
ဗိုလ်တထောင်စေတီတော် ဇမ္ဗူဥသျှောင်တိလောကမာန်အောင်မဟာမုနိရုပ်ရှင်တော်မြတ်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း လူငယ်များမှ ၁၃၇၃ ခုနှစ် ၊ တန်ဆောင်မုန်းလပြည်နေ့
၁၀ - ၁၁ - ၂၀၁၁ ကြာသပတေးနေ့တွင် ဇမ္ဗူဥသျှောင်တိလောကမာန်အာင်မဟာမုနိရုပ်ရှင်တော်မြတ်အား
မသိုးသင်္ကန်းဆက်ကပ်ပူဇော်ခြင်း ၊ ဆွမ်းတော်ကြီးတင်ကပ်ခြင်း ၊ သစ်သီး ၊ ပန်း ၊ ဆီမီး ၊ အမွေနံ့သာတို့ဖြင့်ဆက်ကပ်ပူဇော်ခြင်း ၊ အရှေ့ ၊ တောင် ၊ အနောက် ၊ မြောက် အရပ်မှ ဘုရားဖူးလာ ဓမ္မမိတ်ဆွေများအား အယုတ်အလပ်အမြတ်မရွး ၊ စတုဒီသာ ဖြင့် ဧည့်ခံကျွေးမွေးမည်ဖြစ်ပါကြောင်းကြိုတင်အသိပေးအပ်လိုက်ပါသည်။
တန်ဆောင်မုန်းလအကြိုရက်ဖြစ်သော ၉ ရက်နေ့တွင်လည်းစည်းကားသိုက်မြိုက်စွာဖြင့် မသိုးသင်္ကန်းယက်လုပ်ပြိုင်ပွဲ ၀င်မည်ဖြစ်ပါကြောင်းကိုညီထွေးအောင်ထံမှသိရှိရပါသည်။

No comments:
Post a Comment
ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...