သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်းက မိန်းမကိုယ် ကင်ဆာဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ ချပေးနိုင်
သားအိမ်အတွင်းထည့် သန္ဓေတားပစ္စည်း ( IUCD ) ထည့်ထားသော အမျိုးသမီးများတွင် မိန်းမကိုယ်ကင်ဆာ ဖြစ်နိုင်ခြေကို ထက်ဝက်လျှော့ချ ပေးနိုင်ကြောင်း လေ့လာချက် အသစ်တစ်ရပ်အရ သိရသည်။
အဆိုပါ ပစ္စည်းသည် ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို တိုးပွား စေသည်ဟူသော လူအများ၏ ယုံကြည်ချက်နှင့် ဆန့်ကျင်စွာ ယင်းက ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ကြောင်း အံ့အားသင့်ဖွယ် တွေ့ရှိရသည်။ သို့သော် အဆိုပါ ပစ္စည်းသည် မိန်းမကိုယ်ကင်ဆာ ဖြစ်ပွားစေရာ၌ အဓိကကျသော ကြွက်နို့ ဗိုင်းရပ်စ်ဟုခေါ်သည့် HPV ဗိုင်းရပ်စ်ကို တားဆီးပေးနိုင်ခြင်း မရှိဟု ဆိုသည်။IUCD ထည့်ခြင်းနှင့် ထုတ်ခြင်းတို့က အကြို ကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်နိုင်သည်ဟု ဆိုသည်။ စပိန် နိုင်ငံ ကက်တားလိုးနီးယားရှိ လိုဘရီဂတ်ဆေးရုံမှ သုတေသန ပညာရှင်များ၏ လေ့လာချက်အရ IUCD သုံးစွဲခြင်းသည် အသုံးပြုသည့် ပထမနှစ်အတွင်း မိန်းမကိုယ်ကင်ဆာဖြစ်ပွားနိုင်ခြေ ကို ထက်ဝက်လျှော့ချပေးနိုင်ပြီး နောင် ၁ဝ နှစ်ကြာသည့်တိုင် အဆိုပါ ကင်ဆာရောဂါကို ထိထိ ရောက်ရောက် ကာကွယ်ပေးနိုင်သော အာနိသင် ကျန်ရစ်သည်ဟုဆိုသည်။ အဆိုပါ သုတေသနအဖွဲ့ကို ခေါင်းဆောင်သော ဇာဗီးယား ကက်စတယ်ဆောက်က ယင်းကဲ့သို့ လျှော့ချ ပေးနိုင်ခြင်းမှာ IUCD အထုတ်အသွင်း ပြုလုပ်ခြင်းက အကြိုကင်ဆာဆဲလ်များကို ဖျက်ဆီးပစ်ခြင်း သို့မဟုတ် ယင်းသို့ ပြုလုပ်ရာတွင် ရောင်ရမ်းမှု ဖြစ်ပေါ်ခြင်းကြောင့် ရေရှည်ခံသော ကိုယ်ခံအားတစ်ရပ်ကို ရရှိသွားခြင်း
ကြောင့် ဖြစ်နိုင်သည်ဟုဆိုသည်။ စပိန်သုတေသန ပညာရှင်များသည် အမျိုးသမီးပေါင်း ၂ဝ,ဝဝဝ ကို လေ့လာခဲ့ရာ၌ IUCD အသုံးပြုခြင်းက မိန်းမကိုယ်ကင်ဆာရောဂါအမျိုးမျိုး ဖြစ်ပွားနိုင် ခြေကို ၄၄ မှ ၅၄ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း တွေ့ရှိ ခဲ့ခြင်းဖြစ်သည်။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...