.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Wednesday, November 30, 2011

ဝလွန်း ပိန်လွန်းသူများ

ဘ၀တွင် အောင်မြင်မှုများရရှိရန် အောင်မြင်လိုသူတိုင်းကမိမိတို့၏ အချိန်များကို အကျိုးရှိရှိအသုံးချကြသည်။ ဘ၀တွင် အောင်မြင်မှုများ၊ ကြွယ်ဝမှုများသည် အရေးကြီးသည် မှန်သော်လည်းထိုအရာများကို စံစားနိုင်ရန်ကျန်းမာပျော်ရွှင်နေရန်လည်း အထူးလိုအပ်သည်။

ကျန်းမာရေးကောင်းမွန်ခြင်းဆိုသည်မှာ အနာရောဂါကင်းရှင်းရုံ၊ ကိုယ်လက်အင်္ဂါပြည့်စုံရုံ မဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ ချမ်းသာမှသာ ပြည့်စုံနိုင်ပြီး ထိုကဲ့သို့ ကျန်းမာခြင်း၊ ကျန်းမာနေသည့်အချိန်တွင် ကျန်းမာခြင်းအကျိုးကို အလေးထားမှုနည်းပါးကြောင်း သားဖွားမီးယပ်အထူးကုဆရာဝန်ကြီး တွဲဖက်ပါမောက္ခဒေါက်တာ စိုးလွင်ကသုံးသပ်သည်။
လူအများစုသည် အလှအပ အတွက် အာရုံစိုက်မှုများကြသော်လည်း ကျန်းမာသော အခြေအနေတစ်ခုဖြစ်ပေါ်ရန်ကိုမူ အာရုံစူးစိုက်မှုနည်းပါးနေသေးသည်။
လူတစ်ဦးသည် ရှိသင့်သည့်ကိုယ်အလေးချိန်တစ်ခုအား မဖြစ်မနေ ထိန်းသိမ်းထားသင့်ပြီး ၀လွန်းသော ခန္ဓာကိုယ်အလေးချိန်၊ ပိန်လွန်းသော အစွန်းရောက် အခြေ
အနေများကနောက်ဆက်တွဲ ကျန်းမာရေးအားထိခိုက်လာနိုင်စေကြောင်း သိရသည်။ ထိုဝခြင်း၊ ပိန်ခြင်းမှာလည်း နေ့စဉ်စားသုံးသည့် အစားအသောက်များ၏ စားသုံးမှုပုံစံ၊ ပါဝင်သော ကယ်လိုရီများ၊ အခြားအခြေအ နေများက ဖြစ်ပေါ်စေကြောင်း သိရသည်။
ဝလွန်းခြင်း၊ ပိန်လွန်းခြင်း၏ နောက်တွင် ရောဂါများလည်း ကပ်ပြီးပါလာလေ့ရှိကြသည်။ အလွန်ဝသည့် ခန္ဓာကိုယ်သည် ကင်ဆာရောဂါများအား ဖိတ်ခေါ်နေပြီး ရင်သားကင်ဆာ၊ သားအိမ် ကိုယ်ထည်ကင်ဆာ၊ အူမကြီးကင်ဆာ၊ သည်းခြေအိတ်ကင်ဆာများ ဖြစ်ပွားစေနိုင်သည့် အလားအလာလည်း များပြားကြောင်း သိရသည်။
“သိပ်ဝလာရင် လှုပ်ရှားမှုတွေ နှေးကွေးလာတယ်။ ခြေ ထောက်က ခန္ဓာကိုယ်အလေးချိန်ကို သယ်ထားရတာ ဖြစ်တဲ့အတွက် ကြာရင်ဒဏ်ရာရလာတယ်။ ဒူးတွေ နာလာကြတယ်။ လှုပ်ရှားမှုနည်းပါးလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေလည်း နည်းပါးလာတယ်”ဟု ဒေါက်တာ စိုးလွင်က ပြောသည်။
ကိုယ်ဝန်ဆောင်ချိန်တွင် လည်း ပြဿနာများ ရင်ဆိုင်ရ နိုင်ပြီး ပေါင်မပြည့်သည့် ကလေးမွေးဖွားနိုင်ခြင်း စသည်များအပြင် ခွဲစိတ်ပြီးသည့်အခါတွင်လည်း အနာကျက်ခြင်းနှေးခြင်း၊ သွေးကြောများ ပိတ်ခြင်းစသည်များ ခံစားရနိုင်သည်။
ပိန်သည့် သူများတွင်လည်း အဆီနည်းပါးသဖြင့် အဆီမှတစ်ဆင့် ဖြစ်ပေါ်လာသည့် မဟော်မုန်းများ နည်းပါး၍ ခန္ဓာကိုယ် အလှအပများ မဖြစ်လာခြင်း၊ထို့အပြင် ပုံမှန်ရာသီမလာခြင်း၊ ပုံမှန်ရာသီမလာသည့်အတွက် သားဥမကြွေခြင်းဖြစ်၍ ကလေးရနိုင်ရန် မလွယ်ကူခြင်း၊ ကလေးအလွယ်တကူ ပြတ်ကျနိုင်ခြင်း၊ ပေါင်မပြည့်သည့် ကလေးများ မွေးဖွားနိုင်ခြင်းစသည့်အခြေအနေများလည်း ဖြစ်ပေါ်စေနိုင်သည်။
“အလေးချိန်ကို အမှန်ကန် ဆုံးဖြစ်အောင် တွက်ချက်ထားတာတွေလည်းရှိတယ်။ အမျိုးသမီးတစ်ယောက်ဆို အရပ် ၅ ပေဆိုရင် ပေါင် ၁၀၀ က ပုံမှန်ပဲ။ ၅ ပေထက် တစ်လက်မကျော်တိုင်း ၅ ပေါင်တက်သွားရမယ်။ ယောက်ျားလေးဆိုလည်း ၅ ပေမှာ ၁၀၆ ပေါင်ရှိရမယ်။ တစ်လက်မ တက်လာတိုင်း ၆ ပေါင်တက်သွားတဲ့နှုန်းနဲ့ တွက်ချက်နိုင်တယ်။ အဲဒါရလာတဲ့အလေးချိန်က ရှိသင့်ရှိထိုက်တဲ့ အလေးချိန်ပဲ” ဟု ဒေါက်တာစိုးလွင်က ပြောကြားသည်။
အစာစားသုံးသည့် ပုံစံသည်လည်း ကျန်းမာရေးအားကောင်းမွန်စေသင့်သော်လည်း စားလိုက်သည့်အစာသည် အာဟာရမဖြစ်ဘဲ အဆိပ်ဖြစ်သွားစေသည့် အစား
အသောက်များလည်းရှိသဖြင့် ဆင်ခြင်သင့်ကြောင်းသိရသည်။
အစာစားသုံးသည့်အခါတွင် စားလိုက်ပြီးဆိုးကျိုးများဖြစ် စေသည်များလည်းရှိရာ အစာစားသည့်အခါ မဆာလျှင် မစားခြင်း၊ အလွန်အကျွံပြည့်တင်းစေရန် စားခြင်းမှ ရှောင်ကြဉ်ခြင်း၊ မိမိနှင့်မတည့်သည့် အစားအစာများအားဆင်ခြင်ခြင်း၊ အားနာ၍စားခြင်းမှ ရှောင်ကြဉ်ခြင်း၊ နှမြော၍ စားခြင်းအားဆင်ခြင်ခြင်း၊ အလကားရ သည့်အတွက် အများအပြားစားသုံးခြင်းများသည် မိမိအား ဝေဒနာများသာ ဖြစ်စေနိုင်သည်အား သတိပြုသင့်ကြောင်း သိရသည်။
“အစာစားပြီးတဲ့အခါ စားပြီးရင် ကျေနပ်မှုရှိရမယ်။ အစာအစားက လိုအပ်တဲ့ဗီတာမင်ဓာတ်တွေနဲ့လည်းညီညွတ်မျှတရမယ်။ နည်းနည်းနဲ့ ခဏခဏစားရမယ်။ ပြီးတော့ ဖြည်းဖြည်းနဲ့ကြေညက်အောင် စားသင့်တယ်”ဟု အဆိုပါ ဆရာဝန်ကပြောသည်။
အစားအစာများအား ဖြည်းဖြည်းစားသင့်သည့်အကြောင်းမှာ ဦးနှောက်အတွင်းရှိ အစားအစာ လိုအပ်မှုကို ထိန်းချုပ်သည့် အစိတ်အပိုင်းများသည်အစားအသောက် စား သည့်အခါ ဗိုက်ပြည့်၊ မပြည့် ဆုံးဖြတ်နိုင်ရန် အချိန် မိနစ် ၂၀ လိုအပ်သည့်အတွက်ထမင်းစားသည့်အခါ မိနစ် ၂၀ ခန့်ကြာအောင်စားသင့်ကြောင်း သိရသည်။
“အစားအသောက် စားတယ်ဆိုတာ တစ်ရက်တည်းအတွက် စားတာမဟုတ်ပါဘူး။ တစ်သက် လုံးစားရမှာဖြစ်တဲ့အတွက် သတိထားပြီး အဆိပ်မဖြစ်သွားစေ အောင် သတိထားသင့်တယ်”ဟု ဒေါက်တာစိုးလွင်က ပြောကြားသည်။ မိမိတွင် ခံစားနေရသည့် ရောဂါဝေဒနာများမရှိသော်လည်းစိတ်ဓာတ်ကျနေတဲ့သူတစ်ယောက်အား ကျန်းမာသည်ဟု သတ်မှတ်၍ မရနိုင်ဘဲလူတစ်ယောက်အ နေ ပေါင်းသင်းဆက်ဆံရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာတွေ ပြည့်စုံနေရန်လည်း လိုအပ်ကြောင်း ဒေါက်တာစိုးလွင်က ဆီဒိုးနားဟို တယ်တွင် ပြုလုပ်ခဲ့သည့် ကျန်းမာရေးဟောပြောပွဲ၌ ပြောကြားခဲ့သည်။
အမျိုးသမီးများအနေဖြင့် လည်း မိမိ၏ အလှအပတရား တစ်ခုအတွက်သာ မဟုတ်ဘဲကျန်းမာသည့် ခန္ဓာကိုယ်တစ်ခုဖြစ်စေရန်အတွက် အစားအသောက်များ ဆင်ခြင်စားသုံးခြင်းအပြင် အသက်အန္တရာယ်ကိုပါ ထိခိုက်နိုင်သည့် ကူးစက်ရောဂါများဖြစ်သော သားအိမ်ခေါင်းကင်ဆာ၊ ရင်သားကင်ဆာကဲ့သို့ ရောဂါများအား ကြိုတင် ကာကွယ်သည့် နည်းလမ်း များနှင့် မိမိကိုယ်အား ကာကွယ်သင့်ကြောင်း သိရသည်။
နောက်ရာစုနှစ် ၂ ခု လောက်တွင်လည်း ကူးစက်ရောဂါများမရှိသည့် အစားအသောက် ကြောင့် ဖြစ်ပွားသည့် သွေးတိုး ရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရော ဂါများကြောင့်လည်း အသက်သေဆုံးမှုများပြားလာနိုင်ကြောင်း ကျွမ်းကျင်ဆရာဝန်များက အကြံပြုပြောကြားထားသဖြင့် ဂရုစိုက်၍ စားသောက်သင့်ကြောင်း သိရှိ
ရသည်။

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...