.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Thursday, October 27, 2011

တစ်ပတ်စာ သင်၏ကံဇာတာ

၂၀၁၁ အောက်တိုဘာလ၂၈ ရက်မှ နိုဝင်ဘာလ ၃ ရက်အထိ
ပရောဖက်မြတ်သစ် (နက္ခတ္တဝေဒပညာရှင်)
အခန်း(၁၀၂)၊ ပထမထပ်၊ တိုက်(၄)၊
သီရိဂုဏ်အိမ်ရာ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း။
ဖုန်း - ၅၆၄၁၀၆

မိဿရာသီဖွား (Aries) မတ် ၂၂ မှ ဧပြီ ၂၀ -


ကံကောင်းသော နေ့ရက်များ ဖြစ် သည်။ အိမ်ခြံမြေကားကိစ္စများ အဆင်ပြေလိမ့်မည်။ အရောင်းအ၀ယ် လုပ်ငန်းအသီးသီး တိုးတက် အောင်မြင်မှုရနေမည်ဖြစ်သည်။ အဓိကလုပ်ငန်း၌ ရာထူးအဆင့် တိုးမြှင့်ခံရခြင်း၊ လုပ်ငန်းချဲ့ထွင် နိုင်ခြင်းတို့ကို အချိန်စောင့်ရဦးမည်ဖြစ်သည်။
ယတြာ - သောကြာထောင့်၌ ရေမွှေးနှင်းဆီများ လှူ၍ ဂါထာမန္တာန်များ ရွတ်ဖတ်ပူဇော်ပါ။

ပြိဿရာသီဖွား (Taurus) ဧပြီ ၂၁ မှ မေ ၂၁ -


၂၈ ရက်၊ ၃၀ ရက်၊ ၃ ရက်နေ့များ၌ လုပ်ငန်းအဆက်အသွယ်ကောင်းများ ကြိုးစားရှာဖွေရရှိနိုင်၏။ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့် ပိုမိုရရှိနိုင်သည်။ လုပ်ငန်းသစ်များ ပေါ်ပေါက်လာမည်။ အပြိုင်အဆိုင်ရောင်းဝယ်ဖောက်ကား ခြင်း အကျိုးရှိလိမ့်မည်။ လတ်တလော အိမ်ခြံမြေကိစ္စများ ဆောင်ရွက်ရာ၌ ပုံမှန်မဟုတ် သော နည်းလမ်းဖြင့် လိုအင်ဆန္ဒပြည့်ဝမည်။ အစုစပ်လုပ်ငန်း မစတင်သင့်သေး။
ယတြာ - တနင်္လာထောင့်၌ မွှေးကြိုင်သော ပန်းများ လှူဒါန်း၍ ဂါထာများ ရွတ်ဖတ် ပူဇော်ပါ။

မေထုန်ရာသီဖွား (Gemini) မေ ၂၂ မှ ဇွန် ၂၂ -


လုပ်ငန်းအကျိုးအမြတ် ဆက်လက် တိုးပွားနိုင်သည်။ နှောင့်နှေးနေသော စက်ရုံလုပ်ငန်းကိစ္စ၊ ငွေကြေးကိစ္စများ ဤတစ်ပတ် အတွင်း အဆင်ပြေလာနိုင်သည်။ မည်သည့်အရောင်းအ၀ယ်ကိစ္စတို့၌မဆို အောင်မြင်မှု ရလိမ့် မည်။ ဆေးဝါးထုတ်လုပ်မှု၊ စားသောက်ကုန်မျိုးစုံနှင့် စက်ပစ္စည်းများ ရောင်းဝယ်ရာ၌ ယှဉ်ပြိုင်မှု များနေပြီး အကျိုးအမြတ် နှောင့်နှေးနေမည်။
ယတြာ - အင်္ဂါထောင့်၌ နှင်းဆီနီများ ကပ်လှူ၍ ဂါထာများ ရွတ်ဖတ်ပူဇော်ပါ။

ကရကဋ်ရာသီဖွား (Cancer) ဇွန် ၂၃ မှ ဇူလိုင် ၂၃ -


၁ ရက်နေ့နှင့် ၃ ရက်နေ့များ ကုသိုလ်ကံပွင့်လန်းနေပြီး အကြံအစည်သစ်များ အောင်မြင်နိုင်သည်။ အိမ်ခြံမြေ၊ ယာဉ် အမျိုးမျိုး၊ ဇိမ်ခံပစ္စည်းများ ရောင်းဝယ်ငှားလုပ်ဆောင်ရာ၌ အကျိုးဖြစ်ထွန်းနေ မည်။ နှောင့်နှေးနေခဲ့သော လုပ်ငန်းများ ပိုမိုသွက်လက် လာမည်။ ရာထူးတိုးတက်ရန် သေချာ သည့် အခွင့်အရေးများ ပေါ်ပေါက်မည်။ အလုပ်အကိုင်ကောင်းမည်။
ယတြာ - တနင်္လာထောင့်၌ ရောင်စုံနှင်းဆီများကပ်လှူ၍ ဂါထာများရွတ်ဖတ်ပူဇော်ပါ။

သိဟ်ရာသီဖွား (Leo) ဇူလိုင်၂၄ မှ ဩဂုတ် ၂၃ -


ကျန်းမာရေး အထူးဂရုပြု နေထိုင်စားသောက်သင့်၏။ လူကြီးမိဘ ဆရာသမားတို့ထံမှ ပံ့ပိုးကူညီမှုများ ထိရောက်စွာ ရရှိလာ နိုင်သည်။ အားကစား၊ ကာယအလှ၊ အလှပြင်လုပ်ငန်း၊ အ၀တ်အစားဒီဇိုင်းသစ် ချုပ်လုပ်မှု၊ ကျောက်မျက်ရတနာ စသည် တို့နှင့်ပတ်သက်သည့် သင်တန်းများ အကျိုးပေး လိမ့်မည်။ အရောင်းအ၀ယ်ကိစ္စများ၌ှေူးကွက်သစ်၊ ဖောက်သည်သစ် တိုးပွားမည်။
ယတြာ - ဆပ်ပြာ၊ ဆေးဝါးနှင့် ထီး၊ ဖိနပ်လှူဒါန်းပါ။

ကန်ရာသီဖွား (Virgo) ဩဂုတ် ၂၄ မှ စက်တင်ဘာ ၂၃ -


ငွေကြေးအကျိုးအမြတ် တိုးပွားမည်။ ပွဲစားအလုပ်၊ ကိုယ်စားလှယ်အလုပ်၊ ရှေ့နေအလုပ်များနှင့် မီဒီယာလုပ်ငန်းမျိုးစုံမှ အကျိုး အမြတ်ကောင်းစွာ ပေါ်ထွက်နိုင်၏။ အမှုကိစ္စများ ဖြေရှင်းဆောင်ရွက်ရာ၌ အထူး အောင်မြင်မှု ရလိမ့်မည်။ အိမ်ခြံမြေကိစ္စ၊ ခရီး သွားလုပ်ငန်းတို့၌ သဘောကွဲလွဲမှုများ ကြုံတွေ့နိုင်၏။
ယတြာ - နွမ်းပါးသော ကျောင်းသားတစ်ဦးအား တတ်စွမ်းသမျှ ထောက်ပံ့ပါ။

တူရာသီဖွား (Libra) စက်တင်ဘာ ၂၄ မှအောက်တိုဘာ ၂၃ -


အကြံအစည် နှင့် လိုအင်ဆန္ဒများ ပြည့်ဝလိမ့်မည်။ ခရီးသွားလုပ်ငန်း အလျင်အမြန် တိုးတက်လာမည်။ အဆက်အသွယ် ကောင်းများ ပိုမိုရရှိလာမည်။ စဉ်းစားကြံစည်ထားသည့် မည်သည့် အရောင်း အ၀ယ်ကိစ္စမဆို အဆင်ပြေချောမွေ့လိမ့်မည်။ အဓိကလုပ်ငန်း၌ လုပ်ပိုင်ခွင့်နှင့် ခံစားခွင့်တိုးတက် ရရှိနိုင်သည်။ လုပ်ငန်းသစ်တိုးချဲ့ရန် ကိစ္စများ ၂၈ ရက်နှင့် ၁ ရက်နေ့တို့တွင် ဦးစားပေးဆောင်ရွက် သင့်၏။
ယတြာ - မိဘများအား ထီး၊ ဖိနပ်၊ အ၀တ်အထည်တို့ဖြင့် ကန်တော့ပါ။

ဗြိစ္ဆာရာသီဖွား (Scorpio) အောက်တိုဘာ ၂၄ မှ နိုဝင်ဘာ ၂၂ -


ကြိုးစားအားထုတ် သလောက် အရာရောက်နေမည်။ ဘာသာရေး ဆောင်ရွက်မှုများကြောင့် ဘုန်းကံပိုမိုပွင့်လန်း လိမ့်မည်။ ခံစားနေရသော ရောဂါဝေဒနာများ သက်သာပျောက်ကင်းမည်။ ဆွေးနွေးညှိနှိုင်းမှုများ အောင်မြင်မည်။ ၀င်ငွေနှင့် စုဆောင်းငွေ တိုးပွားမည်။ ခေတ္တရာထူးတိုးရပ်ဆိုင်းမှု အပြစ်ဒဏ်များမှ လွတ်မြောက်လိမ့်မည်။ အစုစပ်လုပ်ငန်းများမူ အရှုံးအမြတ်ရောထွေး အကျိုးပေးနေမည်။
ယတြာ - မွေးနံထောင့်၌ ရောင်စုံဖယောင်းတိုင်များ ပူဇော်၍ ဂုဏ်တော်များ ရွတ်ဖတ် ပူဇော်ပါ။

ဓနုရာသီဖွား (Sagittarius) နိုဝင်ဘာ ၂၃ မှဒီဇင်ဘာ ၂၂ -


မိမိ၏ လုပ်ရည် ကိုင်ရည်နှင့် ကံတရားပေါင်းစည်းပြီး လုပ်ငန်းများ အကျိုးပေးတိုးတက်နိုင်ချိန်ဖြစ်သည်။ အရောင်းအ၀ယ် ကိစ္စများ၌ လိုအင်ဆန္ဒပြည့်ဝလိမ့်မည်။ အစုစပ်လုပ်ငန်းများ စတင် ဆောင်ရွက်သင့်၏။ အကျိုးပေးလည်း ထက်သန်လိမ့်မည်။ အိမ်ထောင်ရေးသာယာမည်။ ၀င်ငွေကောင်းမွန်ပြီး လက်လွန်ငွေများလည်း ပြန်လည်ရရှိနိုင်သည်။
ယတြာ - မိခင်ဖြစ်သူအား နို့ထွက်ပစ္စည်းများဖြင့် ကန်တော့ပါ။

မကာရရာသီဖွား (Capricorn) ဒီဇင်ဘာ ၂၃ မှ ဇန်န၀ါရီ ၁၉ -


အစုစပ်လုပ်ငန်း များနှင့်ပတ်သက်၍ အဆင်ပြေမည့် ရက်များဖြစ်သည်။ ၂၈ ရက်နေ့တွင် စပ်တူလုပ်ငန်းသစ်များ၊ ကိုယ်စားလှယ် သစ်များ၊ ပွဲစားအလုပ်များ၊ သံတမန်ရေးရာကိစ္စများ ဦးစားပေးဆောင်ရွက် အောင်မြင်နိုင်၏။ ၃၀ ရက်နေ့တွင် ရုပ်ဝတ္ထုပစ္စည်း များနှင့်ပတ်သက်၍လည်းကောင်း၊ ရွှေငွေ ရတနာများသော်လည်းကောင်း စုဆောင်းသိမ်းဆည်းခြင်း၊ ရရှိအောင် ကြိုးပမ်း အားထုတ်ခြင်း အကျိုးရှိနိုင်၏။
ယတြာ - စနေထောင့်၌ ကြေးပန်းအိုးဖြင့် ပန်းများ ကပ်လှူပါ။

ကုံရာသီဖွား (Aquarius) ဇန်န၀ါရီ ၂၀ မှ ဖေဖော်ဝါရီ ၁၉ -


ကြိုးပမ်းအားထုတ်မှုများ အရာရောက်အောင်မြင်နိုင်သည်။ အကြံအစည်သစ်များမူ စတင်အကောင်အထည်ဖော်ရန် အချိန် စောင့် ရဦးမည်။ နတ်ကောင်းနတ်မြတ်များ၊ လူကြီးသူမဆရာသမားတို့ အထူးစောင့်ရှောက်မှု ခံရမည်။ အရှုံးပေါ်မှုများ ရပ်ဆိုင်း၍ အမြတ် အစွန်း ထွက်ပေါ်တော့မည်။
ယတြာ - ဗုဒ္ဓဟူးထောင့်၌ ရေခဲစိမ်အချိုရည်ဘူးများ ကပ်လှူပါ။

မိန်ရာသီဖွား (Pices) ဖေဖော်ဝါရီ ၂၀ မှ မတ် ၂၁ -


လျှို့ဝှက်နက်နဲသော လောကီ ပညာရပ်များ၊ ကုန်သွယ်မှုပညာရပ်များ၊ လူမှုဆက်ဆံရေးဆိုင်ရာ နည်းပညာရပ်များ ထိုးထွင်း သိမြင်တတ်မြောက်နိုင်၏။ ကာလအတန်ကြာ အရောင်းထိုင်းခဲ့သော ပစ္စည်းများ မိမိကြောင့် ရောင်းထွက်မည်။ တင်ဒါ တင်သွင်း ရာ၌ အောင်မြင်မှုရမည်။ ကျောက်စိမ်း၊ ရွှေ၊ ပတ္တမြား၊ စိန်နှင့် ခဲမဖြူသတ္တုများ ရှာဖွေထုတ်လုပ်မှု အထူးအကျိုးပေးမည်။ ၀င်ငွေနှင့် စုဆောင်းငွေဆက်လက် တိုးပွားနေမည်ဖြစ်သလို ပြောဆိုသမျှ အောင်မြင်နေမည်။
ယတြာ - လမ်းခင်းကျောက်၊ နေပူခံကျောက်ပြားများ လှူပါ။

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...