.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Sunday, November 27, 2011

Leg cramps ကြွက်တက်တာ ဘာလုပ်မလဲ

Leg cramps ကြွက်တက်တာ ဘာလုပ်မလဲ

Randomized Controlled Trial (RCT) ဆေးကုသနည်းတွေရဲ့ ထိရောက်မှုကို စနစ်တကျ လေ့လာမှုအရ ထွက်လာတဲ့ ရလဒ်တွေ -
၁။ Quinine
၂။ Quinine + Theophylline
၃။ Analgesics
၎။ Vitamin E
၅။ Magnesium salts
၆။ Calcium Salts
၇။ Multivitamins and minerals


၁။ Quinine ငှက်ဖျားဆေး
Quinine (ကွီနင်း) ပေးတာဟာ ညအချိန် ကြွက်တက်တာကို ၄ ပါတ်မှာ သက်သာစေတာ အတိအကျ သိရတယ်။
၂။ Quinine + Theophylline
Quinine တမျိုးထဲပေးတာတထက် Theophylline နဲ့ပါတွဲပေးတာဟာ ပိုသက်သာစေတယ်ဆိုတဲ့ အထောက်အထား နည်းနည်းလေးသာ တွေ့ရသေးတယ်။
၃။ Analgesics အနာ-အကိုက် သက်သာဆေးတွေ
ဒီလိုဆေးတွေပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ တိကျတဲ့ အထောက်အထား မရှိသေးပါ။
၎။ Vitamin E
ဗီတာမင် အီး ပေးလို့ ကြွက်တက်တာကို သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

ကိုယ်ဝန်ဆောင် ကြွက်တက်ခြင်းအတွက် -
၅။ Magnesium salts
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် Magnesium lactate, Magnesium citrate ပေးတာ ၃ ပါတ်နေရင် သက်သာစေတယ်လို့ အထောက်အထား တွေ့ရတယ်။
၆။ Calcium Salts
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် (ကယ်လ်စီယမ်) ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။
၇။ Multivitamins and minerals
ကိုယ်ဝန်ဆောင်နေတုံး ကြွက်တက်တာအတွက် ဗီတာမင်တွေနဲ့ ဓါတ်ဆားတွေ ပေးရင် သက်သာစေတယ်ဆိုတဲ့ အထောက်အထား မရှိပါ။

Leg cramps ခြေထောက် ကြွက်တက်ခြင်း
- Involuntary အလိုအလျှောက် Calf muscles ခြေထောက် ကြွက်သားတွေမှာ localised ကွက်ပြီး၊ ရုတ်တရက်နာတာကို ခေါ်တယ်။ ညပိုင်းမှာ ဖြစ်တာများတယ်။
- ဘာလို့ဖြစ်သလဲ ရှင်းရှင်းလင်းလင်း မသိသေးပါ။ ဖြစ်နိုင်ခြေများတာတွေ ရှိတယ်။ pregnancy ကိုယ်ဝန်ဆောင်၊ Exercise ကိုယ်လက်လှုတ်ရှာ-အားကစား၊ Salt and electrolyte imbalances ဓါတ်ဆား-မျှခြေပျက်ခြင်း၊ Peripheral nerves, Blood vessels, or Muscles disorders အဖျားပိုင်း အာရုံကြော-သွေးကြော-ကြွက်သား ရောဂါများ၊ Renal dialysis ကျောက်ကပ်စစ်ယူမှုချို့ယွင်းခြင်း နဲ့ Some drugs တချို့ဆေးဝါးတွေကြောင့် ဖြစ်မယ်လို့ ထင်ရတယ်။ Idiopathic ဘာလို့ ဖြစ်မှန်းမသိတာလဲ ရှိတယ်။ အသက်ကြီးလာလေ အဖြစ်များလေ။
- 12 systematic reviews (RCTs) စတစ်တကျလေ့လာမှု ၁၂ ခုလုပ်ခဲ့တယ်။
- Analgesics အနာသက်သာဆေးများ၊ Anti-epileptic drugs အတက်သက်သာဆေးများ၊ Calcium salts (ကယ်လ်စီယမ်) ဓါတ်ဆား၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ Magnesium salts (မက်ဂနီဆီယမ်) ဓါတ်ဆား၊ Multivitamin and Mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားများ၊ Quinine alone (ကွီနင်း) ဆေး၊ Quinine with Theophylline (ကွီနင်း + (သီယိုဖိုင်လင်း)၊ Sodium chloride (ဆိုဒီယမ်-ကလိုရိုက်)၊ Stretching exercises ကိုယ်လက်ဆန့်တန်း-လေ့ကျင့်ခန်း တွေကို စမ်းသပ်ခဲ့တယ်။

- Quinine ငှက်ဖျားဆေးကနေ သိသိသာသာသက်သာစေတယ်။ ဒါပေမဲ့ ဆေးကို ဘယ်လောက် အလေးချိန်နဲ့ ဘယ်လောက် ကြာကြာ ပေးရမယ်ဆိုတာ အတိအကျ မသိရသေးဘူး။
- Quinine ငှက်ဖျားဆေးနဲ့အတူ Theophylline (သီယိုဖိုင်လင်း) ဆေးပါတွဲပေးရင် (ကွီနင်း) တမျိုးထဲပေးတာထက် ပိုပြီးသက်သာမယ်လို့ ယူဆတယ်။
- Quinine ဆေးကြောင့် Cardiac arrhythmias နှလုံးခုန်မမှန်တာ၊ Thrombocytopenia သွေးမှုံနည်းတာ၊ Severe hypersensitivity reactions ဆေးနဲ့ မတည့်တာတွေ ဖြစ်စေနိုင်တယ်။ pregnancy ကိုယ်ဝန်ဆောင်တွေနဲ့ လုံးဝမသင့်တာတော့ သိကြပြီးသားပါ။
- Analgesics အနာသက်သာဆေးတွေ၊ Anti-epileptic drugs အတက်သက်သာဆေးတွေ၊ Calcium salts (ကယ်လ်စီယမ်) ဓါတ်ဆား၊ Compression hosiery ခြေထောက်ကို ကြပ်ကြပ်စည်းတဲ့ ခြေအိတ်၊ Magnesium salts (မက်ဂနီဆီယမ်) ဓါတ်ဆား၊ Multivitamin and Mineral supplements ဗီတာမင်နဲ့ ဓါတ်ဆားတွေရဲ့ ထိရောက်မှုကို အသေအခြာမပြောနိုင်ပါ။

Dr. တင့်ဆွေ
၁၆-၈-၂ဝ၁၁

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...