သစ်စေ့များစားခြင်းက ရင်သားကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေကို ၄ဝရာခိုင်နှုန်းလျှော့ချပေးနိုင်
သစ်စေ့များစားခြင်းက ရင်သားကင်ဆာကြောင့် သက်ကြီးပိုင်း၌ သေဆုံးနိုင်ခြေကို ၄ဝရာခိုင်နှုန်းထိ လျှော့ချပေးနိုင်ကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ သစ်စေ့၊ ဂျုံနှင့် ဟင်းသီးဟင်းရွက်များတွင် ဖိုင်တိုအီစထရိုဂျင် ဟုခေါ်သော အထူးဓာတ်ပေါင်းအမျိုးမျိုးပါဝင်ပြီး ယင်း၌ အရေး အကြီးဆုံးဓာတ်မှာ လစ်ဂနန်ဖြစ်သည်ဟု ဆိုသည်။ အဆိုပါ ဓာတ်ပေါင်းများသည် ကင်ဆာဆဲလ်များကို သတ်ပစ်ပြီး သွေး ကြောအသစ်များ ဖွဲ့စည်းဖြစ်ပေါ်မှုကို ရပ်တန့်စေခြင်းအားဖြင့် တစ်ဆင့်ခံ အကျိတ်များ ဖြစ်ပေါ်မှုကို တားဆီးပေးနိုင်သည်ဟု ဆိုသည်။ သစ်စေ့များတွင် လစ်ဂနန်ဓာတ်ကြွယ်ဝပြီး ယင်းဓာတ် ကို အူထဲတွင် အန်တာရိုလက်တုန်းဓာတ် အဖြစ်ပြောင်းနိုင်သည်။
ယင်းဓာတ်က ရင်သားကင်ဆာဖြစ်ပွားမှုမှ ကာကွယ်ပေးနိုင် သည့် အာနိသင်ရှိကြောင်း သိရှိခဲ့ရသည်။ ခန္ဓာကိုယ်အတွင်း တွင် အဆိုပါဓာတ်များက အမျိုးသမီးဟော်မုန်းဖြစ်သော အီစထရိုဂျင်ကို တွယ်ကပ်သောကြောင့် ကင်ဆာရောဂါမှ ကာကွယ် ပေးနိုင်ခြင်းဖြစ်နိုင်သည်ဟုဆိုသည်။ ဂျာမနီနိုင်ငံမှ သိပ္ပံပညာရှင်များသည် သွေးဆုံးခါနီးအသက်အရွယ်ရှိ ရင်သားကင်ဆာ ရောဂါရှိသော အမျိုးသမီးပေါင်း ၁ဝဝဝ ကျော်ကို သုံးနှစ်ကြာ လေ့လာခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...