ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ
ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။
အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...
စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...
အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။
ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။
၂၄ လမ်း( အောက် ) မိသားစုများ၏ ပဉ္စမအကြိမ်မြောက်တရာပွဲ
၂၄ လမ်းအောက်လမ်း ကြိရတနာ ဓမ္မာရုံတွင် ကျင်းပမည့်
ပဉ္စမအကြိမ်မြောက်တရားပွဲ
ဆရာတော်ဒေါက်တာအရှင် ပညိဿရ (ပဲခူး ဆယ်မိုင်ကုန်း -ဓမ္မဒူတ ၊ ဆရာတော် )
၁၃၇၃ ခု ၊ နတ်တော်လဆန်း ( ရ ) ရက် ၊ ၃၁ - ၁၂ -၂၀၁၁ ( စနေနေ့ )
ဆရာတော်အရှင် ဘဒ္ဒ န္တစန္ဒသီရိ ( အောင်စကြာ ၊ ဆရာတော် )
၁၃၇၃ ခု ၊ နတ်တော်လဆန်း ( ၈ ) ရက် ၊ ၁ - ၁ -၂၀၁၂ ( တနင်္ဂနွေနေ့ )
ဆရာတော်အရှင် စန္ဒဿရ ( ကျောင်းကုန်း ၊ ဆရာတော် )
၁၃၇၃ ခု ၊ နတ်တော်လဆန်း ( ၉ ) ရက် ၊ ၂ - ၁ -၂၀၁၂ ( တနလာင်္နေ့ )
တရားပွဲကျင်းပမည့်နေရာ ။ ။ ၂၄ လမ်း ( အောက် ) တြိရတနာဓမ္မာရုံရှေ့
တရားပွဲကျင်းပမည့်အချိန် ။ ။ ညချမ်း ( ရ ) နာရီ
No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...