၂၀၁၁ ဒီဇင်ဘာလ ၉ ရက်မှ ၁၅ ရက်အထိ
မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -
အမွေအနှစ်ရှေးဟောင်းပစ္စည်း၊ လက်ဝတ်ရတနာအဟောင်းများနှင့် မြေယာများမှ ကောင်းကျိုးများ တိုးတက်ရရှိမည်။ ၀င်ငွေနှင့် စုဆောင်းငွေ တိုးပွားမည်။ စဉ်းစားချင့်ချိန်လုပ်ဆောင်တတ်သည့်သူများအဖို့ အများနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် ပိုမိုအရာ ရောက်လာလိမ့်မည်။ ယေဘုယျကံကောင်းသည့် ရက်များ ဖြစ်သည်။ အထူးသဖြင့် လုပ်ငန်းကိစ္စခရီးထွက်ရာ၌ အဆင်ပြေမှုများ ရရှိလိမ့်မည်ဖြစ်သည်။
ယတြာ - မွေးနံထောင့်၌ ပန်း၊ရေချမ်းကပ်လှူပြီး မေတ္တသုတ်ရွတ်ဖတ်ပူဇော်ပါ။
ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -
အထူးကံကောင်းသော ရက်များ ဖြစ်သည်။ ဆိုးကျိုးများ ပပျောက်လွှင့်စဉ်သွားမည်။ အကြံအစည်များ အောင်မြင်မည်။ ဂုဏ်သိက္ခာတိုးမည်။ ကြိုးစားလုပ်ဆောင်သည့် ကုသိုလ်ရေးအဓိဋ္ဌာန်အောင်မြင်လေလေ ဘ၀ကံပွင့်လန်းလာလေလေ ဖြစ်လိမ့်မည်။ အခက်အခဲနှင့် ပြဿနာတို့ကို ဖြေရှင်းကျော်လွှား နိုင်မည်။ မည်သည့်အစုစပ်လုပ်ငန်းမဆို အကျိုးပေး ထက်သန်နေမည်။
ယတြာ - မွေးနံထောင့်၌ သီးစုံကျောက်ကျောနှင့် နွားနို့ကပ်လှူပါ။
မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -
အတိတ်ဘ၀ကံပွင့်လန်းနိုးထ လာချိန်ဖြစ်သည်။ မိဘ၏ လက်ငုတ်လက်ရင်း အလုပ်များ တိုးတက်အောင်မြင်မည်ဖြစ်သလို မိဘ၏ ဂုဏ်ကျေးဇူးကြောင့်လည်း ဘ၀ကံပြောင်းလဲ တိုးတက်တော့မည်။ ယာယီအရောင်း အ၀ယ်လုပ်ငန်းများ အစုစပ်လုပ်ဆောင် အောင်မြင်မည်။ အဓိကပင်မအလုပ်များမှလည်း အမြတ်အစွန်းကောင်းစွာ ပေါ်ထွက်တော့မည်။
ယတြာ - ကြွေပြား၊ ကျောက်ပြား၊ အခင်းတစ်မျိုးမျိုး လှူပါ။
ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -
လုပ်ပိုင်ခွင့်၊ ခံစားခွင့်၊ ရာထူး အဆင့်တိုးမြှင့်ခံရလိမ့်မည်။ အဓိကလုပ်ငန်း၌ ပိုမိုအရေးပါအရာရောက်လာမည်။ စစ်ဘက်၊ ရဲတပ်ဖွဲ့၊ ဆေးပညာရပ်၊ စက်မှုအင်ဂျင်နီယာစသည်တို့နှင့် သက်ဆိုင်သော ပုဂ္ဂိုလ်များအဖို့ ကြိုးစားသလောက် အရာရောက်နိုင်သည့်ကာလ ဖြစ်သည်။ တစ်ပတ်လုံး ကံကောင်းနေပြီး ၁၀ ရက်၊ ၁၁ ရက်၊ ၁၅ ရက်တို့၌ အရေးကြီးကိစ္စများ ဆောင်ရွက်ပါ။
ယတြာ - မွေးနံထောင့်၌ ရွှေထီးနှင့် တံခွန်ကုက္ကားများ လှူဒါန်းပါ။
သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -
ကြံစည်သမျှ အောင်မြင်ပြီးမြောက် လိမ့်မည်။ ဆေးဝါးထုတ်လုပ်မှု၊ ခွဲစိတ်ကုသမှု၊ မေ့ဆေးပညာရပ်၊ ရဲတပ်ဖွဲ့စီမံခန့်ခွဲ အုပ်ချုပ်မှု တို့၌ အစစအရာရာ တိုးတက်အောင်မြင်လိမ့်မည်။ နစ်နာဆုံးရှုံးသည့် ငွေကြေးများ ပြန်ဝင်မည်။ လောကဓံတရားကြုံရသူများ အဖို့လည်း အောင်မြင်စွာ ရုန်းထွက်နိုင်တော့မည်ဖြစ်သည်။ ရပ်ဝေးခရီးကောင်းသွားရလိမ့်မည်။ မိဘဆရာသမားတို့၏ ကြည့်ရှုစောင့်ရှောက်မှု ခံရမည် ဖြစ်သည်။
ယတြာ - ဘုရားကျောင်းကန် ပြုပြင်တည်ဆောက်ရာ၌ လှူဒါန်းပါ။
ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -
တစ်ပတ်လုံး ကံကောင်းနေသည်။ အထူးသဖြင့် ငွေကံကောင်းလိမ့်မည်။ လိုအပ်သည့် ရုပ်ဝတ္ထုပစ္စည်းများ ၀င်၍ လိုအင်ဆန္ဒပြည့်ဝ လိမ့်မည်။ ရတနာနှင့် လျှပ်စစ်ပစ္စည်းတင်သွင်းရောင်းဝယ်ဖောက်ကား မှု အခက်အခဲကြားမှ အကျိုးပေးမည်။ ယာယီလုပ်ငန်းများ လည်း အကျိုးပေးထက်သန်၍ အတည်ဖြစ်လာမည်။ ၁၀ ရက်၊ ၁၁ ရက်၊ ၁၅ ရက်တို့၌ ငွေကြေးဆိုင်ရာ အပေးအယူကိစ္စများ၊ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်ဆောင်ရွက်အောင်မြင်နိုင်၏။ ကျန်းမာရေး သတိထားပါ။
ယတြာ - စွယ်တော်ပန်း (သို့)နှင်းဆီနီများ ကပ်လှူပူဇော်ပါ။
တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -
ကုသိုလ်ကံ အထူးပွင့်လန်း၍ ဂုဏ်သိက္ခာတိုးမည်။ ပြောဆိုလုပ်ဆောင်သမျှ အရာရောက်အောင်မြင်မည်။ မည်သည့်လုပ်ငန်း နယ်ပယ်၌မဆို အထင်ကရဖြစ်၍ အရေးပါ အရာရောက်လာမည်။ ဆောက်လုပ်ရေးလုပ်ငန်းများ၊ မြေယာလုပ်ငန်းများ၊ ပို့ဆောင်ရေးလုပ်ငန်းများ အထူး အောင်မြင်မည်။ အများ၏ လေးစားချစ်ခင်မှု ခံရမည်။
ယတြာ - အုန်းဆွမ်းနှင့် ဟင်း ကပ်လှူလောင်းလှူပါ။
ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -
မိမိမမျှော်မှန်းထားသည့် အခြေ အနေအဆင့်အတန်းအထိပင် တိုးတက်အောင်မြင်လိမ့်မည်။ စားကောင်းသောက်ဖွယ်ရာ များ၊ လက်ဆောင်ပစ္စည်းများ၊ ငွေကြေးလာဘ်လာဘများ၊ လုပ်ငန်းအကျိုးအမြတ်များ ရရှိ လိမ့်မည်။ မိဘနှစ်ပါးကြောင့် ဂုဏ်ယူ ၀မ်းမြောက်ပျော်ရွှင်ချမ်းမြေ့ရလိမ့်မည်။
ယတြာ - အောင်သပြေ၊ ရွက်လှ၊ ဂန္ဓမာပန်းများ လှူပါ။
ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -
ခက်ခဲနက်နဲသော ပညာရပ်များ လေ့လာလိုက်စားရာ၌ ခရီးရောက်လိမ့်မည်။ ငွေကြေးဥစ္စာ ရှာဖွေစုဆောင်း နိုင်မည်။ ပုလဲရတနာ၊ ငွေထည်ငွေကုန်သည်အလုပ်၊ ဆေးဝါးကုန်သွယ်မှုတို့၌ အကျိုး အမြတ် ဖြစ်ထွန်းမည်။ ရန်နှင့် အခက်အခဲများကို ကျော်လွှား ဖြေရှင်းနိုင်မည်။ နစ်နာ ဆုံးရှုံးထားသည့် ငွေကြေးနှင့် နာမည်ဂုဏ်သတင်းပြန်လည်ပွင့်လန်းလာမည်။ ယှဉ်ပြိုင် မှုများသော ဘဏ်လုပ်ငန်းများ တိုးတက်ဖြစ်ထွန်းလာမည်။
ယတြာ - မိခင်ဖြစ်သူအား ပိုးထည်နှစ်စဖြင့် ကန်တော့ပါ။
မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -
၁၀ ရက်၊ ၁၁ ရက်၊ ၁၅ ရက်တို့သည် မည်သည့်လုပ်ငန်း၌မဆို တိုးတက်အောင်မြင်အောင် ဆောင်ရွက်နိုင်လိမ့်မည်။ အလှူဒါန ပြုရတတ်သလို စုစုဆောင်းဆောင်း ပြုလုပ်ရာ၌လည်း အဖက်တင် လိမ့်မည်။ ဆန္ဒစော၍ လုပ်ကိုင်ဆောင်ရွက်တတ်မှုကိုသာ ဆင်ခြင်ပေးပါ။
ယတြာ - ဆေးဝါးဓာတ်စာလှူဒါန်းပါ။
ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -
ပေါ်ပင်ယာယီအလုပ် များ အကျိုးပေးမည်။ ယခုတစ်ပတ်အတွင်း စတင်သည့်အလုပ်များ အစမကောင်းတတ်သော် လည်း နောက်ပိုင်း၌ အောင်မြင်မှုရလဒ်ကောင်းများပေါ်ပေါက်မည်။ ယှဉ်ပြိုင်ကြိုးပမ်းမှုများ အရာရောက်မည်။ အဓိကလုပ်ငန်း၌ ပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ဖော်ကိုင်ဖက်ကောင်းများ ကြုံတွေ့ရမည်။ နေရေးထိုင်ရေး၊ သွားရေးလာရေးအတွက်မူ စုဆောင်းငွေများ ထုတ်ယူ သုံးစွဲရလိမ့်မည်။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။
မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -
၁၀ ရက်နှင့် ၁၅ ရက်တို့ ငွေကြေးဆိုင်ရာကိစ္စများ ဦးစားပေးဆောင်ရွက်သင့်၏။ ယာယီလုပ်ငန်းများအတွက် ငွေကြေး ခွဲဝေသုံးစွဲမှု အကျိုးရှိနိုင်သည်။ လက်တွေ့လုပ်ဆောင်နိုင်သည့် အရည်အချင်းပြည့်ဝနေရန်သာ လိုအပ်လိမ့်မည်။ သယံဇာတရှာဖွေတူးဖော် သည့်အလုပ်များ အကျိုးပေးမည်။ ကိုယ်ကျင့်တရား ပိုမိုကောင်းမွန်လာပြီး ပြောဆိုသမျှ အရာရောက်နေမည်။
ယတြာ - ကြာဆံကြော်၊ ခေါက်ဆွဲကြော်များ ကပ်လှူလောင်းလှူပါ။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...