ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။
ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။
အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...
စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...
အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။
ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။
Friday, December 9, 2011
ဆေးကိုပိုင်းခြမ်း၍ သောက်ခြင်းသည် ဆေးအာနိသင်ပမာဏ လွဲမှားနိုင်
”အဓိကကတော့ ရောဂါတစ်ခုဖြစ်လို့ ဆေးပေးရင် တစ်လုံးလုံး သောက်တာ ပိုကောင်းတယ်။ တစ် ခြမ်းပဲသောက်တော့ ဆေးရဲ့ အာနိသင်က လျော့သွားပြီး ထိရောက်မှု ပိုင်းမှာလည်း နှောင့်နှေးသွားနိုင်တာ ပေါ့။ လူတော်တော်များများကတော့ ဒါကို သိပ်သတိမထားမိကြဘူး။ အမှန်ကတော့ လိုပါတယ်။ အကျိုးဆက်ဘာတွေဖြစ်နိုင်လဲဆို တော့ အာနိသင်တစ်ဝက်ပဲရှိတော့ ရောဂါက ၁ ရက်နဲ့ ပျောက်မှာက ၂ ရက် ၃ ရက်ဆက်ကုရမယ်။ နောက်ရောဂါက အလျဉ်မီမပျောက်တော့ တခြားရောဂါတွေက ဝင် လာဖို့ အခွင့်သာသွားတာပေါ့” ဟု အထွေထွေရောဂါကု ဆရာဝန် ဦးသက်ထွေးက ပြောကြားသည်။
ယင်းသို့ ဆေးကိုတစ်ခြမ်းခြမ်းပြီး သောက်သုံးရန် အသုံးပြုကြသည့်ကိရိယာမှာ ကတ်ကြေးနှင့် မီးဖိုချောင်သုံး ဓားများဖြစ်ပြီး ၄င်းတို့အားသုံး၍ ပိုင်းခြမ်းမှုတွင် ၁၃ ရာခိုင် နှုန်းမှာ ဆေးပမာဏလွဲမှားနိုင်ကြောင်း သိရသည်။
”ဥပမာပြောရရင် ၁ဝဝ မီလီဂရမ် ဆေးပြားကို တစ်ဝက်ပိုင်းတဲ့အခါမှာ ၄၅ မီလီဂရမ်ပိုင်းနဲ့ ၅၅ မီလီဂရမ်ပိုင်းပဲ ရတာမျိုး ဖြစ်တယ်။ အချိုးအစားတိတိကျကျ ရတာမဟုတ် ဘူး။ ဒါကြောင့် ကိုယ့်မှာ လိုအပ်တဲ့ ပမာဏထက် နည်းသွားနိုင်တာပေါ့” ဟု အထက်ပါ ဆရာဝန်က ရှင်းပြသည်။
ယင်းကြောင့် ဆေးကုမ္ပဏီများအနေနှင့်လည်း ဆေးပြားပမာဏ အမျိုးမျိုးထုတ်လုပ်ရာတွင် ဆေးပြားပိုင်းခြမ်းစားရန် မလိုအပ်အောင် လုပ်ရန် လိုအပ်ကြောင်း၊ ဆေးရည် များတွင်လည်း ဇွန်းနှင့် တိုက်သည်ထက် အမှတ်အသားပါသည့် ဆေးထိုးပြွန်၊ ခွက်တို့ဖြင့် တိုက်ကျွေးခြင်းက ဆေးအချိန်အဆအား ပိုမိုတိကျမှန်ကန်မည် ဖြစ်ကြောင်း အထွေထွေရောဂါကု ဆရာဝန်ဦးသက်ထွေးက အကြံပြုပြောကြားသည်။
ချစ်ဆုဆွေ

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...