.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Saturday, December 3, 2011

တီဘီ ရောဂါ ကုသ ရေးတွင် စေတနာ့ ဝန်ထမ်း စောင့်ရှောက်သူများ အရေးပါ

မြန်မာ နိုင်ငံ ဆရာဝန် အသင်းတီဘီ ရောဂါ စီမံချက်နှင့် အမျိုးသား တီဘီရောဂါ တိုက်ဖျက် ရေး စီမံကိန်းတို့ ပူးပေါင်း ပြုလုပ် သော တီဘီ ရောဂါ တိုက်ဖျက် ရေးအတွက် စေတနာ့ ဝန်ထမ်း

ကျန်းမာရေးစောင့်ရှောက် သူများအား အသိပေးဆွေးနွေးပွဲနှင့် သင်တန်းကို ၁၇-၁၁-၂၀၁၁ နှင့် ၁၈-၁၁-၂၀၁၁ နေ့က မြောက်ဥက္ကလာပ မြို့နယ် ကျန်းမာရေးဦးစီးဌာနအစည်း အဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ မြို့နယ်အုပ်ချုပ်ရေးမှုးဦးသိန်းစိုး တက် ရောက် အမှာစကားပြောကြားပါသည်။ ဆက်လက်ပြီး မြန်မာနိုင်ငံဆရာဝန်အသင်း တီဘီစီမံချက်မန်နေ၈ျာ ဒေါက်တာသက် နိုင်မောင်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားကာ တိုင်းဒေသကြီးတီဘီရောဂါ ဆရာဝန်ကြီး ဒေါက်တာတင်မိမိခိုင်၊ မြောက်ဥက္ကလာပမြို့နယ်ကျန်းမာရေးဦးစီး ဌာနမှူးဒေါက်တာဥမ္မာစိန်နှင့် ခရိုင်တီဘီ ရောဂါတိုက်ဖျက်ရေးအဖွဲ့ခေါင်းဆောင် ဒေါက်တာစောနွဲ့နွဲ့မြင့်၊ မြန်မာနိုင်ငံ ဆရာဝန်အသင်းမှ ဒေါက်တာသင်းသင်း နှင့် ဒေါက်တာချိုချိုအောင်တို့က သိ ကောင်းစရာများကို ဆက်လက်ပြောကြား ဆွေးနွေးကြပါသည်။ အဆိုပါအသိပေးဆွေးနွေးပွဲနှင့် သင် တန်းတို့မြောက်ဥက္ကလာပမြို့နယ်အတွင်းရှိ စေတနာ့ဝန်းထမ်းနှင့်လူမှုရေးအဖွဲ့အစည်း များမှ စိတ်ပါဝင်စားသူ စုစုပေါင်း ၃၀ခန့် တက်ရောက်ခဲ့ပါသည်။

သင်တန်းကို ၂ရက်ပြုလုပ်မှာဖြစ်ပြီး သင်တန်းတွင်တီဘီရောဂါအခြေအနေ၊ တီဘီရောဂါအကြောင်းနှင့်ရောဂါရှာဖွေကုသ မှုများအကြောင်း၊ ဆေးတိုက်ကျွေးသူများ နှင့် စေတနာ့ဝန်ထမ်းကျန်းမာရေးစောင့် ရှောက်မှုပေးသူများ၏ အခန်းကဏ္ဍတီဘီ ရောဂါသည်များ၏ ကျန်းမာရေးစောင့် ရှောက်မှုပေးခြင်း စသည့် ခေါင်းစဉ်များဖြင့် အမျိုးသားတီဘီရောဂါတိုက်ဖျက်ရေး စီမံကိန်းနှင့် မြန်မာနိုင်ငံတီဘီရောဂါတိုက် ဖျက်ရေးစီမံချက်မှ တာဝန်ရှိသူများက ပို့ချသွားပါသည်။ မြောက်ဥက္ကလာပမြို့နယ်အတွင်းတွင် တီဘီရောဂါနှင့် ပတ်သက်ကုသမှုခံယူလို ပါက တီဘီရောဂါတိုက်ဖျက်ရေးဌာန ဥဇ္ဖနာမှတ်တိုင်၊ ဋရပ်ကွက်၊ မြောက် ဥက္ကလာပမြို့နယ်တွင် ကုသမှုခံယူနိုင် သည့်ပြင် ပုဂ္ဂလိကဆေးခန်းများအနေနှင့် မြန်မာနိုင်ငံဆရာဝန်အသင်း သို့မဟုတ် PSI တို့နှင့် လက်တွဲဆောင်ရွက်လျက်ရှိ သော ဆေးခန်းများတွင်ကုသမှုခံယူနိုင် ကြောင်းသိရှိရသည်။ ထိုကဲ့သို့ တီဘီရောဂါကိုကုသမှု ပေးရာတွင် စေတနာ့ဝန်ထမ်းများက တီဘီရောဂါ သံသယရှိသူများအား ကျန်းမာရေးဌာန သို့မဟုတ် ပုဂ္ဂလိက ဆေးခန်းများသို့ စနစ်တကျညွှန်းပို့ခြင်း၊ ရောဂါရှာဖွေရာတွင်ကူညီမှုပေးခြင်း၊ ဆေး မှန်မှန်သောက်နိုင်အောင် ကူညီပံပိုးပေး ခြင်း၊ ဆေးသောက်ပျက်ကွက်ပါကလည်း သက်ဆိုင်ရာဆရာဝန်များနှင့် ချိတ်ဆက်၍ ဆေးပုံမှန်သောက်လာအောင် ညှိနှိုင်း ပံပိုး ဆောင်ရွက်ပေးခြင်းဖြင့် ကူညီပေးနိုင်သည် ဖြစ်ရာ၏ တီဘီရောဂါတိုက်ဖျက်ရေးတွင် အရေးပါကြောင်းသိရှိရပါသည်။

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...