တော်အတွင်း၌ တည်ထားကိုးကွယ်ပူဇော်ထားသော
ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ကြီးမှ နှစ်စဉ်မပျက်စည်းကား
သိုက်မြိုက်စွာကျင်းပခဲ့ရာ ယခုဆိုလျှင် ဆဋ္ဌမအကြိမ်မြောက်
ပင် ရောက်ရှိခဲ့ပေပြီး ။အသင်းသားဦးရေ ၁၀၀ ကျော်ဖြင့်
ဝေယျာဝစ္စ ကုသိုလ်ကို ညီညီညွတ်ညွတ်ဖြင့် ကျင်းပလာခဲ့
ကြပါသည်။ယခုဆဋ္ဌမအကြိမ်မြောက် အထူးတရားပွဲကို ၁၃၇၃ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၉ ) ရက်
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၉ ရက် စနေနေ့ တွင် သီတဂူဆရာတော်ဒေါက်တာအရှင် ဥာဏိဿရ ...၁၃၇၃ ခုနှစ် ၊ တန်ဆောင်မုန်းလပြည့်ကျော် ( ၁၀ ) ရက် ၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၀ ရက် တနင်္ဂနွေနေ့ တွင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် မှ ဆရာတော်ဒေါက်တာအရှင် ဣန္ဒာစရိယ မှ သူတော်စင် သူတော်ကောင်းအပေါင်းတို့အား နိဗ္ဗာန်ရောက်ကြောင်း တရားရေအေးကို ညချမ်း တိုက်ကျွေးမည်ဖြစ်ပါကြောင်း၊
ကြိုတင်အသိပေးအပ်လိုက်ပါသည်။ တရားပွဲကိုညချမ်း ( ရ )နာရီတွင် ကျင်းပပါမည်။
ထိုကြောင့် အလှူ့တကာ အလှူထဲတွင် တရားအလှူသည် အမြတ်ဆုံး ဆိုသောစကားကြောင့်လည်း
ဖြူစင်သဒ္ဓါ ထက်သန်သော အလှူရှင်များအနေဖြင့်လည်း ကုသိုလ်ပါဝင် လှူဒါန်းမည်ဆိုပါကလည်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဌ ကိုညီထွေးအောင် ဖုန်းနံပါတ် ၀၉၇၃၁၆၁၇၇၂ သို့ ကိုယ်တိုင်တိုက်ရိုက် လှူဒါန်နိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျော်ကိုးတင်ပြလိုက်ရပါသည်။
