အဆိုပါရောဂါ ဖြစ်ပွားမှုနှုန်း နှစ်အလိုက်ကျ ဆင်းလာသည်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂ ဗှီု အစီအစဉ် များမှပူးပေါင်းပြီး ဆောင်ရွက်ခဲ့ သည့် ခန့်မှန်းတွက်ချက်ခြင်း၊ အလုပ်ရုံ ဆွေးနွေးပွဲ ရလဒ်များမှ သိရခြင်း ဖြစ်သည်။ ၂၀၀၉ ခုနှစ်အတွင်းပြုလုပ်ခဲ့သည့် ခန့်မှန်းတွက်ချက်ခြင်း အလုပ်ရုံ ဆွေးနွေးပွဲရလဒ်များအရ တစ်နှစ်အတွင်း HIV ရောဂါပိုး ကူးစက်ခံရသူလူနာများ ၁၇,၁၀၀၊ သေဆုံးသူ ၁၇,၅၆၀၊ ART ဆေးဖြင့်ကုသရန်လို အပ်သူ ၇၄,၀၀၀ နှင့် မိခင်မှသန္ဓေသားသို့ HIV ရောဂါ ကူးစက်မှုတားဆီးမည့်ဆေးဝါးတိုက်ကျွေး ရန်လိုအပ်သူ ကိုယ်ဝန်ဆောင်မိခင်ပေါင်း ၄,၃၀၀ ရှိသည်ဟု သိရသည်။
3 Diseases Fund, Global Fund များ ၏ကူညီ ပံ့ပိုးမှုကြောင့် လာမည့် နှစ်များတွင် ရောဂါ ကာကွယ်ရေး နှင့်ကုသရေးပြုစု စောင့်ရှောက်ရေး လုပ်ငန်း များကို ဆက်လက် ဆောင်ရွက် သွားနိုင်မည် ဖြစ်သည်ဟု လည်း ၎င်းကဆက်ပြောသည်။
၁၉၈၁ ခုနှစ်က စတင် တွေ့ရှိခဲ့သည့် HIV ရော ဂါပိုးသည် နှစ်ပေါင်း ၃၀ ခန့်အတွင်း တစ်ကမ္ဘာ လုံးပျံ့နှံ့ခဲ့ပြီး လူပေါင်း ၃၄ သန်းခန့် HIV / AIDS ရောဂါကူးစက်မှုခံစားနေရကြောင်း၊ ကမ္ဘာပေါ် တွင် ၁၅ နှစ်မှ ၄၉ နှစ်ကြား အရွယ်သေဆုံးကြသူ များထဲ၌ AIDS ရောဂါကြောင့်သေဆုံးရခြင်းမှာ အများဆုံးဖြစ်သည်။
လူမင်းသောင်းထွန်း

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...