.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Friday, November 18, 2011

ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ဗုဒ္ဓဘာသာ ရရှိခဲ့

Buddaဆွစ်ဇာလန်နိုင်ငံ၊ ဂျာနီဗာမြို့ ရှိ အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူပေါင်း ဆောင်ရွှက် ရေးအဖွဲ့က ဗုဒ္ဓဘာသာကို ကမ္ဘာ့ အမွန်မြတ်ဆုံး၊ အကောင်းဆုံး ဘာသာရေး အဖြစ် ရွှေးချယ်ခဲ့ကြောင်း သိရှိရသည်။ ရွှေးချယ်ပွဲကို ကမ္ဘာ့ဘာသာပေါင်းစုံမှ ကိုယ်စားလှယ် (၂၀၀)ကျော် ကရွှေးချယ်ခဲ့ခြင်း ဖြစ်ပြီး ပိုပြီး အံ့သြဖို့ ကောင်းသည်မှာ ပါဝင် ရွှေးချယ်ခဲ့သည့် ဘာသာရေး ခေါင်းဆောင် အများစုသည် ဗုဒ္ဓဘာသာကို မိမိတို့ ဘာသာထက် ကျော်လွန်ပြီး ဆန္ဒမဲပေး ခဲ့ကြခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ဘာသာရေးနှင့် အသိညာဏ် မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ကြီး၏ သုတေသနညွန် ကြားရေးမှူး Jonna Hult ကပြောကြားရာတွင် “ကမ္ဘာ့အမွန်မြတ်ဆုံး အကောင်းဆုံး ဘာသာတရား ဗုဒ္ဓဘာသာက ရရှိခဲ့တာ အံ့သြစရာမရှိပါဘူး၊ ကမ္ဘာပေါ်မှာ ဗုဒ္ဓဘာသာကြောင့် ဖြစ်ပွားပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲဆိုတာ မရှိခဲ့ပါဘူး။ တခြားဘာသာများနဲ့ မတူတာက အဲဒါပါပဲ။”

တခြားဘာသာတွေက လက်နက်တွေကို အဆင်သင့် ကိုင်ထားကြတယ်။ ဗုဒ္ဓဘာသာဝင်တစ်ယောက်ဟာ ဘာသာရေး အတွတ်နဲ့ စစ်တိုက်တာကို တွေ့ရဖို့ အတော်ခဲယဉ်းပါတယ်။ တခြားဘာသာဝင်တွေရဲ့ အစဉ်အလာ အလေ့အထနဲ့ မတူဘဲ ဗုဒ္ဓ ဘာသာဟာ ကိုယ်ကိုယ်တိုင် ကျင့်ကြံတဲ့ တရားကိုသာ သူများတွေကို ဟောကြားခဲ့တာပါပဲလို့ ဆိုခဲ့ပါတယ်။ အစ္စရေးနိင်ငံ ဂျေရုဆလင်မြို့က ဂျူးဘုန်းကြီး Shmuel Wasserstein ကတော့ ကျွန်တော်လည်း ကျွန်တော်ဘာသာဖြစ်တဲ့ ဂျူးဒါလစ်ဇင်ကို နှစ်သက်မြတ်နိးပါတယ်။

“ကိုယ့်ဘာသာကိုပဲ ကမ္ဘာပေါ်မှာ အကြီးမြတ်ဆုံး ဘာသာတရားလို့လည်း ထင်ပါတယ်၊ ဒါပေမယ့် ရိုးရိုးသားသား ၀န်ခံရရင် ကျွန်တော်ဟာ နေ့စဉ်ဂျူးဘာသာအရ ၀တ်မပြုခင် ၀ိပဿနာတရားကို ကျင့်ကြံအားထုက်နေတာ ၁၉၉၃ ခုနှစ်က တည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို မဲပေးလိုက်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံမှ မူအလင်ဘာသာရေးခေါင်းဆောင် Tal Bin Wasssd ကလည်း ၄င်းအဆိုကို သဘောတူထောက်ခံခဲ့ပါတယ်။”

ဂျနီဗာမြို့ အခြေစိုက် အပြည်ပြည်ဆိုင်ရာ ဘာသာရေးနဲ့ အသိညာဏ်မြင့်မားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့ ကြီး၏ ပါကစ္စတန် နိုင်ငံ မူစလင်အစည်းအရုံးဆိုင်ရာ မဲပေးရေးအဖွဲဝင်တစ်ယောက်ဖြစ်တဲ့ Tal Bin Wasssd က ကျွန်တော်ဟာ အစ္စလန်ဘာသာကို နှစ်နှစ်ကာကာ ယုံကြည်သူတစ်ယောက်ပါ။ ဒါပေမယ့် ပုဂ္ဂိုလ်ရေးဆိုင်ရာ ခံစားချက်ထက် ဘာသာရေးအကြောင်းပြပြီး အမျက်ဒေါသထွက်ကြ၊ သွေးမြေကြရတာတွေကို တွေ့မြင်ခံစားရပါတယ်။ ဗုဒ္ဓဘာသာဝင်တွေကတော့ အဲဒါကို သိမြင်နားလည်သဘောပေါက်ခဲ့ကြပါတယ်။

n575799798_1460894_7186008

တောင်အာဖရိက ဗုဒ္ဓဘာသာဝင်များ (ဓါတ်ပုံ - အင်တာနက်)

“ပြောရရင် ကျွန်တော်ရဲ့ အရင်းအနှီးဆုံး မိတ်ဆွေတစ်ယောက်ဟာ ဗုဒ္ဓဘာသာဝင်တွေပါလို့ ပြောခဲ့ပါတယ်။ Belfast မြို့မှ ကက်သလစ် ဘုန်းကြီး Ted O'Shaungh-nessy ကတော့ ကက်သလစ်သာသနာကို မြတ်နိးကိုးကွယ်ပေမယ့် လူသားတွေကို မေတ္တာဂရုဏာ ထားရန်ဟောကြားပြီး လူသားတွေကိုပဲသတ်ဖြတ်ကာ ဘုရားသခင်အလိုဆန္ဒ နားလည်ပါ တယ်လို့ ပြောကြတာက စိတ်နှောက်အယှက်ဖြစ်ရဆုံးပါပဲ။ ဒါ့ကြောင့် မွန်မြတ်တဲ့ ဗုဒ္ဓဘာသာကို မဲပေးခဲ့တာပါလို့ အမိန့်ရှိခဲ့ပါတယ်။”

ဗုဒ္ဓဘာသာကို ကမ္ဘာ့အကောင်းဆုံး ဘာသာတရားအဖြစ် ရွှေးချယ်ခဲ့ခြင်းအတွက် ဆုလက်ခံရန် ဗုဒ္ဓဘာသာဝင်အားလုံးက ငြင်းပယ်ခဲ့သည်ဟု သိရှိရပါသည်။ မြန်မာဗုဒ္ဓဘာသာဘုန်းကြီးတစ်ပါးက

“ပြောကြားရာတွင် မိမိတို့ဘာသာကို အသိအမှတ်ပြုခဲ့သည်အတွတ် ၀မ်းမြောက်ကျေးဇူးတင်ကြောင်း ဒါပေမယ့် ဒီဆုကိုအမြတ်ဆုံးလွတ်မြောက်မူနိက္ခမဓါတ်၊ နိဗ္ဗာနဓါတ် ကြိုးစားအားထုတ်ကာ ရရှိနိုင်သည့် လူသားအားလုံးကို မိမိတို့မျှဝေ ပေးအပ်ပါကြောင်း မိန့်ကြားခဲ့သည်။

www.dhammageha.com မှကူးယူဖေါ်ပြပါသည်။

http://lovelove1349.multiply.com/journal/item/250/250

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...