.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Tuesday, October 25, 2011

သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄ဝရာခိုင်နှုန်းလျှော့ချပေးနိုင်

သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄ဝရာခိုင်နှုန်းလျှော့ချပေးနိုင်

သစ်စေ့များစားခြင်းက ရင်သားကင်ဆာကြောင့် သက်ကြီးပိုင်း၌ သေဆုံးနိုင်ခြေကို ၄ဝရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ သစ်စေ့၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်များတွင် ဖိုင်တိုအီစထရိုဂျင် ဟုခေါ်သော အထူးဓာတ်ပေါင်းအမျိုးမျိုးပါဝင်ပြီး ယင်း၌ အရေး အကြီးဆုံးဓာတ်မှာ လစ်ဂနန်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များကို သတ်ပစ်ပြီး သွေး ကြောအသစ်များ ဖွဲ့စည်းဖြစ်ပေါ်မှုကို ရပ်တန့်စေခြင်းအားဖြင့် တစ်ဆင့်ခံ အကျိတ်များ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သည်ဟု ဆိုသည်။ သစ်စေ့များတွင် လစ်ဂနန်ဓာတ်ကြွယ်ဝပြီး ယင်းဓာတ် ကို အူထဲတွင် အန်တာရိုလက်တုန်းဓာတ် အဖြစ်ပြောင်းနိုင်သည်။

ယင်းဓာတ်က ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင် သည့် အာနိသင်ရှိကြောင်း သိရှိခဲ့ရသည်။ ခန္ဓာကိုယ်အတွင်း တွင် အဆိုပါဓာတ်များက အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင်ကို တွယ်ကပ်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ် ပေးနိုင်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် သွေးဆုံးခါနီးအသက်အရွယ်ရှိ ရင်သားကင်ဆာ ရောဂါရှိသော အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာခဲ့ခြင်းဖြစ်သည်။

သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်းက မိန်းမကိုယ် ကင်ဆာဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ ချပေးနိုင်

သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်းက မိန်းမကိုယ် ကင်ဆာဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ ချပေးနိုင်

သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်း ( IUCD ) ထည့်ထားသော အမျိုးသမီးများတွင် မိန်းမကိုယ်ကင်ဆာ ဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ချ ပေးနိုင်ကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ သိရသည်။
အဆိုပါ ပစ္စည်းသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးပွား စေသည်ဟူသော လူအများ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်စွာ ယင်းက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိရသည်။ သို့သော် အဆိုပါ ပစ္စည်းသည် မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားစေရာ၌ အဓိကကျသော ကြွက်နို့ ဗိုင်းရပ်စ်ဟုခေါ်သည့် HPV ဗိုင်းရပ်စ်ကို တားဆီးပေးနိုင်ခြင်း မရှိဟု ဆိုသည်။IUCD ထည့်ခြင်းနှင့် ထုတ်ခြင်းတို့က အကြို ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုသည်။ စပိန် နိုင်ငံ ကက်တားလိုးနီးယားရှိ လိုဘရီဂတ်ဆေးရုံမှ သုတေသန ပညာရှင်များ၏ လေ့လာချက်အရ IUCD သုံးစွဲခြင်းသည် အသုံးပြုသည့် ပထမနှစ်အတွင်း မိန်းမကိုယ်ကင်ဆာဖြစ်ပွားနိုင်ခြေ ကို ထက်ဝက်လျှော့ချပေးနိုင်ပြီး နောင် ၁ဝ နှစ်ကြာသည့်တိုင် အဆိုပါ ကင်ဆာရောဂါကို ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်သော အာနိသင် ကျန်ရစ်သည်ဟုဆိုသည်။ အဆိုပါ သုတေသနအဖွဲ့ကို ခေါင်းဆောင်သော ဇာဗီးယား ကက်စတယ်ဆောက်က ယင်းကဲ့သို့ လျှော့ချ ပေးနိုင်ခြင်းမှာ IUCD အထုတ်အသွင်း ပြုလုပ်ခြင်းက အကြိုကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရာတွင် ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းကြောင့် ရေရှည်ခံသော ကိုယ်ခံအားတစ်ရပ်ကို ရရှိသွားခြင်း
ကြောင့် ဖြစ်နိုင်သည်ဟုဆိုသည်။ စပိန်သုတေသန ပညာရှင်များသည် အမျိုးသမီးပေါင်း ၂ဝ,ဝဝဝ ကို လေ့လာခဲ့ရာ၌ IUCD အသုံးပြုခြင်းက မိန်းမကိုယ်ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင် ခြေကို ၄၄ မှ ၅၄ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

အချိန်ကြာမြင့်စွာ ထိုင်သူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ မြင့်မား

အချိန်ကြာမြင့်စွာ ထိုင်သူများ အနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ မြင့်မား

နေ့စဉ် အချိန်ကြာရှည်စွာ ထိုင်ရသူများအနေဖြင့် စောစီးစွာ သေဆုံးနိုင်ခြေ ပို၍မြင့်မားကြောင်း သြစတြေးလျနိုင်ငံမှ လေ့လာချက် အသစ်တစ်ရပ်အရ သိရသည်။
သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးပြည်နယ်မှ အမျိုးသားနှင့် အမျိုးသမီးပေါင်း ၂၆ဝ,ဝဝဝ ၏ ကျန်းမာရေး အခြေအနေကို ၂ဝဝ၆ ခုနှစ်မှစ၍ လေ့လာခဲ့ခြင်း ဖြစ်သည်။ အဆိုပါ
လေ့လာချက်အရ တစ်နေ့လျှင် ၁ဝနာရီနှင့်အထက် ထိုင်နေရသူများအနေဖြင့် တစ်နေ့လျှင် ၄နာရီထက်လျော့နည်းစွာ ထိုင်သူများနှင့် နှိုင်းစာလျှင် သေဆုံးနိုင်ခြေ ၄၈ ရာခိုင်နှုန်းပို၍
မြင့်မားကြောင်း တွေ့ရှိရသည်။ ဆစ်ဒနီတက္ကသိုလ် ပြည့်သူ့ကျန်းမာရေးဌာနမှ အက်ဒရီယန်ဘူမန် ဦးဆောင်သော သုတေသနအဖွဲ့၏ လေ့လာချက်အရ ဥယျာဉ်စိုက်ပျိုးသူ၊
ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်သူ နှင့် ကလေးထိန်းသူကဲ့သို့သော လှုပ်လှုပ်ရှားရှား လုပ်ကိုင်ရသူများသည် စားပွဲ၌ထိုင်ကာ အလုပ်လုပ်သူများထက် ကျန်းမာရေးပြဿနာ
ပို၍နည်းပါးကြောင်း တွေ့ရှိရသည်။ ထို့ကြောင့် တစ်နေကုန်ထိုင်ကာ အလုပ်လုပ်ရသူများ အနေဖြင့် ၎င်းတို့၏ နေ့စဉ်လုပ်ငန်းတွင် ပုံမှန်ကိုယ်လက်လှုပ်ရှားမှုကို ထည့်သွင်းထားသင့်ကြောင်း
အဆိုပါသုတေသနအဖွဲ့က အကြံပြုထားသည်။ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက သွေးထဲတွင် သကြားပါဝင်မှုနှုန်းကို မြင့်မားနေစေပြီး ယင်းအတွက် ကျန်းမာရေး ထိခိုက်နိုင်သည်ဟု ဆိုသည်။

သုံးနှစ်အရွယ် မိန်းကလေး အရာရာကို ဝါးစားနေတတ်ပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးမှသည် အုတ်ခဲများအထိ ဝါးစား

သုံးနှစ်အရွယ် မိန်းကလေး အရာရာကို ဝါးစားနေတတ်ပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးမှသည် အုတ်ခဲများအထိ ဝါးစား

နာတာလီဟေးဟက်စ် အမည်ရှိသုံးနှစ်အရွယ် မိန်းကလေးတစ်ဦးသည် အရာရာကို ဝါးစားတတ်သည့်အလေ့အထ စွဲလမ်းနေပြီး လျှပ်စစ်မီးသီး တစ်လုံးလုံးကိုပင် ကုန်အောင်ဝါးစား
ပစ်သည်ဟု ဆိုသည်။ သူ့၌ အလွန်ထူးဆန်းသော စိတ်ရောဂါ တစ်မျိုးရှိပြီး မဟုတ်မဟတ်အရာများကို ဝါးစားနေရာ အဆိပ်သင့်နိုင်သည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဟုဆိုသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလက သူသည် သူ၏ အိပ်ခန်းအတွင်းမှ မီးသီးကိုခွဲကာ ဝါးစားသောကြောင့် အသက်အန္တရာယ်နှင့် ရင်ဆိုင်ခဲ့ရ သေးသည်ဟု ဆိုသည်။ အဆိုပါ မိန်းကလေး၌
Pica ဟုခေါ်သော ထူးဆန်းသော ရောဂါရှိရာ ကျောက်ခဲ ၊ တုတ်ချောင်း ၊ အလှစိုက်ထားသော အပင်များ ၊ လျှပ်စစ်မီးသီးအစ ရှိသည့် အစာမဟုတ်သော အရာများကို စားချင်စိတ်ပေါက်
နေလေ့ရှိသည် ဟုဆိုသည်။ နာတာလီ အကြိုက်ဆုံးအရာမှာ ကျောက်ခဲများနှင့် တုတ်ချောင်းများ ဖြစ်သည်ဟုဆိုသည်။ သူသည် အုတ်ခဲတစ် လုံးလုံးကိုပင် ချောကလက်ကဲ့သို့ ကုန်အောင်
ဝါးစားနိုင်သည် ဟုဆိုသည်။ သူ၏မိခင်ဖြစ်သူ ကောလင်း ( ၃၁ နှစ် ) သည် သူ၏သမီးအား အန္တရာယ်ရှိသော အရာများကို မစားမိစေရန် တစ်နေကုန် စောင့်ကြည့်နေရသည်ဟု ဆိုသည်။ အဆိုပါ
မိန်းကလေးသည် အမေရိကန်ပြည်ထောင်စု အင်ဒီယားနားပြည်နယ် တာရေးဟောင်တေး မြို့၌ နေထိုင်ကြောင်း သိရသည်။

လင်မယား ကွာရှင်း ပြတ်စဲခြင်းကြောင့် အမျိုးသမီးများတွင် ဆံပင်ကျွတ်စေနိုင်

လင်မယား ကွာရှင်း ပြတ်စဲခြင်းကြောင့် အမျိုးသမီးများတွင် ဆံပင်ကျွတ်စေနိုင်

လင်မယား ကွာရှင်းပြတ်စဲတာက စိတ်ဆင်းရဲ ဒုက္ခတွေ ခံစားရရုံ သာမကဘဲ အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတယ် ဆိုတာကိုပါ လေ့လာမှုတွေအရ သိရှိခဲ့ပါတယ်။လေ့လာတွေ့ရှိမှု အသစ်တစ်ခုက ခင်ပွန်းသည်နဲ့ ကွာရှင်းတာ၊ ဒါမှမဟုတ် ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ တစ်ကိုယ်တည်း အပျိုကြီးတွေနဲ့ သာယာတဲ့ အိမ်ထောင်တစ်ခုကို ပိုင်ဆိုင်ထားသူ အမျိုးသမီးတွေထက် သိသိသာသာ ဆံပင်ကျွတ်နိုင်တဲ့ အခွင့်အလန်း ပိုများတယ်လို့ ဆိုပါတယ်။ လင်မယား ကွာရှင်းပြတ်စဲတာ ဒါမှမဟုတ် ခင်ပွန်းသည် သေဆုံးသွားတဲ့ အမျိုးသမီးတွေဟာ စိတ်ဖိစီးမှု ဝေဒနာကို ပြင်းပြင်းထန်ထန် ခံစားရတတ်ပါတယ်။ ဒါကြောင့် အရက်နဲ့ ဆေးလိပ်တွေကို အလွန်အကျွံ သောက်သုံးမိရာက အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတာလို့ မျက်နှာအစားထိုး ခွဲစိတ်ကုသပညာရှင် ဒေါက်တာဂူယူရွန် ကပြောပါတယ်။

အမျိုးသားတွေမှာတော့ ဆေးလိပ်သောက်တာ ၊ အရက်သောက်တာနဲ့ ဆံပင်ကျွတ်တာက ဆက်စပ်မှု မရှိတာကိုတွေ့ရပါတယ်။ အမျိုးသားတွေ အများဆုံး ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ကင်ဆာရောဂါ ရာဇဝင်ရှိတာနဲ့ တစ်နေကုန် တီဗီထိုင်ကြည့်တာ တွေနဲ့သာ ဆက်စပ်နေပါတယ်။ ဒါပေမဲ့ဖြစ်နိုင်တဲ့ အကြောင်းတွေက တစ်ဦးနဲ့တစ်ဦး မတူညီနိုင်ပါဘူး။

အမျိုးသမီး ၈၄ ဦး ပါဝင်တဲ့ လေ့လာမှုအရ ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေဟာ နားထင်နားမှာရှိတဲ့ ဆံပင်မွေးတွေ အများဆုံး ကျွတ်တတ်ပြီး ဆီးချို သွေးချိုရောဂါရှိတဲ့ အမျိုးသမီး တွေမှာတော့ ဦးခေါင်းထိပ်က ဆံပင်တွေ ပိုကျွတ်စေပါတယ်။အမျိုးသမီးတွေ ဆံပင်ကျွတ်တာက အအိပ်လွန်တာနဲ့လည်း သက်ဆိုင်တယ်လို့ ဒေါက်တာဂူယူရွန်က ပြောပါတယ်။ အရက်အစား ကော်ဖီ သောက်တယ်၊ ဦးရေပြားကို နေရောင်ခြည် မထိတွေ့နိုင်အောင် ထီး၊ ဦးထုပ်ဆောင်းတယ်၊ သာယာတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားနိုင်တယ်ဆိုရင် ဆံပင်ကျွတ်နိုင်ခြေ နည်းတယ်လို့ ဒေါက်တာဂူယူရွန်က ထပ်မံပြောကြားခဲ့ပါတယ်။ အမျိုးသား ၆၆ ယောက်ကို လေ့လာခဲ့တဲ့ဒုတိယလေ့လာမှုမှာတော့ အမျိုးသားတွေက ဆေးလိပ်သောက်တာ၊ နေရောင်ခြည် ထိတွေ့မှုများတာ၊ ခေါင်းမှာ ဗောက်ရှိတာတွေက ဆံပင်ကျွတ်စေတဲ့ အကြောင်းတွေဖြစ်ပေမယ့် နေရောင်နဲ့ ထိတွေ့မှုများတာ၊ ကင်ဆာရောဂါ ရာဇဝင် ရှိဖူးတာတွေက ဆံပင်ကို သိသိသာသာ ကျွတ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။

လေ့ကျင့်ခန်းပုံမှန်မလုပ်တာ၊ သွေးတိုးရောဂါ ရှိတာတွေကလည်း အမျိုးသားတွေမှာ ထိပ်ပြောင်စေတဲ့ အကြောင်း တွေဖြစ်နေပါတယ်။ နယူးယော့မှ အရေပြား အထူးကုဆရာဝန် ဒေါက်တာဒိုးရစ်ဒေး က လင်မယားကွာရှင်းတာက အမျိုးသမီးတွေမှာ ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းလို့ ထုတ်ဖော်ခဲ့ပါတယ်။ ဘယ်လိုအကြောင်း ကြောင့်ပဲဖြစ်ဖြစ် စိတ်ဖိစီးမှုက ဆံပင်ကျွတ်စေတဲ့ အဓိကအကြောင်းလို့ ဆိုပါတယ်။ ဒါဟာ ရှင်းပြရခက်ခဲတဲ့ စိတ်နဲ့ခန္ဓာကိုယ်ရဲ့ အလွန်ဆန်းကြယ်တဲ့ ဆက်စပ်မှုပဲ ဖြစ်ပါတယ်။ဒါကြောင့် ဘဝမှာ ကြီးမားတဲ့ ပြောင်းလဲမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါ စိတ်ကို တည်ငြိမ်အောင် ထိန်းနိုင်ဖို့ ကြိုးစားသင့်ပါတယ်။ဆံပင်ကျွတ်တာအတွက် ဆံပင်ပြန်ပေါက်စေတဲ့ နည်းလမ်းကောင်းတွေ များစွာရှိပါတယ်။ ဒါပေမဲ့ သင့်ဘဝအတွက် အဆိုးဆုံးအချိန်မှာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ပြီး ရွေးချယ်မှု မှန်ကန်စေဖို့ အကောင်းဆုံး လုပ်ဆောင်သင့်တာက သင့်စိတ်ကို တည်ငြိမ်အောင် ကြိုးစားပြီး ဦးနှောက်ကို အလုပ်ပေးလိုက်ပါ။ အလင်း(ဆေးဝါး)
Related Posts Plugin for WordPress, Blogger...