.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Tuesday, December 6, 2011

ကလေးတို့အကြောင်း သိကောင်းစရာ

ကလေးတို့အကြောင်း သိကောင်းစရာ

ကလေးငယ်များ ၏ကြီး ထွားဖွံ့ဖြိုးမှု သည် ကိုယ်ခန္ဓာ ရှိဆဲလ် ပမာဏကြီးထွား လာရုံမက ဆဲလ်အရေ အတွက် ပါတိုးပွား လာသော ကြောင့်ဖြစ်သည်။ ကြီးထွားဖွံ့ဖြိုး မှုသည် မိခင်ဝမ်းတွင်းကာလမှစတင်သည်။ ကလေးတိုင်း၏ကြီးထွားဖွံ့ဖြိုးမှုအဆင့်ဆင့် သည် တူညီသော်လည်း ကြီးထွားမှုနှုန်း မှာမူ တစ်ဦးနှင့်တစ်ဦးကွဲပြားခြားနားကြ လေသည်။

ကြီးထွားဖွံ့ဖြိုးမှု ဘာတွေအပေါ် မူတည်နေသလဲ ?

(၁) မျိုးရိုးဗီဇ

- အရပ်ရှည်ခြင်း၊ ပိန်ခြင်း၊ ဝခြင်း အစရှိသည်တို့သည် မျိုးရိုးလိုက်တတ် သည်။

- ယောကျာ်းကလေးများသည် မိန်း ကလေးများထက် အလေးချိန်ပိုများ၍ အရပ် ပိုမြင့် သည်။

- လူမျိုးပေါ်မူတည်၍လည်း ကွဲပြား နိုင်သည်။ (ဥပမာ-အနောက်တိုင်းသားများ သည် အရှေ့တိုင်းသားများထက် ပိုထွား ကြသည်။)

(၂) မိခင်ဝမ်းတွင်းကာလ

- ကိုယ်ဝန်ဆောင်မိခင်အာဟာရချို့ တဲ့လျှင်၊ ဆေးလိပ်၊ အရက် သုံးစွဲလျှင်၊ ဖျားနာခြင်း၊ သွေးတိုးခြင်း၊ ကူးစက်ရော ဂါရှိနေလျှင် ကလေး၏ကြီးထွားဖွံ့ဖြိုးမှုကို နှောက်ယှက်ဟန့်တားတတ်သည်။

(၃) အာဟာရ

- ကလေးငယ်၏ကြီးထွားဖွံ့ဖြိုးမှုအ တွက် ကစီဓာတ်၊ အသားဓာတ်၊ အဆီ ဓာတ်တို့အပြင် ဗိုက်တာမင်နှင့်သတ္တုဓာတ် များစွာတို့ကို လိုအပ်သည်။

(၄) ဟော်မုန်း

- ကျားဟော်မုန်း (Androgen) သည်ယောကျာ်းကလေးရော၊ မိန်းကလေး ပါ အရပ်ရှည်ကြီးထွားရန် အဓိကကူညီ သည်။

(၅) ထိခိုက်ဒဏ်ရာများ

- ငယ်ရွယ်စဉ်အရိုးကျိုးလျှင် အရိုး ကြီးထွားမှုကိုနှောင့်နှေးစေသည်။

(၆) ရောဂါများ

- ချောင်းဆိုး၊ ကြက်ညှာ၊ ဝက်သက်၊ တီဘီ(TB)၊ ငှက်ဖျား၊ ဝမ်းလျှောဝမ်း ပျက်ခြင်းနှင့် သန်ကောင်၊ တုတ်ကောင် တို့သည် ကလေးကိုပိန်ချုံးအားနည်းစေ သည်။

- အဆုတ်ရောဂါ၊ အသက်ရှူလမ်း ကြောင်းဆိုင်ရာရောဂါများ၊ နှလုံးရောဂါ၊ အစာအိမ်နှင့်အူလမ်းကြောင်းရောဂါ၊ အာ ရုံကြောရောဂါ၊ြွကက်သားနှင့်အရိုးရောဂါ များသည်လည်း ကြီးထွားဖွံ့ဖြိုးမှုကိုနှောက် ယှက်ကြသည်။

- မွေးရာပါရောဂါရှိသော ကလေး များ (ဥပမာ-နှလုံးရောဂါ) သည် ဖွံ့ဖြိုးမှု နောက်ကျတတ်သည်။

(၇) ပတ်ဝန်းကျင်

- မိသားစုအဆင်မပြေခြင်း၊ မိဘကွဲ နေခြင်း၊ မိဘမစုံလင်ခြင်း အစရှိသော မိသားစုမှ ကလေးများတွင် စိတ်ပိုင်းဆိုင် ရာထိခိုက်မှုများရှိရုံမက ကြီးထွားဖွံ့ဖြိုးမှု လည်းထိခိုက်နေတတ်သည်။

- မွေးချင်းများသောကလေးများ၊ အ သက်နီးသောမောင်နှမများတွင် အာဟာ ရချို့တဲ့မှုကို တွေ့ရလေ့ရှိသည်။

ဘယ်အရွယ်မှာ ဘာတွေလုပ်တတ်ပြီလဲ ?

(၄)လ

- အသက်(၄)လအရွယ်တွင် က လေးများ ခေါင်းနိုင်(ခေါင်းခိုင်)ကြပြီဖြစ် သည်။ မျက်စိရှေ့တွင် လှုပ်လှုပ်çလှုပ်လှုပ် ဖြစ်နေသည့် အရာများကိုလိုက်လံကြည့် ရှုတတ်ကြပြီး လက်ထဲသို့ထည့်ပေးသော ကစားစရာ၊ အရုပ် စသည်တို့ကို ဆုပ်နေ နိုင်ပြီဖြစ်သည်။ အသံကြားလျှင်တုံ့ပြန် တတ်၍ ချော့မြူခြင်းကိုသိရှိကြသည်။ တစ်လခွဲသားမှစတင်၍ ပြုံးပြတတ်၍ မိခင်၏မျက်နှာကိုမှတ်မိကြပြီဖြစ်သည်။

(၆) လ

- ဤအရွယ်တွင်ကလေးများဘယ် ညာလူးလှိမ့်နေကြ၍ အမှီရှိလျှင်ကောင်း စွာထိုင်တတ်ကြလေပြီ။ သွားငုတ်တုတ်၊ လူငုတ်တုတ်ကာလဖြစ်သည်။ အရာများ ကိုလက်ဆန့်တောင်းတတ်၍ လက်နှစ် ဖက်နှင့်ကောင်းစွာကိုင်တွယ်တတ်ကြ သည်။ အသံကြားရာသို့လှည့်ကြည့်တတ် ကြသည်။ ဤအရွယ်တွင်ကလေးများ အ ကောင်းဆုံးအာရုံခံစားနိုင်သည့်အရာမှာ လျှာဖြစ်သောကြောင့် တွေ့သမျှပစ္စည်းများ ကို ပါးစပ်ထဲထည့်၍ အရသာခံတတ်ကြ ရာ ဖေဖေ၊ မေမေတို့သတိပြုပါ။

(၉) လ

လေးဖက်ထောက်ခြင်း၊ တွားသွား ခြင်းတို့စတင်ပြုလုပ်ကြလိမ့်မည်။ လက် ညှိုးထိုး၍ တောင်းတတ်လာမည်။ တာ့ တာပြခြင်း၊ တူတူရေဝါးဆော့ခြင်းတို့ ကစားတတ်နေပြီဖြစ်သည်။ ဤအရွယ် တွင်စတင်၍ ဖေဖေ၊ မေမေခေါ်တတ်၍ မိမိနာမည်ကိုသိကြသည်။

(၁) နှစ်

- ပစ္စည်းများ၊ ခန်းဆီးများကိုဆွဲ၍ ထတတ်မည်။ အမှီမပါ၊ အကူမပါဘဲ မတ် တပ်ရပ်တတ်မည်။ ပရိဘောဂများကိုကိုင် ၍ လမ်းလျှောက်တတ်မည်။ လက်မအား သန်လာပြီဖြစ်၍ လက်ညှိုး၊ လက်မကို သုံး၍ ကျောက်တုံး၊ ခဲလုံးလေးများကို ကောက်တတ်လိမ့်မည်။ စာလုံးနှင့်ဝေါဟာ ရတော်တော်များများကို နားလည်နေပြီ ဖြစ်သည်။ နာမည်ခေါ်လျှင်တုံ့ပြန်တတ်ကြ ပြီ။ မိမိဘာသာရေခွက်နှင့်ရေသောက်တတ် ၍ ကောင်းစွာလက်ခုပ်တီးတတ်မည်။ သူ စိမ်းများကို သတိထားတတ်ပြီဖြစ်သည်။

(၁) နှစ်နှင့် (၆) လ

- ပြေးလွှားခြင်းနှင့်အမြင့်တက်ခြင်း တို့ပြုလုပ်ကြလိမ့်မည်။ အတုံးလေးများ ကို (၃)တုံးအထိဆင့်၍ ထပ်တတ်မည်။ နား။ နှာခေါင်း၊ မျက်စိ၊ ပါးစပ်တို့ကို ညွှန်ပြတတ်ပြီဖြစ်သည်။ အိမ်သာတက် ချင်ကြောင်းဖော်ပြတတ်၍ ရိုးရှင်းသော အမိန့်များကို လိုက်နာçနာခံတတ်မည်။

(၂) နှစ်

- လှေခါးထစ်များကို တစ်ခါတက် ခြေနှစ်ဖက်ရပ်၍ တက်တတ်ပြီဖြစ်သည်။ အတုံးလေးများကို(၆)တုံးလောက်ထိဆင့် ၍ ညီညီညာညာထပ်တတ်၍ စာအုပ်များ ရှိ စာရွက်များကို တစ်ရွက်ချင်းစီလှန် တတ်နေပေမည်။ မိမိနာမည်ကိုမိမိဖော်ပြ တတ်၍ စာကြောင်းများကိုလည်း အပြည့် အစုံပြောနေလိမ့်မည်။ ကိုယ်အဝတ်အစား

ကိုလည်း ကိုယ်ဘာသာချွတ်တတ်လိမ့် မည်။ ငယ်သွားကလေးများစုံလင်ပြီဖြစ် သည်။

(၃) နှစ် - လှေကားထစ်များကို ဘယ်ညာ တစ်လှမ်းတစ်ထစ်နှုန်းဖြင့် တက်တတ် လိမ့်မည်။ သုံးဘီးစက်ဘီးကလေးများကို စီးတတ်ပြီဖြစ်သည်။ ဤအရွယ်တွင်]ဝ} လုံးဆွဲသင်၍ တတ်လိမ့်မည်။ အရောင် တူများကိုဆင်တူတွဲတတ်၍ တစ်နေကုန် ပေရေခြင်းမရှိဘဲ ခြောက်ခြောက်သွေ့သွေ့ နေတတ်လိမ့်မည်။ မိမိ၏နာမည်၊ အသက်၊ လိပ်စာ၊ မိဘနာမည်များကို ကောင်းစွာ ဖော်ပြတတ်၍ စကားလည်းကောင်းစွာ တတ်နေပြီဖြစ်သည်။

(၅) နှစ်

- ဘောလုံးပုတ်ခြင်း၊ ခုန်ပေါက် ကျော်လွှားခြင်းများကို ကောင်းစွာပြုလုပ် တတ်၍ ဒေါင့်ချိုးအရုပ်များ(ဥပမာ-တြိဂံ) ကိုဆွဲတတ်လိမ့်မည်။ နှစ်သက်ရာသူငယ် ချင်းကိုရွေးချယ်ပေါင်းသင်းတတ်၍ နှစ် သက်ရာအဝတ်ကိုလည်း ရွေးချယ်ဝတ် ဆင်တတ်ပြီဖြစ်သည်။ စကားကိုလည်း လုံးစေ့ပတ်စေ့ကျင်ကျင်လည်လည်ပြော တတ်၍ ဤအရွယ်သည်အမေးအမြန်း ထူကာ ပတ်ဝန်းကျင်ကိုစိတ်အဝင်စား ဆုံးအရွယ်ဖြစ်သည်။

ဘယ်လိုဆိုဥာဏ်ရည်ဖွံ့ဖြိုးမှု နောက်ကျနေသလဲ ?

အထက်တွင်ဖော်ပြခဲ့သည့် အသက် အပိုင်းအခြားအလိုက် ပြုမူတတ်သောအ မူအကျင့်များ နောက်ကျနေလျှင် ဥာဏ် ရည်ဖွံ့ဖြိုးမှုနောက်ကျနေသည်ဟု သတ် မှတ်သည်။ သို့ရာတွင် အားလုံးနောက်ကျ မှ သတ်မှတ်၍ တစ်ခုတည်းနောက်ကျ နေခြင်းမှာ ဥာဏ်ရည်ဖွံ့ဖြိုးမှုနောက်ကျ ခြင်းမဟုတ်ပါ။ဥပမာ

- (၉)နှစ်အရွယ်ကလေး တစ်ယောက်သည် ဤအရွယ်ထိတွားမ သွားသေး၊ လက်ညှိုးလည်းမညွှန်တတ်၊ ဖေဖေ၊ မေမေလည်းမခေါ်တတ်ဘဲ တာ့ တာသာမပြတတ်မှသာ ဥာဏ်ရည်ဖွံ့ဖြိုး မှုနောက်ကျသည်ဟု သတ်မှတ်သည်။

- (၉)လအရွယ်ကလေးတစ်ယောက် ဖေဖေ၊ မေမေမခေါ်တတ်ရုံမှအပ အခြား အရာများလုပ်တတ်နေလျှင် ဥာဏ်ရည် ဖွံ့ဖြိုးမှုနောက်ကျခြင်းမဟုတ်ပါ။ စကား ပြောနောက်ကျခြင်းသာဖြစ်သည်။

ဘာတွေကြောင့် ဥာဏ်ရည်မဖွံ့ဖြိုးကြသလဲ

- ဝမ်းတွင်းကာလတွင် မျိုးရိုးလိုက် ခြင်း၊ ဗီဇပြောင်းလဲဖောက်ပြန်ခြင်း၊ Rubella ၊ ဆစ်ဖလစ်ကဲ့သို့ရောဂါပိုးကူး စက်ခံရခြင်း၊ ဓာတ်ရောင်ခြည်ထိခြင်း။

- မွေးဖွားစဉ်ထိခိုက်ဒဏ်ရာရခြင်း၊ သွေးသွန်ခြင်း၊ အသက်ရှူလမ်းကြောင်း ပိတ်ခြင်း၊ ရောဂါပိုးကူးစက်ခံရခြင်း။

- မီးတွင်းကာလတွင်ဦးနှောက်ထဲ ငှက်ဖျားပိုးဝင်ခြင်း၊ ဦးခေါင်းပိုင်းထိခိုက် မိခြင်း၊ ကိုယ်တွင်းသကြားဓာတ်ကျဆင်း ခြင်း၊ မီးတွင်းကလေးအသားဝါခြင်း၊ ခဲ ဆိပ်သင့်ခြင်း။

ဘာလုပ်ကြမလဲ ?

ကိုယ်ဝန်ဆောင်စဉ် မီးယပ်သားဖွား ဆရာဝန်ထံ ဗိုက်အပ်၍ဆောင်ရန်၊ ရှောင် ရန်များကို လိုက်နာပါ။ မွေးဖွားလျှင်လည်း မီးယပ်သားဖွားဆရာဝန်နှင့် စိတ်ချရ သောမီးဖွားခန်းတွင်မွေးပါ။ မိမိကလေး၏ ဖွံ့ဖြိုးမှုကို အမြဲသတိပြုလေ့လာဆန်းစစ် ပါ။ သံသယရှိလျှင် နားလည်တတ်ကျွမ်း သောကလေးအထူးကုနှင့် စောစီးစွာတိုင် ပင်ကုသပါ။

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...