.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Thursday, November 24, 2011











ဆီးကျိတ်ကင်ဆာဆေးသစ်က ဝေဒနာသည်များကို အသက်ပိုရှည်စေနိုင်

အသစ်ပေါ်ပေါက်လာပြီးနောက် စမ်းသပ်ဆဲအဆင့်၌သာရှိသေးသော MDV3100 ဟု အမည်ပေးထားသည့် ဆီးကျိတ်ကင်ဆာ ဆေးဝါးအသစ်သည် ဆီးကျိတ်ကင်ဆာရောဂါရင့်နေသော သူများ၌ စမ်းသပ်ကြည့်ရာတွင် ၄င်းတို့ အား အသက်ငါးလ ပိုရှည်စေနိုင်ကြောင်း တွေ့ရှိရသည်ဟု ဆိုသည်။ ယခင်က ကင်ဆာဆေးများသွင်းခြင်းဖြင့် ကုသနေ ရသော အမျိုးသား ၁၁၉၉ ဦးတွင် စမ်း သပ်ကြည့်ရာ၌ လက်ရှိအသုံးပြုနေသော Placebo ဆေးထက် ပျမ်းမျှအသက် ၄ ဒသမ ၈ လ ပိုရှည်စေနိုင်ကြောင်း တွေ့ ရှိခဲ့ရသည်ဟု ဆိုသည်။ ယခု ဆေးဝါး အသစ်ဖြင့် ကုသသော ရောဂါရင့်နေသူ များသည် နောက်ထပ်အသက် ၁၈ ဒသမ ၄ လ နေထိုင်နိုင်သော်လည်း Placebo ဆေးဖြင့် ကုသသူများမှာ နောက်ထပ် အသက် ၁၃ ဒသမ ၆ လ သာ နေထိုင်နိုင်သည်ဟု ဆိုသည်။ အဆိုပါ ဆေးဝါးကို အမေရိကန်ဆေးဝါး ကုမ္ပဏီဖြစ်သော Medivation နှင့် ဂျပန်ဆေးဝါးကုမ္ပဏီ Pharma ကုမ္ပဏီတို့က ပူးတွဲထုတ်လုပ် ခြင်းဖြစ်ကြောင်းသိရသည်။

အရေးကြောင်းထင်ခြင်းအတွက် အိမ်တွင်းကုထုံးများ


ကြက်ဥအကာ၊ ဘဲဥအကာ
ကြက်ဥအကာ၊ဘဲဥအကာမှာ ဗီတာမင်ဘီအုပ်စုပါဝင်တာကြောင့် အရေပြားကို တင်းရင်းစေပြီး အရေးကြောင်းကို လျော့ကျစေပါတယ်။ ကြက်ဥ၊ ဘဲဥအကာနှစ်လုံးကို မွှေပြီး မျက်နှာပြင်ပေါ်လိမ်းကာ မိနစ် ၃ဝလောက်ထားပေးပါ။ပြီးရင် မျက်နှာကို ရေအေးနဲ့ ဆေးကြောပေးပြီး ခြောက်အောင်သုတ်လိုက်ပါ။
နာနတ်သီး
ရေခဲသေတ္တာထဲမှာ နာနတ်သီးစိတ်ကိုထည့်ထားပြီး မျက်နှာပေါ်ကိုလိမ်းပေးပါ။ နာနတ်သီးစိတ်မှာပါတဲ့ အစွမ်းထက်အင်ဇိုင်းတွေက အရေပြားကို စိုပြည်စေပြီး ဆဲလ်သေတွေကို ကင်းစင်စေပါတယ်။နာနတ်သီးစိတ်နှစ်စိတ်ကို အရည်ညှစ်ပြီး မျက်နှာပြင်ပေါ်လိမ်းကာအချိန် ၁၅မိနစ်ကြာမှ ရေနဲ့ ဆေးလိုက်ပါ။
အုန်းဆီ
အုန်းဆီဟာ အင်တီအောက်ဆီးဒင့် အဆီဖြစ်တာကြောင့် မျက်နှာကိုတင်းရင်းနုပျိုစေပါတယ်။ အုန်းဆီစစ်စစ်ကို ဗီ တာမင်အီးအဆီအစက် အနည်းငယ်နဲ့ရောပြီး အိပ်ရာမဝင်ခင် မျက်နှာပြင်ပေါ် လိမ်းပါ။ နံနက်ခင်းရောက်မှရေနဲ့ မျက်နှာသစ်ပေးပါ။
သံပရာရည်၊ ရှောက်ရည်
သံပရာရည်၊ ရှောက်ရည်မှာ ပါတဲ့အစွမ်းထက် ကြေးချွတ်အာနိသင်ကြောင့်အရေးကြောင်းတွေကို လျော့ပါးစေပါတယ်။ သံပရာရည်၊ ရှောက်ရည်အစက်အနည်းငယ်ကို အရေပြားပေါ်လိမ်းပေးပါ။ ဝက်ခြံဖုတွေကိုလည်း ပျောက်စေပါတယ်။
ရွှေဖရုံစေ့
ရွှေဖရုံစေ့မှာ ပါတဲ့ ဗီတာမင်အီးဟာ မျက်နှာအရေပြားတင်းရင်းစေတဲ့ကော်လာဂျင်ကို ဖြစ်ပေါ်အောင် အားပေးကာ အရေပြားဆဲလ်တွေကို ကျန်းမာလှပစေပါတယ်။ ရွှေဖရုံစေ့လက်တစ်ဆုပ်စာကို ကြိတ်ချေပြီး သံလွင်ဆီလက်ဖက်စားဇွန်းတစ်ဇွန်းနဲ့ ရောမွှေကာ အသားအရေပေါ်မှာ လိမ်းပေးပါ။

မြေပဲ လက်တစ်ဆုပ်စားခြင်းက ဝမ်းဗိုက်အဆီကျစေ

နေ့စဉ် မြေပဲလက်တစ်ဆုပ်စားခြင်း က ဆာလောင်မှုမဖြစ်အောင် တားဆီး နိုင်ပြီး ဝမ်းဗိုက်မှ အဆီများချပေးရန် အထောက်အကူပြုကြောင်း ပညာရှင် များက နိုဝင်ဘာလ ၃ ရက်နေ့တွင် ပြော ကြားလိုက်သည်။ ယခုတွေ့ရှိချက်သည် မြေပဲစားခြင်းနှင့် ဆီရိုတိုနင် ဟော်မုန်း မြင့်မားခြင်းတို့အကြားရှိ ဆက်နွှယ်ချက် ကို ပထမဆုံးအကြိမ်အဖြစ် ဖော်ထုတ်နိုင် ခဲ့ခြင်းလည်း ဖြစ်သည်။ ဆီရိုတိုနင်သည် အစားစာလိုစိတ်ကို လျှော့ချပေးနိုင်ပြီး ပျော်ရွှင်မှုခံစားချက်ကို မြှင့်တင်ပေးကာ နှလုံးကျန်းမာရေးကိုလည်း တိုးတက်စေ ကြောင်း တွေ့ရှိခဲ့သည်။ စပိန်နိုင်ငံ ဘာစီလိုနာတက္ကသိုလ်မှ သုတေသန ပညာများသည် အပေါ်ယံအလွှာ မနွှာ ထားသော သစ်ကြားသီး၊ ဗာဒံစေ့နှင့် ဟေဇယ်သီးအစေ့တို့သည်လည်း အလားတူ ကျန်းမာရေးအတွက် ကောင်း မွန်သော အာနိသင်များရှိသည်ဟု ဆိုသည်။

ပဉ္စမမြောက် ရင်ချင်းအသည်းချင်းဆက် အမြွှာညီအစ်မ ခွဲစိတ်မှု အောင်မြင်ပြန်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့ လောင်းလုံဆေးရုံတွင် မွေးဖွားခဲ့သော ရင်ချင်း၊ အသည်းချင်းဆက်အမြွှာညီအစ်မကို ရန်ကုန်တိုင်းဒေသကြီး ရန်ကုန် ကလေးဆေးရုံကြီး တွင် ၉-၁၁-၂ဝ၁၁ ရက်ကအောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်မှုကို နံနက် ၇နာရီကစတင်ရာ ၁၁ နာရီခွဲခန့်တွင် ခွဲစိတ်မှုအားလုံး ပြီးစီးသွားခဲ့ကြောင်း၊ခွဲစိတ်မှုတွင် ကလေးခွဲစိတ်အထူးကု ဆရာဝန်ကြီးသုံးဦးနှင့် အခြားခွဲစိတ်ဆရာဝန်ကြီးများပါဝင်ခဲ့ကြောင်း သိရသည်။ ခွဲစိတ်ပြီးနောက် ကလေးများ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း ကျန်းမာရေးဆက်တိုက်ကောင်းမွန်နေပါက ခွဲစိတ်သည့်နေ့မှစ၍ သုံးလခန့်ကြာလျှင် မိဘများအနေဖြင့် မိမိနေရပ်ကို ပြန်ခေါ်နိုင်ကြောင်း သိရသည်။ ရင်ချင်း၊အသည်းချင်းဆက် အမြွှာညီအစ်မနှစ်ဦးအမည်များမှာ အင်ကြင်းခိုင်နှင့်အင်ကြင်းလှိုင်ဖြစ်ပြီး ၂၅-၁-၂ဝဝ၉ ရက်တွင် ထားဝယ်မြို့ လောင်းလုံဆေးရုံတွင် မွေးဖွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

အိပ်ရာနိုးနိုးချင်း ဆေးလိပ်သောက်လျှင် နီကိုတင်းဓာတ် အဆုတ်ထဲပိုဝင်နိုင်


အိပ်ရာနိုးနိုးချင်း ဆေးလိပ်သောက်သူသည် မနက်စာစားပြီးမှ သောက်သူထက် နီကိုတင်းပမာဏများများ အဆုတ်ထဲသို့ ဝင်နိုင်ခြေပိုများကြောင်း သုတေသီတို့၏ လေ့လာချက်စာတမ်းများအရ သိရသည်။
”အိပ်ရာကထပြီး နာရီဝက်ကျော်မှ ဆေးလိပ်သောက်တဲ့ သူက ဆေးလိပ်အရေအတွက် ပိုများရင်တောင်မှ နိုးနိုးချင်းသောက်သူ ရဲ့ နီကိုတင်းပမာဏကို မမီဘူးလို့ သိရ တယ်။ နိုးနိုးချင်းသောက်သူတွေက ဆေးလိပ်ပိုစွဲနေတဲ့သဘော ရှိပြီး၊ ဆေးလိပ်ဖြတ်ဖို့လည်း ပိုခက်နိုင်တယ်”ဟု အဆုတ်ရောဂါ ဆရာဝန်တစ်ဦးက ပြောကြားသည်။
ဆေးလိပ်ကြောင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်ကို လူ ၅ သန်းကျော် သေဆုံးနေပြီး၊ ယင်းနှုန်းအတိုင်း ဆက်သွားပါက ၂၁ ရာစုတစ်ခုလုံး ၌ လူသန်း၁ဝဝဝ သေဆုံးနိုင် ကြောင်း WHO၏ လေ့လာချက်အရ သိရသည်။
”အောင်အောင်မြင်မြင် ဆေးလိပ်ဖြတ်ချင်ရင် အကောင်းဆုံးနည်းက တိခနဲ အစိမ်းဖြတ်ခြင်းပဲဖြစ်တယ်။ တတ်နိုင်ရင်ပေါ့။ နည်းနည်းချင်း လျှော့သောက်သွားခြင်းက အောင်မြင်မှုသိပ်မရဘဲ နောက်ဆုံးယခင်က အတိုင်းပြန်သောက် ဖြစ်သွားလေ့ရှိတယ်”ဟုအထက်ပါဆရာဝန်က ပြောကြားသည်။
အမေရိကန်၊ ဂျပန်၊ အနောက်ဥရောပကဲ့သို့ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ဆေးလိပ်သောက်နှုန်းများ ကျဆင်းခဲ့သော်လည်း ဖွံ့ဖြိုးဆဲနိုင်ငံအများစုမှာမူ မြင့်တက်နေဆဲပင် ဖြစ် ကြောင်း သုတေသီတို့၏ လေ့လာချက်အရ သိရသည်။
ဆေးလိပ်သောက်ခြင်းသည် မိမိ၏ကျန်းမာရေး ကောင်းမွန်စေရန်အတွက် ရှောင်ရှားနိုင်သည့် တစ်ခုတည်းနှင့် အကြီးမားဆုံးသော ကိစ္စတစ်ခုဖြစ်ပြီး ဆေးလိပ် သောက်ခြင်းကြောင့် မိမိသက်တမ်း၏ ၈ ရာခိုင်နှုန်းမှ ၁၅ ရာခိုင်နှုန်း အထိ အသက်တိုသွားနိုင်ကြောင်း ၄င်းက ဆက်လက်ပြောကြားသည်။
ကမ္ဘာမှာဆေးလိပ် တိုက်ဖျက်ရေးအတွက် သုံးစွဲနေသည့် ငွေကြေးထက်ဆေးလိပ်မှ ရသည့်အခွန်ငွေက ၂၃၈ ဆပိုများနေသည်ဟု WHOက ထောက်ပြထားကြောင်း၊ WHO၏ ဆေးရွက်ကြီးထိန်းချုပ်ရေး သဘောတူစာချုပ်မူကြမ်းကို နိုင်ငံပေါင်း ၁၇ဝ က လက်မှတ် ရေးထိုးထားကြသော်လည်း အကောင်အထည်ဖော်ရန် လိုအပ်နေသေး ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ချစ်ဆုဆွေ

အသုဘနဲ့ မရဏာ နာနာပွားရမှာ


မရဏာနုဿတိအား နာနာပွား...

ဒီနေ့သွားခဲ့ရတာကတော့ စိတ်မကောင်းစရာပါ...
ဘာလို့လဲဆို အသုဘမို့...
အသုဘမှ ရိုးရိုးအသုဘမဟုတ် မိမိကိုယ်ကိုမိမိ ဖြေရှင်းလိုက်ပြန်တာ...
သံသရာတစ်လျောက်က ပါလာတဲ့ကံ၏အကျိုးတရားတွေ မနည်းဘူးကိုး...
သူတို့ အကျိုးပေးတော့မယ်ဆိုရင် စိတ်တွေက ကပြောင်းကပြန်...

သီလမပေးခင်မှာပဲ...
သေသူအတွက်ရည်စူးပြီး ပြုလုပ်တာမို့ နားလည်အောင် ရှင်းပြပေးခဲ့ပါတယ်...
သေဆုံးသူကို အမျှပေးဝေမှာ ဖြစ်တဲ့အတွက် မိမိမှာ ပေးစရာရှိဖို့ လိုပါတယ်...
သူ့ကို ဘာတွေပေးမလဲ...
ကောင်းကျိုးချမ်းသာ ဖြစ်စေလိုတဲ့အတွက်...
ကောင်းမှုဆိုတာ ကိုယ်မှာရှိရမယ် ကောင်းမှုကို အရင်ပြုရမယ်ပေါ့...

ဒါကြောင့်...
ဒါနကုသိုလ် ဆွမ်းလှူဒါန်းတယ်...
သီလကုသိုလ် ငါးပါးသီလစောင့်ထိန်းကြမယ်...
ဘာဝနာကုသိုလ် တရားတော်တွေ နာကြားရမယ်...
မေတ္တာတရားတွေ ပွားများရမယ်...
ပြီးတော့မှ ဒီကုသိုလ်တွေကို သူ့ကိုမျှဝေပေးမယ်ပေါ့...

နောက်တစ်ခု သိထားဖို့ကတော့ သီလရှိသူကို လှူဒါန်းမှအကျိုးကြီးမှာမို့...
ဘုရားအမှူးရှိတဲ့ အရိယာသံဃာကို အာရုံပြုလို့ လှူဒါန်းကြရမယ်...

သေသူဟာ ဒကာဒကာမတို့လို မလုပ်နိုင် မကိုင်နိုင်တော့ဘူး...
ဒါ့ကြောင့် ဒကာမတို့က ကုသိုလ်လုပ် အမျှဝေပေးနေရတယ်...
ဒီတော့ အချိန်ရှိတုန်း လုပ်နိုင်တုန်း လုပ်သင့်တဲ့ကုသိုလ်တွေ လုပ်ထားကြရမယ်...
သေတော့မှ မိသားစုက လုပ်ပေးရတာ သေချာတဲ့အလုပ် မဟုတ်တော့ဘူးလေ...
ကိုယ်တိုင် လုပ်ကိုင်ပြီး ကုသိုလ်တွေ ယူသွားကြရမယ်...
အချိန်ဆိုတာ ကိုယ်ပိုင်တာ မဟုတ်ဘူး...

ဘုရားက မသိနိုင်ခြင်းအကြောင်း ၅-မျိုးရှိတယ်တဲ့...
ဘယ် ၅-လုံးလို့ မှတ်ထားပေါ့...
ဘယ် ၅-လုံးဆိုတာက...
ဘယ်အရွယ် ဘယ်ရောဂါ ဘယ်အချိန် ဘယ်သင်္ချိုင်း ဘယ်ဘဝ...တဲ့

ဘယ်အရွယ်မှာ သေမယ် ဆိုတာလဲ မသိနိုင်...
ဘယ်ရောဂါနဲ့ သေမယ် ဆိုတာလဲ မသိနိုင်...
ဘယ်အချိန်ခါ သေမယ် ဆိုတာလဲ မသိနိုင်...
ဘယ်သင်္ချိုင်းမှာ မြှုပ်နှံမယ် ဆိုတာလဲ မသိနိုင်...
ဘယ်ဘဝကို ရောက်မယ် ဆိုတာလဲ မသိနိုင်...

ပြောစရာရှိတာလေးတွေ ပြောဆိုပြီးနောက်...
အရှင်ပုဏ္ဏအကြောင်း ဇာတ်တော်လေးတစ်ခုပါ ပြောပြလိုက်ပါတယ်...

အဓိကတော့ အရှင်ကောင်းဟာ သူသွားတဲ့အရပ်ဒေသမှာပဲ သူဟာသေမယ်...
သို့သော် သေမယ်ဆိုတာကိုတော့ သူမသိဘူးပေါ့...
မသွားခင် မြတ်စွာဘုရားက နှလုံးသွင်းကောင်းရန် တရားဟောလိုက်ကြောင်း...
ဟောကြားလိုက်တဲ့ တရားကို နှလုံးသွင်းရင်းနဲ့ပဲ တရားထူးရပြီးနောက်
သွားရာ ရောက်ရာအရပ်မှာ တပည့်ဒကာတွေကို တရားဟောပေး
နောက်ဆုံးတော့ သူသွားလိုတဲ့နေရာ အရပ်ဒေသမှာပဲ သေဆုံးသွားပါတယ်...
ဆိုတဲ့အကြောင်းလေးပြောပြီး အမျှဝေပေးခဲ့ပါတော့တယ်...

ဒီစာကိုဖတ်ရတဲ့ ဒကာဒကာမတို့လည်း ပေါ့ပေါ့တန်တန်မနေကြနဲ့တော့...
နေ့စဉ် နေစဉ်ဆိုတာလိုပေါ့ ကုသိုလ်ရအောင်ယူနေပါ...

အသုဘနဲ့ မရဏာ...
မေတ္တာနဲ့ ဂုဏ်တော်ဟာ အမြဲပွားရမှာ...
မမေ့လိုက်ပါနဲ့ သူတော်ကောင်းတို့ရာ...

ဦးလောကနာထ
၁၁.၂၂.၁၁


ကုသိုလ်ကောင်းမှု၌ သာဓုခေါ်ခြင်းသည် ကုသိုလ်တစ်ခုဖြစ်ပေ၏။
သာဓု... သာဓု... သာဓု...။
Related Posts Plugin for WordPress, Blogger...