နာရေး ကူညီမှု အသင်း ဒု-ဥက္ကဌ ဦးကျော်သူ နှင့် တွေ့ဆုံခြင်း

အရွယ်ကောင်းဆဲ အချိန်တွင် နာမည်ကြီး ရုပ်ရှင်မင်းသား တစ်ဦး၏ဘ၀မှ အနားယူကာ လူမှုရေး လုပ်ငန်းများအား စွမ်းစွမ်းတမံ ဆောင် ရွက်ခဲ့သဖြင့် ပြည်သူလူထု နှင့်တကွ ပြည်တွင်း၊ ပြည်ပ အာဏာပိုင် အဖွဲ့အစည်းများ၊ လူမှုရေး အဖွဲ့အစည်းများ အကြားတွင် ဦးကျော်သူ၏ အမည်မှာ ထင်ရှား လာခဲ့သည်။ လူမှုရေး အဖွဲ့ အစည်းဖြစ်သည့် နာရေးကူညီမှု အသင်းကြီး အပြင် လူငယ်များ ၏ပညာရေး အတွက်လည်း ကောင်း၊ အခြေခံလူတန်းစား များ၏ ကျန်းမာ ရေး အတွက်လည်းကောင်း၊ တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်လျက်ရှိရာ ယင်း၏ လူမှုရေး ခံယူချက်များနှင့် သဘောထား အမြင်တို့ကို တွေ့ ဆုံမေးမြန်းဖြစ်ခဲ့သည်။

နာရေးကူညီမှုအသင်းအပြင် တခြားဘိုးဘွား ရိပ်သာလို လူမှုစောင့်ရှောက်ရေးဂေဟာလိုမျိုး တွေဖွင့်လှစ်ဖို့ ရည်ရွယ်ချက် ရှိပါသလား။

ကျွန်တော့်ကို ဘိုးဘွားရိပ်သာ လိုဂေဟာ မျိုးဆောက်ဖို့ အကြံပေး ကြတာ တွေရှိတယ်။ ကျွန်တော်ဖြတ် သန်းခဲ့ တဲ့ အနုပညာ လောကမှာ လည်း အသက်ကြီးလို့ မရပ်တည်နိုင် တော့တဲ့ အဘိုးအဘွား တွေကို ရိပ် သာ ပုံစံ လုပ်ပေးမယ်။ စောင့်ရှောက် ပေးသင့် တယ်ဆိုတာမျိုးတွေပေါ့။ ဒါ ပေမယ့် ကျွန်တော့် အမြင်အရ လူတွေ က အချိန်တန်ရင် ကျော်သူ ရှိသား ပဲဆိုတဲ့ အတွေးမျိုး တွေနဲ့ ရေသာခို ချင်တဲ့ စိတ်မျိုးတွေ ၀င်မသွား စေချင် ဘူး။ အရွယ်ရှိစဉ် အချိန်မှာ အရက် သောက်တယ်။ လောင်းကစား လုပ် တယ်။ ဘ၀ကို တန်ဖိုးရှိအောင် မနေ ဘဲ စိတ်ဓာတ်ပျက်ပြား ကုန်တယ်။ ဒါတွေကို ကျွန်တော် မဖြစ်စေချင်ပါ ဘူး။ ဒီတော့ အနုပညာ သမားတွေ အတွက် သီးသန့် လူမှုရေး ကူညီမှု အဖြစ် ဘိုးဘွား ရိပ်သာလိုဟာမျိုး မလုပ်ချင်ဘူး။

အရင်က HIV / AIDS ကလေးတွေပြုစု စောင့်ရှောက်ရေး ဂေဟာဖွင့်တယ်ဆိုတာမျိုး လည်းကြားတယ်။ အခု အဲဒီအခြေအနေက ရော . . .

ဟိုးအရင် ကတော့ ဒီလိုကလေး တွေ ကာကွယ် စောင့်ရှောက်ဖို့ ကျွန် တော်တို့ စခဲ့ တာရှိတယ်။ ကျွန်တော့် ဇနီး ရွှေဇီးကွက် က ဦးဆောင်တာပါ။ ဂေဟာလေး တစ်ခု အရင်လုပ်ပြီး ကလေးတွေ စုဆောင်းတာပေါ့။ ပထမဆုံး ကတော့ ကလေးနှစ်ယောက် တွေ့တယ်။ ညီအစ်ကို နှစ်ယောက် ပေါ့။ ကျွန်တော့်ကားနဲ့ပဲ သူတို့ကို သံလျင်မြို့အ၀င် တံတား ထိပ်နားက အိမ်မှာ ဖွင့်ထားတဲ့ ဂေဟာဆီ ခေါ် သွားခဲ့တယ်။ အဲဒီအိမ် ကလည်း ရွှေ ဇီးကွက်သူငယ်ချင်းက အကူအညီ ပေးထားတဲ့ အိမ်ပါ။ ပထမဆုံးHIV ကလေးတွေကို ကျွန်တော်ကူညီပေး တာဖြစ်ပြီး နောက်ပိုင်း တော့ ဒီနာ ရေးကူညီမှု အသင်းကလည်း အလုပ် များတာက တစ်ကြောင်း၊ တစ်ခု အောင်မြင်တော့ အာရုံက ဒီဘက်ကို ပဲ စိုက်နေရတာ ကတစ်ကြောင်းဆို တော့ HIV ကလေးတွေ ကိစ္စကို ပြန် မကြည့်ဖြစ်ခဲ့ဘူး။ အရင် ကျွန်တော့် အမျိုးသမီးက အဲဒီလုပ်ငန်း တွေလုပ် ခဲ့တယ် ဆိုပေမယ့် အခုအချိန်မှာ တော့ သူလည်း ဒီဘက် နာရေးကူညီ မှုအသင်းကိုပဲ အာရုံစိုက် နေရပါ တယ်။ HIV ကလေး တွေအတွက် တော့ ဆက်မလုပ်ဖြစ်ဘူး။

နာရေးကူညီမှုအသင်းဆိုတာ လူငယ်တွေအတွက် စံပြပရဟိတ လုပ်ငန်းကြီး တစ်ခုဖြစ်နေတာ နဲ့ ပတ်သက်ပြီး ဦးကျော်သူရဲ့အမြင် ကရော . . .

ကျွန်တော့် အနေနဲ့လည်း လူ ငယ်တွေ အနေနဲ့ ပရဟိတလုပ်ငန်း မှာ စိတ်ပါဝင် စားလာအောင်၊ ဘ၀ ကို တန်ဖိုးရှိရှိ၊ လူအများ အကျိုးပြု ကိစ္စတွေ ဆောင်ရွက် လာနိုင်အောင် ရည်ရွယ်ပြီး လုပ်ခဲ့တာ လည်းဖြစ်ပါ တယ်။ ကျွန်တော် ကိုယ်တိုင်လည်း လူတစ်ယောက် သေဆုံးတယ်ဆိုတာ ရဲ့နောက်မှာ မိသားစုတွေ၊ ဘယ်လို အခက်အခဲ တွေဖြစ်နေလဲ ကိုယ်ချင်း စာလို့ မြန်မာလူမျိုး၊ ဗုဒ္ဓဘာသာ တွေ အတွက်တင်မက ဘာသာ မရွေး၊ ဆင်းရဲချမ်းသာ မရွေး အကူအညီ ပေးနေရတာပါ။ ကျွန်တော်တို့ အကူ အညီပေးရခြင်းဟာ ပူဆွေး သောက ရောက်နေတဲ့ မိသားစုတွေ အတွက် စိတ်ချမ်း သာစရာ၊ ကျေနပ်စရာ ဖြစ် တဲ့အတွက် လုပ်ပေး ရတဲ့ ကျွန်တော် တို့အဖွဲ့သား တွေအားလုံး ကြည်နူး ရပါတယ်။ ဒီ အတွက် လူငယ်တွေ အနေနဲ့ သူတစ်ပါး အပေါ် ကူညီပေး တဲ့စိတ်ဓာတ်နဲ့ လူမှုရေး လုပ်ငန်းတွေ ကို ပိုပြီးသိမြင် လာပါတယ်။ အဲဒီ ရည်ရွယ်ချက် က အင်မတန်အောင် မြင်တယ်။ အရင် ကတော့ ဆင်းရဲ သား တွေအတွက် ရည်ရွယ်ပြီး လုပ်ခဲ့ ပေမယ့် အခုအချိန်မှာ ချမ်းသာ တဲ့ လူတွေလည်း ကျွန်တော်တို့ အဖွဲ့ကို အားကိုး လာတာတွေ ရှိလာပါတယ်။

နာရေးကူညီမှု ဆေးခန်းအပြင် သင်တန်း လေး တွေနဲ့ပတ်သက်ပြီး ကုသ ဆောင်ရွက်ဖြစ်ခဲ့ပုံကို လည်း ရှင်းပြပါအုံး။

ကျွန်တော့် အနေနဲ့ နာရေးအ သင်းကို လုပ်ခဲ့ တာကြောင့် လူတွေ ဘာကြောင့် သေလဲဆိုတာကို လေ့ လာပြီး သားဖြစ်နေ သလိုပါပဲ။ သေရ တဲ့ အဓိကအကြောင်းရင်းကတော့ ကျန်းမာရေး မကောင်းလို့၊ ကျန်းမာ ရေး ချို့တဲ့ လို့ပေါ့။ ဘာကြောင့် ကျန်း မာရေးချို့ တဲ့သလဲဆိုရင် အသိပညာ နည်းပါး လို့ဆို တာတွေ့တယ်။ ဒါ ကြောင့် သုခ ကုသိုလ်ဖြစ်ဆေးခန်း ကို ဖွင့်ပေးခဲ့တယ်။ ဆင်းရဲ နွမ်းပါးတဲ့ လူနာ တွေ အတွက် အထူးကု ဆရာဝန်ကြီး တွေ၊ နိုင်ငံခြားက ဆရာဝန်ကြီးတွေ အထိပင့်ပြီး ကုသိုလ်ပြု ခဲ့တယ်။ နောက်တစ်ခုက အသိပညာ ချို့တဲ့မှု အတွက် လေ့ကျင့် ပျိုးထောင်တဲ့ အနေ နဲ့ ကလေး တွေကို နွေရာသီ သင်တန်း တွေ သင်ပေး ဖြစ်တယ်။ အင်္ဂလိပ် စာ၊ ပန်းချီ အနုပညာ၊ ကျန်းမာရေး နဲ့ ပတ်သက်တဲ့၊ တစ်ကိုယ် ရေသန့်ရှင်း မှု၊ အသိအမြင်ဗဟုသုတ တွေရှိလာ အောင် သင်တန်း လေးတွေ လုပ်ပေး ခဲ့တာပါ။ မနှစ် ကတော့ ကျောင်း သား ၈၀ လောက်ပဲ ရှိပေမယ့် ဒီတစ် နှစ်မှာ တော့ ကျောင်းသား ၅၀၀ ကျော် တိုးလာ ပါတယ်။ ဆင်းရဲ၊ ချမ်း သာ မရွေး မိဘတွေဟာ သူတို့ရဲ့ ရင် သွေးငယ် ကလေးတွေကို ကျွန်တော် တို့ဆီမှာ လာပြီး ယုံကြည်အပ်နှံ တာ ကြောင့်လည်း ပီတိ ဖြစ်ရပါတယ်။ တချို့ မိဘတွေရဲ့ တောင်းဆိုမှုကြောင့် နွေရာသီ တင်မကဘဲ တစ်နှစ်ပတ်လုံး သင်တန်း လေးတွေလည်းဖွင့်ပေး ထား ရပါတယ်။ တစ်နှစ်ပတ် လုံးဆို ကလေး ၃၀၀ လောက်ရှိပါတယ်။ အသင်းဝင် လူငယ်တွေ အတွက်လည်း အင်္ဂလိပ်စာ 4 Skills သင်တန်းလေး တွေဖွင့်ဖို့ အစီအစဉ် ရှိပါတယ်။

အသင်းမှာ ၀င်ရောက်လိုသူ၊ volunteer တွေအတွက် ဘယ်လို စာရင်းပေးရပါသလဲ။ သင် တန်း သဘောမျိုးရော ပေးတာရှိပါသလား။

အသင်းကို ၀င်ချင်ရင် အရင်ဆုံး စာရင်း ပေးရတယ်။ ဖောင်ထဲမှာ အ ချက် အလက်ဖြည့်၊ စာရင်းပေးသွင်း ပြီးတာနဲ့ လူ ၃၀ လောက် ရှိရင် ငါး ပတ်၊ ခြောက်ပတ်လောက် သင်တန်း သဘောမျိုး ပေးပါတယ်။ ဒါပေမယ့် ဆရာတွေ မဟုတ်ပါဘူး။ သင်ပေးရ လောက်အောင် အသုဘ ချတဲ့ဆရာ ကြီးတွေ မဟုတ်တော့ ကျွန်တော့် အတွေ့အကြုံ၊ ကျန်တဲ့ လူတွေရဲ့အ တွေ့အကြုံကို share လုပ်တာပါ။ ရှင်းပြတာပါပဲ။ လူမှုရေး စိတ်ဓာတ် တွေ၊ လူငယ်တွေရဲ့ စိတ်ထဲမှာ ရှင်သန် လာအောင် ပျိုးထောင်ပေးတာမျိုးပါ ပဲ။ အခုလက်ရှိ run နေတဲ့ volunteer တွေကတော့ အယောက် ၂၀၀ ကျော်လောက် ရှိပါတယ်။ အယောက် ၃၀ ကို တစ်သုတ် သင်တန်း ပေးခဲ့တာ ကတော့ တော်တော် များနေပါပြီ။

နာရေးကူညီမှု (ရန်ကုန်) ကနေခွဲထွက်ပြီး တည် ထောင်ခွင့်ပြု ထားတဲ့နယ်တွေမှာ အဖွဲ့ခွဲ တွေရှိပါ သလား။

ကျွန်တော်တို့ အနေနဲ့ ဘယ်နေ ရာမှာမှ ဒီအသင်း ခွဲဆိုပြီး ထားတာ မျိုးတော့မရှိပါဘူး။ ဒါပေမယ့် လူမှု ရေး ခံယူချက်ရှိတဲ့ ဒေသခံ တွေအနေ နဲ့ ငါတို့ဆီမှာ တော့ ဒီလိုလူမှုရေး အသင်း မျိုးရှိမှဖြစ်မယ် ဆိုပြီး အတုယူ လုပ်ကိုင် လာကြတာမျိုးတွေ အများ ကြီးဖြစ် လာပါပြီ။ အစိုးရမ ဟုတ်တဲ့ လူမှုရေး အဖွဲ့အစည်းအဖြစ် ဆောင် ရွက်ချက် တွေရှိလာတယ်။ ကျွန်တော် တို့ အသင်းမှာလည်း သင်တန်းလာ တက်တာ မျိုးတွေရှိတယ်။ မြန်မာနိုင်ငံ အနှံ့က လူတွေအနေနဲ့ လူမှုရေး ဆိုင် ရာ ဆောင်ရွက်ချက်တွေ၊ အထူးသ ဖြင့် နာရေးအသင်း နဲ့ပတ်သက်တာ တွေကို ဒီကိုလာပြီး လေ့လာတယ်။ သင်တန်း သဘောမျိုး လာတက်တဲ့လူ တွေရှိပါတယ်။

နာရေးကူညီမှု အသင်းလုပ်ခဲ့တဲ့ ၁၀ နှစ်ကျော် ကာလမှာ ဘယ်လိုအခက်အခဲမျိုးတွေကို ရင်ဆိုင် ခဲ့ရပါသလဲ။

အခက်အခဲ ဆိုတဲ့နေရာမှာတော့ လူသေ တွေ အသက်မရှိတဲ့ လူတွေ အတွက် လုပ်ပေးတာ မှာလည်း ကျွန် တော့် အနေနဲ့ အမျိုးမျိုးသော အခက် အခဲတွေကို ရင်ဆိုင် ခဲ့ရပါတယ်။ တွေ့ကြုံခဲ့ ရပါတယ်။ အသက်ရှိ တဲ့လူ တွေအတွက်လုပ် ဖို့ဆိုရင်တော့ ဘယ် လောက်တောင် ခက်ခဲမလဲ ဆိုတာစဉ်း စားကြည့်ဖို့ တောင် မလိုတော့ပါဘူး။

နာရေးကူညီမှုအသင်းလုပ်ဖို့ စပြီးစိတ်ကူးရခဲ့တဲ့ အကြောင်းလည်း သိပါရစေ။

ကျွန်တော့် အမျိုးသမီးကြောင့် ပါပဲ။ သူ့အဒေါ်က မန္တလေးဗြဟ္မ စိုရ် အသင်းမှာ အလုပ်အမှုဆောင် ပေါ့။ ကျွန်တော်တို့ ထက် သုံးနှစ် လောက်တော့ စောတယ်။ အဲဒီ သတင်းကြားပြီး ဒီမှာ လည်း နာရေး ကူညီမှု အသင်း လုပ်ချင်တယ်လို့ သူက ပြောတယ်။ ၂၀၀၂ ခုနှစ် လောက်မှာ ပေါ့။ အဲဒီအချိန်မှာ ဘဘ ဦးသုခ ကလည်း နာရေးအသင်း ဖွဲ့မယ် ဆိုတာနဲ့ ဘဘရဲ့လမ်းညွှန်မှုကြောင့် စပြီးလုပ်ခဲ့တာပါ။

နာရေးကူညီမှုအသင်းလုပ်ဖို့ စိတ်ပါဝင်စားခဲ့တဲ့ အဓိကအကြောင်းအရာကရော ဘာများလဲ။

အဲဒီ အတွေ့အကြုံတစ်ခုတော့ ကျွန်တော် တွေ့ကြုံခံ စားခဲ့ရဖူးတာ ရှိတယ်။ ကျွန်တော့် အဘွား ဆုံးတုန်း ကပါ။ ကျွန်တော့် ဦးလေးကလည်း နာမည်ကြီး အရိုး၊ အကြော ဆရာဝန် ကြီးတစ်ဦး ဖြစ်ပါတယ်။ ဒါပေမယ့် အဘွားက ဆေးရုံကြီးမှာ ဆုံးတော့ ဆေးရုံကြီးက ရေခဲတိုက် ကနေ နာ ရေးယာဉ် ခေါ်ရတယ်။ အဲဒီအချိန် တုန်းက ကုသိုလ်ဖြစ် လုပ်တဲ့ ကျွန် တော်တို့လို့ အဖွဲ့အစည်း တွေမရှိဘူး ပေါ့။ အဘွား အလောင်း ကားပေါ် တင်မယ် လုပ်တော့ အဲဒီယာဉ်ပေါ် မှာ ပိုင်ရှင်မဲ့ အလောင်းသုံးလောင်း လောက်ပါတယ်။ ဒီတော့ အဲဒီကား ပေါ် မတင်တော့ဘဲ ကျွန်တော့်ဦး လေး တစ်ယောက်ရဲ့ကားပေါ်မှာတင် ပြီး ပို့ လိုက်ရတယ်။ ကျွန်တော့်အ တွေး ကတော့ ကျွန်တော်တို့ တောင် အဲဒီလို ခံစားခဲ့ရတာ၊ ပူဆွေး သောက ရောက်နေတဲ့ အသုဘရှင် တွေဟာ အင်မတန် စိတ်ညစ်ရှာ မှာပါပဲဆိုပြီး ကူညီဖို့ ဒီလို အသင်းကို တည်ထောင် ရေးအတွက် စိတ်ပါဝင် စားခဲ့တာပါပဲ။

သရုပ်ဆောင် တစ်ယောက်ရဲ့ဘ၀ကနေ လူမှုရေး ပရဟိတ လုပ်ငန်းရဲ့ ဦးဆောင်သူဘ၀ကို အပြီး အပိုင် ကူးပြောင်းခဲ့ပုံကရော . . .

ကျွန်တော့် အနေနဲ့ ရုပ်ရှင်မင်း သား တစ်ဦးဖြစ်ပြီး ပရိသတ်တွေ ခုနစ်ရက် သားသမီးတွေရဲ့ ငွေကြေး တွေ၊ အားပေးမှု တွေကို ရယူထားခဲ့ ပါတယ်။ အဲဒီက ရတဲ့ငွေတွေနဲ့ ကျွန် တော့်မိသားစု၊ ကျွန်တော့်သားသမီး တွေရဲ့ ပညာရေး စတာတွေအတွက် အသုံးပြုခဲ့ ရတာ။ ဒါတွေအတွက် အများပြည်သူရဲ့ ကျေးဇူးတွေ အများ ကြီးရှိ ခဲ့တယ်။ ဘယ်လိုပြန်ပြီး ကျေး ဇူးဆပ်မလဲဆိုတာ စဉ်းစား ကြည့် တော့ ဒီလို လူမှုရေး လုပ်ငန်းလုပ်ရ မယ်၊ ဒီနည်းက အကောင်းဆုံး ပဲဆို တာ သွားတွေ့တယ်။

အခုနာမည်ကျော် မင်းသားအချို့လည်း ပရဟိတ လုပ်ငန်းတွေ နည်းအမျိုးမျိုး နဲ့လုပ်လာကြတယ်။ ဦးကျော်သူ အနေနဲ့ မင်းသားမို့ လူမှုရေး လုပ်ငန်း မှာကျော်ကြားမှု ပိုရတာလား။ သုံးသပ် ပေးပါအုံး။ နောက်ပြီး ဦးကျော်သူ တာဝန်ယူဖို့ အခက်အခဲ ရှိ ရင်ရော။ ဘယ်လို ဆောင်ရွက်သွားမှာပါလဲ။

ကျော်သူဆိုတာ အရင်က မင်း သား တစ်ယောက်ပါပဲ။ အဲဒီလို လုပ် ခဲ့ဖူးလို့လည်း ဒီလို ဖြစ်နေတာဖြစ်နိုင် တယ်။ ဒါပေမယ့် အဓိက ကတော့ လူမှုရေး လုပ်ဖို့ဆိုတာယုံကြည်ချက် ခိုင် မာမှုရှိရမယ်။ ရုပ်ချင်းပြိုင် နေလို့လည်း မရဘူး။ စိတ်ဓာတ်၊ အရည်အချင်း ခံယူချက်တွေ ပြိုင်နိုင် ရမယ်။ လူမှုရေး လုပ်တဲ့သူ အချင်းချင်း ကျွန်တော့်ခံ ယူချက်အတိုင်း လုပ်နိုင်တဲ့ သူတွေ အများကြီးရှိတယ်။ ကျွန်တော့် ဖော်လ်တီယာ တွေထဲမှာ လည်း စိတ် ဓာတ်ခံယူချက်မြင့်မား တဲ့သူတွေပါ တယ်။ တစ်ချိန်ချိန်မှာ ကျွန်တော့်ရဲ့ ပရဟိတ လုပ်ငန်းကြီးကို ဆက်ပြီး run နိုင်မယ့်ကလေးတွေ လည်းရှိ ပါတယ်။ သူတို့ကိုလည်း မနှစ်က တည်းက ပြောထားတယ်။ ငါတို့ဥက္ကဋ္ဌ မရှိတော့ ဘူးလို့ သဘောထားပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး လုပ်ကြ လို့။ ဒီအတိုင်း လွှတ်ထား ကြည့်ပါ တယ်။ လိုအပ်လို့ ပါဝင် ပတ်သက်ရ တဲ့ကိစ္စ အချို့လောက်ပဲ ကျွန်တော် ၀င်ပါတယ်။ သူတို့ အားလုံးဟာ အများ အကျိုးကို ဆောင်ရွက်ပေးဖို့ ခံယူချက် တွေရှိပြီးသားမို့ ကျွန်တော် မရှိခဲ့ ရင်တောင် ဒီအသင်းကြီးက ဆက်လက် အောင်မြင် နေအုံးမယ်လို့ ယုံကြည်ပါတယ်။

အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါ တယ်။

ခွန်းဆက်သူ