ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ
ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။
အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...
စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...
အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။
ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။
ဆဋ္ဌမအကြိမ်မြောက်ဓမ္မသဘင်
အမှတ် ( ၈ ) ရပ်ကွက် မိသားစုများ၏
ဆဋ္ဌမအကြိမ်မြောက်ဓမ္မသဘင်
အရှင် ခေမိန္ဒ ( ခင်မကန် - စစ်ကိုင် ၊ ဆရာတော် )
၁၃၇၃ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ( ၁၁ ) ရက် ၊ ၁၉ - ၂ - ၂၀၁၂ ကြာသပတေးနေ့
ဒေါက်တာအရှင် ကိတ္တိဗလ ( သီတဂူဗုဒ္ဓတက္ကသိုလ် )
၁၃၇၃ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ( ၁၂ ) ရက် ၊ ၂၀ - ၂ - ၂၀၁၂ သောကြာနေ့
အရှင် ပညာလင်္ကာရ ( သာသနာဓမ္မစရိယ )
၁၃၇၃ ခုနှစ် ၊ ပြာသိုလပြည့်ကျော် ( ၁၃ ) ရက် ၊ ၂၁ - ၂ - ၂၀၁၂ စနေနေ့
တရားပွဲကျင်းပမည့်နေရာ ။ ။ ဇီဇ၀ါလမ်း နှင့် ဒေါနလမ်းထောင့် အမှတ် ( ၈ ) ရပ်ကွက် ၊ ပုဇွန်တောင်
တရားပွဲကျင်းပမည့်အချိန် ။ ။ ညစဉ် ( ရ ) နာရီ ။
No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...