ရင်သားကင်ဆာ ဖြစ်ခဲ့ကာဆေးကုသမှုကြောင့် ရောဂါပျောက်ပြီးအသက်ရှင်သန်သူတွေအနေနဲ့ နောက်တစ်ကြိမ် ရင်သားကင်ဆာ ပြန်ဖြစ်မှာကိုစိုးရိမ်နေတတ်ပါတယ်။ အထူးသဖြင့် ရင်သားကင်ဆာပျောက်ပြီးအစောပိုင်း နှစ်အနည်းငယ်အတွင်းမှာဆိုရင် ပိုထိတ်လန့် နေနိုင်ပါတယ်။ ရင်သားကင်ဆာကပျောက်ပြီး အနှစ် ၁၀-၂၀ လောက် ကြာရင် အများအားဖြင့် ပြန်ဖြစ်ပေါ်တတ်ပါတယ်။ ဒါပေမဲ့ ရင်သားကင်ဆာအတွက် စိုးရိမ်မနေဘဲအောက်ပါအချက်တွေကိုလိုက်နာပေးသင့်ပါတယ်။
၁) နောက်ဆက်တွဲဂရုစိုက် စောင့်ရှောက်မှု အစီအစဉ်ကိုလိုက်နာပါ
အမျိုးသားဆေးပညာတက္ကသိုလ်နဲ့ ကင်ဆာသတိပေးမှုဆိုင်ရာမှတ်တမ်းနှစ်ခုအရကင်ဆာလူနာတွေအနေနဲ့ ရောဂါပျောက်ကင်းပြီးအချိန်မှာတောင် နောက်ဆက်တွဲအနေနဲ့ စောင့်ရှောက် ကုသမှုခံယူဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။ အဲဒီစောင့်ရှောက်ကုသမှုဆိုင်ရာအစီအစဉ်ထဲမှာဆေးစစ်ဆေးမှု၊ ဘဝနေထိုင် စားသောက်မှုပုံစံပြောင်းလဲမှု၊ ဆေးဝါးမှီဝဲမှု စတဲ့ အချက်တွေ ပါဝင်နေပါတယ်။ အထူးသဖြင့် ဝေဒနာတစ်စုံတစ်ရာခံစားရရင် ဆရာဝန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မတွန့်ဆုတ်သင့်ပါဘူး။
၂) ပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူပါ
ရင်သားကင်ဆာနဲ့ အသက်ရှင်ခဲ့သူတွေအတွက် ရင်သားကင်ဆာ ပြန်ဖြစ်မှာကိုစိတ်ဖိစီးမှု ဖြစ်နေမယ့် အစားပုံမှန် ကျန်းမာရေးစစ်ဆေးမှု ခံယူတာကသင့်တော်ပါတယ်။ ကျန်းမာရေးစစ်ဆေးမှုကြောင့် ကင်ဆာပြန်ဖြစ်ချင်တဲ့ အစောပိုင်းလက္ခဏာတွေ ရှိ၊ မရှိသိနိုင်မှာ ဖြစ်ပါတယ်။
၃) ကျန်းမာရေးဆိုင်ရာနည်းလမ်းများကိုလိုက်နာပါ
အသက်ရှူ လေ့ကျင့်ခန်းလုပ်တာ၊ စိတ်ဖိစီးမှု ထိန်းချုပ်တာ၊ တခြားရင်သားကင်ဆာကြောင့် အသက်ရှင်ခဲ့သူအမျိုးသမီးတွေနဲ့ တွေ့ဆုံစကားပြောတာ၊ အွန်လိုင်းမှတစ်ဆင့် ကျန်းမာရေးဆွေးနွေးတာတွေကိုလုပ်ဆောင်ပေးပါ။ ဒီနည်းလမ်းတွေကစိတ်ပူပင်သောကကိုလျော့ပါးသက်သာစေတဲ့ နည်းတွေ ဖြစ်ပါတယ်။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...