသစ် ၁၆ ခု တွေ့တယ်လို့ ဆိုလိုတာပေါ့ အန်တီအေးရယ်'' ''ဘယ်သူတွေက ဦးဆောင် တာလဲ ဒေါက်တာ'' Barts and the London Medical School က Professor Mark Caulfield က ဦးဆောင်တဲ့ ပညာရှင်အုပ်စုထဲက တစ်ဦးပဲ။ သူက ပြောတယ်။ မျိုးရိုးဗီဇမူကွဲတစ်ခုတစ် ခုစီကို အနည်းဆုံး လူဦးရေ ငါးရာ ခိုင်နှုန်းမှာ တွေ့ရပါတယ်တဲ့။ တွေ့ ရများတဲ့ မူကွဲဆိုရင် ၁၄ ရာခိုင်နှုန်း အထိ ရှိနေပါတယ်တဲ့'' ''ဒါဆို လွှမ်းမိုးမှုအတော်ရှိနေ တာပဲ'' ''ဟုတ်တယ် အန်တီအေး။ အခုပြောတဲ့ မျိုးရိုးဗီဇတွေက သွေး တိုးရောဂါနဲ့ ဆက်စပ်နေတယ်။ ဒီ မျိုးရိုးဗီဇတွေကို ခုလို ရှာဖွေတွေ့ ရှိလိုက်တာဟာ ကြီးမားတဲ့အောင် မြင်မှုပါပဲ။ အရင်က သိပ်မသိခဲ့ဘူး။ ခုလို ရှာဖွေတွေ့ရှိတဲ့အတွက် အနာ ဂတ်မှာ ဆေးဝါးသစ်တွေ ပေါ်ထွန်း လာလိမ့်မယ်တဲ့'' ''နမူနာတစ်ခုလောက် ပြောပြ ပါလား'' ''နမူနာအနေနဲ့ Nitric Oxide ဆိုတဲ့ ဓာတုဒြပ်ပေါင်း အကြောင်း တင်ပြထားပါတယ်။ ဒီဒြပ်ပေါင်းဟာ ဓာတုဖြစ်စဉ်အဆင့်ဆင့်ကနေ ထွက် ပေါ်လာတာ။ ဒီဒြပ်ပေါင်းက သွေးကြော တွေကိုကျယ်စေတယ်။ သွေးကြော ကျယ်ရင် သွေးပေါင်ကျလာတယ်။ ဒီဒြပ်ပေါင်းကို အခြေခံထားပြီး ဆေး ဝါးသစ်တွေထုတ်လို့ရတယ်။ မျိုးရိုး ဗီဇ သုတေသနကနေ ဒီဒြပ်ပေါင်း အကြောင်း သိလာခဲ့တာပဲ အန်တီ'' ''အေးကွယ်ရှင်းပါဦး'' ''Professor Caulfield က ဆက်ပြောထားတာ ရှိသေးတယ်။ ဓာတ်ခွဲခန်းမှာ ဖော်ထုတ်ရရှိတဲ့ တွေ့ ရှိချက်အသစ်တွေက နောင်ကာလမှာ ဆေးလက်တွေ့ နယ်ပယ်မှာ ကုထုံး သစ်တွေ ပေါ်လာဖို့ အထောက်အကူ ဖြစ်စေပါတယ်တဲ့။ အလားအလာ ကောင်းတဲ့သဘောပေါ့ အန်တီအေး ရယ်'' ''အေးကွယ်အားရစရာပါပဲ'' ''ပညာရပ်နယ်ပယ်က အလွန် ကိုကျယ်ပြန့်ပါတယ်။ ခုလို သုတေ သန လုပ်ပေမယ့် အကုန်မသိရသေး ပါဘူး။ သွေးတိုးရောဂါနဲ့ မျိုးရိုးဗီဇ ဆက်စပ်မှုမှာ ခုလက်ရှိ ပညာရှင် တွေ တွေ့ထားတာက အကြောင်းအရာ တစ်ခုလုံးရဲ့ တစ်ရာခိုင်နှုန်းပဲ ရှိပါ သေးတယ်တဲ့'' ''ဟာ- ဒါဆို ၉၉ ရာခိုင်နှုန်း ကို မသိသေးဘူးပေါ့'' ''ဟုတ်တယ် အန်တီအေး။ နောက်ထပ်သိစရာတွေ အများကြီး ကျန်သေးတယ်'' ''တစ်ရာခိုင်နှုန်းသိတာတောင် အတော်အသုံးကျနေပါပြီကွယ်'' ''ခုလုပ်ပြီးထားတာက ပထမ လေ့လာချက်ပေါ့။ ခု ဒုတိယလေ့လာ ချက်လုပ်နေပြီ။ ဒုတိယလေ့လာချက် အရ နောက်ထပ် မျိုးရိုးဗီဇမူကွဲအသစ် ခြောက်ခု ထပ်တွေ့ပြန်ပြီ'' ''အေး- ထပ်တွေ့တာ ကောင်း တာပေါ့ကွယ်'' ''အင်္ဂလန်မှာ British Heart Foundation ဆိုတဲ့ အသင်းကြီးရှိ တယ်။ နှလုံးရောဂါဆိုင်ရာ အသင်း ကြီးပေါ့။ ဒီအသင်းကြီးက ဆေးဖက် ဆိုင်ရာ ညွှန်ကြားရေးမှူးက Professor Peter Weissberg တဲ့။ သူကပြောတယ်။ ကမ္ဘာတစ်ဝန်းလုံး က ပညာရှင်တွေဟာ စုပေါင်းပြီး သုတေသန လုပ်နေကြပါတယ်တဲ့။ သွေး တိုးရောဂါနဲ့ မျိုးရိုးဗီဇ ဆက်စပ် မှုကို ရှာဖွေတွေ့ရှိလာကြပါပြီတဲ့။ အရင်ကထက်ပိုပြီး အသေးစိတ်သိ လာပါတယ်တဲ့။ ဒါဟာ အနာဂတ်မှာ ကုထုံးသစ်တွေ ပေါ်လာဖို့ လမ်းခင်း ပေးနေတာပါပဲတဲ့'' ''အားကိုးစရာဆေးဝါးသစ် တွေရလာမှာပေါ့ကွယ်'' ''ဟုတ်ပါတယ် အန်တီအေး။ သွေးတိုးရောဂါဟာ လျှို့ဝှက်ဆန်း ကြယ်တဲ့ ဆေးပညာပုစ္ဆာတစ်ပုဒ်ပါ ပဲ။ မျိုးရိုးဗီဇဆိုတာ ဒီပုစ္ဆာရဲ့ အစိတ် အပိုင်းတစ်ခုပဲရှိပါသေးတယ်။ အနေ အထိုင် အစားအသောက်ပုံစံကိုပါ ဒီပုစ္ဆာထဲမှာ ထည့်စဉ်းစားရမှာပါ'' ''အန်တီအေးလဲ ခုနေတော့ သက်သာနေပါတယ်။ သွေးပေါင်လဲ ပုံမှန်ပါပဲ'' ''အန်တီအေးက အငန်လဲ လျှော့စားတယ်။ အဆီအဆိမ့်လဲ လျှော့စားတယ်။ ကိုယ်အလေးချိန် လဲကျသွားတယ်။ လေ့ကျင့်ခန်းလဲ မှန်မှန်လုပ်တယ်။ ဒါကြောင့် သွေးတိုး ရောဂါ သက်သာနေတာပေါ့'' ''သွေးတိုးက စိတ်လဲပါတယ်။ ဒေါသဖြစ်ရင်ပိုတိုးတယ်။ အရင်က အန်တီအေးက ဒေါသကြီးတယ်။ ကျောင်းအုပ်ဆရာမကြီးလုပ်စဉ်က ဆရာမလေးတွေဆိုတာ အန်တီအေး ကို သိပ်ကြောက်တာ။ ဒေါသဖြစ်လာ ရင် အရမ်းဆူတာကိုး။ ခုတော့ တရား ထိုင်တယ်။ ဒေါသလဲ နည်းသွားပြီ။ ဒါကြောင့်လဲ သွေးပေါင် မှန်သွားတာ ကွယ့်'' ''အန်တီအေးပြောတာမှန် တယ်။ စိတ်လဲပါတယ်။ ဒေါသကြီး ရင် သွေးတိုးတတ်သလို ပူပင်သော ကများရင်လဲ သွေးတိုးတတ်တယ်။ ကျွန်မလူနာတစ်ယောက်က တစ်ချိန် လုံးသွေးတိုးနေတာ။ သူ့သမီးက ဝန် ထမ်း၊ နယ်ခြားဒေသမှာ တာဝန် ကျ နေတယ်။ သမီးကို စိတ်ပူပြီး သွေး တိုးနေတာ။ ခုတော့သမီးက ရန်ကုန် ရုံးချုပ်ပြန်ပြောင်းရတယ်။ ပြန်ပြောင်း ရတဲ့ အချိန်ကစပြီး သွေးပေါင်မှန် သွားတယ်လေ'' ''ဟုတ်တာပေါ့ ဒေါက်တာ ရယ်'' စကားကောင်းနေကြစဉ် ကား ရပ်သံကြားရပြန်၏။ ''တူမလေးရေ ကြည့်ပါဦး ကွယ်'' တူမဖြစ်သူ သန္တာဦးက အပြေး ကလေး သွားကြည့်လိုက်၏။ ''အန်တီအေး၊ ဒေါက်တာ ဦး ကျော်ဆွေသိန်းရောက်နေတယ်'' ''အေးအေး ဖွင့်ပေးလိုက်'' မကြာမီ ဒေါက်တာ ကျော် ဆွေသိန်း ရောက်ရှိလာ၏။ ''မင်္ဂလာပါ အန်တီ။ ဒေါက် ခင်ပန်ဆောင်းလဲ ရောက်နေတာကိုး'' ''မင်္ဂလာပါ မောင်ကျော်ရေ။ ဧကန္တ ခရေပန်း လာတောင်းတာ ထင်တယ်။ သန္တာဦးမနက်စောစော က ကောက်ထားတာတွေရှိတယ်။ ပေးလိုက်မယ်'' ''မြင်တာနဲ့ တန်းပြောနိုင်တယ်။ အန်တီ အကြားအမြင်များရနေ တာ လား'' ''ဟဲဟဲ၊ သတင်းက ကြားနေ ရတယ်လေ'' ''ဘာသတင်းများလဲ အန်တီ အေး'' ''အင်းစိန်တောင်သူကုန်းက အိမ်တစ်အိမ်ကို နေ့တိုင်း သွေးပေါင် သွားသွားချိန်နေတယ်ဆိုတဲ့ သတင်း ပေါ့'' ''ဟာ- အန်တီအေး ဘယ်လို သိသွားပါလိမ့်'' ''လူနာက စောဒေးဗစ်တဲ့။ ကရင်အဘိုးကြီး။ သူ့မှာ သမီးချော ချောလေးရှိတယ်။ နော်ရှီလာတဲ့။ ကောင်မလေးက ခရေပန်းကြိုက် တယ်။ အဲဒါခုတောင်သူကုန်း အသွား ခရေပန်း တောင်းဖို့ ဝင်လာ တာမဟုတ်လား'' ''ဟာ-လျှို့ဝှက်ချက်တွေ ပေါ် ကုန်ပါပြီ'' ''ကဲပါ။ ရှက်မနေပါနဲ့။ ခရေ ပန်းယူသွားပါဦး'' ဒေါက်တာ ကျော်ဆွေသိန်း သည် ခရေပန်းယူရန် သန္တာဦး နောက်သို့ လိုက်သွားလေ၏။ ''ဆရာကျော်တစ်ယောက် သွေးတိုးကို အကြောင်းပြုပြီး အဆင် ပြေနေတာကိုး'' ဒေါက်တာ ခင်ပန်ဆောင်းက တိုးတိုးကလေး ပြောလိုက်လေ၏။ အောင်(ဆေး-၁) ရည်ညွှန်းချက်။ ။ BBC News မှ "High Blood Pressure Genetic Clues" ဆေးပညာဆောင်းပါးကို မှီငြမ်းကိုးကားပါ သည်။ အောင်(ဆေး ၁) |
ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။
အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...
စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...
အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။
ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...